ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၄/၁၅ စာ. ၈-၉
  • မက်ဆီဒိုးနီးယားပြည် လိုအပ်သည့် အကူအညီကိုပေးခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မက်ဆီဒိုးနီးယားပြည် လိုအပ်သည့် အကူအညီကိုပေးခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၄/၁၅ စာ. ၈-၉

မက်ဆီဒိုးနီးယားပြည် လိုအပ်သည့် အကူအညီကိုပေးခြင်း

“မာကေဒေါနိပြည်သို့ကူးပါ။ ငါတို့ကိုမစပါ။” (တမန်တော် ၁၆:၉) စိတ်အာရုံတစ်ခုတွင် တမန်တော်ပေါလုမြင်ခဲ့သော လူတစ်ဦး၏အထက်ပါစကားက ယခုအခါ ဂရိနိုင်ငံရှိ မြို့များဖြစ်သော၊ ရပ်ကွက်အသစ်တစ်ခုတွင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ကြေညာဖို့လိုနေကြောင်း ဖော်ပြသည်။ ယနေ့ကော ထိုသို့လိုအပ်နေဆဲလော။

ယခုခေတ် မက်ဆီဒိုးနီးယားပြည်တွင် နိုင်ငံသား ၁,၈၄၀ ဦးလျှင် ယေဟောဝါသက်သေ ၁ ဦးသာရှိသည်။ ယေဟောဝါဘုရားသခင်အကြောင်း တစ်ခါမျှမကြားဖူးသူ များစွာရှိ၏။ မှန်ပါသည်၊ ငြိမ်သက်ခြင်းသတင်းတရားကို ထိုပြည်သူပြည်သားတို့ ကြားနာရဖို့ အလွန်လိုအပ်နေပါသည်။—မဿဲ ၂၄:၁၄။

လိုအပ်နေသည့် ထိုအကူအညီကိုပေးရန် ဘုရားသခင် လမ်းဖွင့်ပေးခဲ့ပါသည်။ ၂၀၀၃၊ နိုဝင်ဘာလ နေ့တစ်နေ့တွင် မက်ဆီဒိုးနီးယားပြည်၊ စကော့ပ်ရေမြို့ရှိ ယေဟောဝါသက်သေများ၏ရုံးကို မက်ဆီဒိုးနီးယား နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ဗဟိုဌာနက ရုတ်တရက် ဖုန်းဆက်သည်။ နိုဝင်ဘာ ၂၀ ရက်တွင်စတင်မည့် သုံးရက်ကြာ ပြပွဲတစ်ခုတွင် ယေဟောဝါသက်သေများ၏ ယုံကြည်ချက်များကိုရှင်းပြဖို့ ပြခန်းတစ်ခုဖွင့်ရန် ဖိတ်ခေါ်ခြင်းဖြစ်သည်။ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို တစ်ခါမျှမကြားဖူးသော ထောင်နှင့်ချီသည့်လူတို့ကို သက်သေခံရန် အခွင့်ထူးကြီးတစ်ခုပင်ဖြစ်၏!

စေတနာ့ဝန်ထမ်းများသည် မက်ဆီဒိုးနီးယားဘာသာစကားဖြင့် ထုတ်ဝေထားသော ယေဟောဝါသက်သေများ၏ စာပေစာတမ်းအမျိုးမျိုးကို ခင်းကျင်းပြသဖို့ အလုအယက်ကြိုးပမ်းခဲ့ကြသည်။ လည်ပတ်ကြည့်ရှုသူများ ဆန္ဒရှိပါက ယူသွားနိုင်ကြရန် နမူနာလက်ဆောင်ပေးမည့် စာအုပ်စာတမ်းများကို ခင်းကျင်းပြသထားကြသည်။ ၎င်းပြပွဲကြောင့် လူများစွာသည် လန်းဆန်းမှုပေးသော ဝိညာဉ်ရေးရေကို အခမဲ့ရယူခွင့်ရရှိခဲ့ကြသည်။—ဗျာ. ၂၂:၁၇။

