ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၆/၁ စာ. ၃၁
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့် ကောင်းကင်တမန်တွေဆီက အကူအညီ
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ‘ယေဟောဝါရဲ့ တရားစကားက ပျံ့နှံ့သည်ထက် ပျံ့နှံ့လာတယ်’
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
  • ကောင်းကင်တမန်များ—လူသားတို့ကို အကျိုးပြုပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • သင့်တွင် ကိုယ်စောင့် ကောင်းကင်တမန် ရှိသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၆/၁ စာ. ၃၁

စာရှုသူများထံမှမေးခွန်းလွှာ

တပည့်များသည် အကျဉ်းကျနေသူ ပေတရု တံခါးဝတွင် ရောက်နေကြောင်း ကြားသိသောအခါ “ပေတရု၏ကောင်းကင်တမန်ဖြစ်လိမ့်မည်” ဟုအဘယ်ကြောင့်ဆိုသနည်း။—တမန်တော် ၁၂:၁၅။

တံခါးဝတွင် ပေတရုကိုယ်စား စေလွှတ်ခံရသော ကောင်းကင်တမန်တစ်ပါး ရပ်နေသည်ဟု တပည့်များက လွဲမှားစွာ ယူမှတ်ခဲ့ကြပေမည်။ ဤအပိုဒ်၏ရှေ့နောက်စကားကို သုံးသပ်ကြည့်ပါ။

ယာကုပ်ကို ကွပ်မျက်ခဲ့သော ဟေရုဒ်မင်းသည် ပေတရုကို ဖမ်းဆီးခဲ့သည်။ ထို့ကြောင့် ပေတရုသည်လည်း ကွပ်မျက်ခံရလိမ့်မည်ဟု တပည့်များ ယူမှတ်စရာအကြောင်းရှိ၏။ သံကြိုးများနှင့် ချည်နှောင်ထားသော အကျဉ်းသမားပေတရုကို စစ်သူရဲလေးဦးတို့သည် အလှည့်ကျစောင့်ခဲ့ကြ၏။ တစ်ည၌ ကောင်းကင်တမန်တစ်ပါးသည် ပေတရုကို အံ့ဖွယ်နည်းဖြင့် လွှတ်ပေးပြီး ထောင်အပြင်သို့ ခေါ်ထုတ်သွား၏။ နောက်ဆုံးတွင် ဖြစ်ပျက်ခဲ့ရာကို ပေတရုသဘောပေါက်သည့်အခါ ‘ယခုပင် ဘုရားသခင်သည် မိမိကောင်းကင်တမန်ကို စေလွှတ်၍ ဟေရုဒ်မင်းလက်မှ ငါ့ကို ကယ်နုတ်တော်မူသည်ကို ငါအမှန်သိ၏’ ဟုဆိုခဲ့သည်။—တမန်တော် ၁၂:၁-၁၁။

ပေတရုသည် တပည့်များ စုဝေးရောက်ရှိနေကြသော ယောဟန် မာကု၏မိခင် မာရိအိမ်သို့ ချက်ချင်းသွားခဲ့သည်။ တံခါးခေါက်လေသော် အစေခံရောဒေသည် ဖွင့်ခြင်းငှာ လာခဲ့၏။ သူသည် ပေတရု၏အသံကို မှတ်မိသောအခါ တံခါးမဖွင့်ဘဲ အထဲသို့ပြေးဝင်၍ အခြားသူများကို ကြားပြောလေ၏! တံခါးဝတွင် ပေတရုရောက်နေသည်ကို အစပိုင်း၌ တပည့်များ မယုံနိုင်ခဲ့ကြချေ။ ၎င်းအစား၊ သူတို့က “ပေတရု၏ကောင်းကင်တမန်ဖြစ်လိမ့်မည်” ဟုလွဲမှားစွာ ယူမှတ်ခဲ့ကြ၏။—တမန်တော် ၁၂:၁၂-၁၅။

ပေတရု ကွပ်မျက်ခံရပြီးဖြစ်၍ တံခါးဝတွင် သူ၏ရုပ်မဲ့ခန္ဓာရောက်ရှိနေသည်ဟု တပည့်များ ယူမှတ်ခဲ့ကြသလော။ ထိုသို့ ယူမှတ်ကြလိမ့်မည်မဟုတ်ချေ၊ အကြောင်းမှာ သေလွန်သူများသည် “အဘယ်အရာကိုမျှမသိ” ကြောင်း သမ္မာကျမ်းစာ၏အမှန်တရားကို ယေရှု၏နောက်လိုက်များ သိထားကြ၍ဖြစ်သည်။ (ဒေ. ၉:၅၊ ၁၀) သို့ဖြစ်လျှင် “ပေတရု၏ကောင်းကင်တမန်ဖြစ်လိမ့်မည်” ဟုတပည့်များပြောသည့်အခါ သူတို့ အဘယ်အရာကို ဆိုလိုနိုင်သနည်း။

သမိုင်းတစ်လျှောက်တွင် ဘုရားသခင့်လူမျိုးတော်ကို ကောင်းကင်တမန်များ ကူညီပေးခဲ့ကြောင်း ယေရှု၏တပည့်များ သိရှိကြသည်။ ဥပမာ၊ ယာကုပ်က “ငါ့ကို ခပ်သိမ်းသောဘေးဒဏ်အထဲက ကယ်နုတ်တော်မူသော ကောင်းကင်တမန်” အကြောင်း ပြောခဲ့ဖူးသည်။ (ကမ္ဘာဦး ၄၈:၁၆) ယေရှုသည် မိမိနောက်လိုက်များအလယ်ရှိ ကလေးငယ်တစ်ဦးနှင့်ပတ်သက်၍ “သင်တို့သည် ဤသူငယ်တစ်စုံတစ်ယောက်ကို မထီမဲ့မြင်မပြုမည်အကြောင်း သတိရှိကြလော့။ ငါဆိုသည်ကား၊ သူတို့၏ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့အဘ၏မျက်နှာတော်ကို အစဉ်မပြတ်ဖူးမြင်ကြ၏” ဟုဆိုခဲ့ဖူးသည်။—မဿဲ ၁၈:၁၀။

စိတ်ဝင်စားစရာမှာ ယန်း၏စာသားအတိုင်းဘာသာပြန်ကျမ်းက အဲန်းဂျလော့စ် (“ကောင်းကင်တမန်”) စကားလုံးကို “စေတမန်” ဟုပြန်ဆိုထားသည်။ ဘုရားသခင်၏ကျေးကျွန်တစ်ဦးစီတွင် ကိုယ်ပိုင်ကောင်းကင်တမန် တစ်နည်းအားဖြင့် “ကိုယ်စောင့်ကောင်းကင်တမန်” ရှိကြသည်ဟု ဂျူးအချို့က ယုံကြည်ကြပုံရ၏။ ဤအယူအဆကို သမ္မာကျမ်းစာက ထိုသို့တိုက်ရိုက်မသွန်သင်ပါ။ သို့တိုင် တပည့်များက “ပေတရု၏ကောင်းကင်တမန်ဖြစ်လိမ့်မည်” ဟုဆိုသည့်အခါ ပေတရုကိုယ်စား စေလွှတ်ခံရသော ကောင်းကင်တမန်တစ်ပါး တံခါးဝတွင် ရပ်နေသည်ဟု သူတို့ယူမှတ်ကြခြင်းဖြစ်နိုင်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