လှည့်လည်ကြည့်ရှုသူများသည် လူငယ်များအမေး—တာသွားသည့်အဖြေ နှင့် မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်aစသည့် သူတို့ဘဝနှင့်သက်ဆိုင်သော စာအုပ်စာတမ်းများကို အထူးရှာယူခဲ့ကြသည်။ ယေဟောဝါသက်သေများအား သူတို့ထံ လာရောက်စေလိုသူ ကိုးဆယ်ရှစ်ယောက်က သူတို့၏လိပ်စာကို ပေးထားခဲ့ကြသည်။ ယေဟောဝါသက်သေများ၏အလုပ်မွန်နှင့် စာအုပ်စာတမ်းအရည်အသွေးကို ချီးမွမ်းပြောဆိုသူ အတော်များများရှိသည်။

အမျိုးသားတစ်ဦးသည် သူ၏သားငယ်လက်ကိုဆွဲပြီး ပြခန်းသို့ရောက်လာသည်။ ဖခင်ဖြစ်သူက ကလေးများအတွက် စာအုပ်ရနိုင်မည်လောဟုမေး၏။ သက်သေခံဖြစ်သူက ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ်bကို ပြလိုက်သည်။ ထိုစာအုပ်ကို သူလှန်လှောကြည့်ရှုပြီး တန်ဖိုးမည်မျှရှိကြောင်း စိတ်လှုပ်ရှားစွာ မေးလေသည်။ ယေဟောဝါသက်သေများ၏ ပညာပေးလုပ်ငန်းကို စေတနာအလျောက်ထည့်ဝင်သော အလှူငွေများဖြင့် ထမ်းဆောင်နေကြောင်း သူကြားသိရသောအခါ သာ၍ပင် စိတ်တက်ကြွလာလေသည်။ (မဿဲ ၁၀:၈) သားငယ်အား စာအုပ်ကိုပြပြီး “ကောင်းလိုက်တဲ့စာအုပ်! ဖေဖေ သားကို နေ့တိုင်း ပုံပြင်တစ်ပုဒ်ဖတ်ပြမယ်” ဟုဆို၏။

သက်သေခံတို့၏ပြခန်းသို့ ဒဿနိကဗေဒပါမောက္ခတစ်ဦး ရောက်လာသည်။ သူသည် ဘာသာတရားအားလုံးကို၊ အထူးသဖြင့် ယေဟောဝါသက်သေများ၏ယုံကြည်ချက်များကို အလွန်စိတ်ဝင်စားသူဖြစ်သည်။ ဘုရားသခင်ကို လူသားများရှာပုံတော်c [လိပ်]စာအုပ်ကို လှန်လှောကြည့်ပြီး သူက “အကြောင်းအရာတင်ဆက်ထားပုံက တကယ်ကို ကျိုးကြောင်းဆီလျော်တယ်! ဒီလိုတင်ပြသင့်တယ်လို့ ကျွန်တော်တွေးထင်ထားတဲ့အတိုင်းပဲ” ဟုဆို၏။ မကြာမီ သူ၏ကျောင်းမှ ကျောင်းသူ/ကျောင်းသားအချို့ ပြခန်းသို့ရောက်လာကြပြီး ပါမောက္ခယူသွားသောစာအုပ်ကို မိမိတို့လည်း တစ်ယောက်တစ်အုပ်ရနိုင်မည်လောဟု မေးကြသည်။ ထိုစာအုပ်ကို သူတို့လည်းလေ့လာလိုကြ၏။ စာသင်ချိန်တွင် ထိုစာအုပ်ကို ဆရာအသုံးပြုလိမ့်မည်ဟု သူတို့ယူဆကြ၍ဖြစ်သည်။

၎င်းပြပွဲကြောင့် အချို့သူတို့သည် ကျမ်းစာအမှန်တရားကို ပထမဦးဆုံးအကြိမ် ကြားသိခွင့်ရခဲ့ကြသည်။ နားမကြားသူဆယ်ကျော်သက် လူငယ်တစ်စုလည်း ဟိုဟိုသည်သည် လှည့်လည်ကြည့်ရှုရင်း ရောက်လာသည်။ ထိုအခါ လက်ဟန်ပြဘာသာစကားဖြင့် ဘာသာပြန်ဆိုပေးသော မိန်းကလေးတစ်ဦးအကူအညီဖြင့် သက်သေခံတစ်ဦးက သူတို့ကို အကျဉ်းချုပ်ဟောပြောလေသည်။ အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားdစာအုပ်မှ ရုပ်ပုံများကိုအသုံးပြုပြီး ယေရှုသည် နားမကြားသူများအပါအဝင် ဖျားနာသူများကို ကုသပေးခဲ့ကြောင်း ရှင်းပြ၏။ မကြာမီ ယေရှုသည် ယခုခေတ်တွင် အသက်ရှင်နေသူတို့အား ထပ်တူကုသပေးတော့မည်ဟူသော သမ္မာကျမ်းစာကတိတော်ကိုသူတို့ “ကြားသိ” ကြရ၍ အလွန်ဝမ်းသာကြသည်။ သူတို့အုပ်စုမှအတော်များများက ကျမ်းစာအခြေပြုစာပေများကို ဝမ်းသာအားရ လက်ခံယူသွားကြပြီး လက်ဟန်ပြဘာသာစကားတတ်မြောက်သူ သက်သေခံတစ်ဦး သူတို့ထံပြန်လည်ပတ်ရန် စီစဉ်ပေးခဲ့သည်။

မက်ဆီဒိုးနီးယားအပြင် အယ်လ်ဘေးနီးယန်း၊ အင်္ဂလိပ်နှင့် တူရကီဘာသာစကားတို့ဖြင့် စာအုပ်စာတမ်းများကိုလည်း ခင်းကျင်းထားသည်။ မက်ဆီဒိုးနီးယားဘာသာစကားမပြောတတ်သူ အမျိုးသားတစ်ဦးသည် အင်္ဂလိပ်စာအုပ်စာတမ်းများရလို၏။ ကင်းမျှော်စင်နှင့် နိုးလော့! မဂ္ဂဇင်းများကို ရရှိပြီးနောက် သူက မိမိသည် တူရကီဘာသာစကားပြောသူဖြစ်ကြောင်းပြောပြ၏။ သို့နှင့် သူ၏ဘာသာစကားဖြင့် စာအုပ်စာတမ်းများကို ထုတ်ပြလိုက်သောအခါ သူမယုံနိုင်အောင် ဖြစ်သွားသည်! ယေဟောဝါသက်သေများသည် လူတိုင်းကိုကူညီပေးလိုကြောင်း သူသဘောပေါက်သွားသည်။

ထိုအခါသမယတွင် ကောင်းစွာသက်သေခံခွင့်ရခဲ့ကြသည်၊ ကျမ်းစာအမှန်တရားကို စိတ်ဝင်စားသူအမြောက်အမြားရှိကြောင်း မြင်တွေ့ရခြင်းသည်လည်း အလွန်အားရှိစရာပင်! မှန်ပါသည်၊ မက်ဆီဒိုးနီးယားပြည်တွင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ပြန့်ပွားစေဖို့ ယေဟောဝါလမ်းဖွင့်ပေးခဲ့ပါသည်။

[အောက်ခြေမှတ်ချက်များ]

a အားလုံးကို ယေဟောဝါသက်သေများထုတ်ဝေခဲ့။

b အားလုံးကို ယေဟောဝါသက်သေများထုတ်ဝေခဲ့။

c အားလုံးကို ယေဟောဝါသက်သေများထုတ်ဝေခဲ့။

d အားလုံးကို ယေဟောဝါသက်သေများထုတ်ဝေခဲ့။

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်]

သမိုင်းမှတ်တိုင်တစ်ခု!

၂၀၀၃၊ မေလ ၁၇ ရက်နေ့တွင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ပျံ့နှံ့သွားစေရန် အရေးပါသောဆောင်ရွက်မှုတစ်ခု ပြုလုပ်ခဲ့ကြသည်။ စကော့ပ်ရေမြို့ရှိ ယေဟောဝါသက်သေများ၏ရုံးကို ဆက်ကပ်အပ်နှံခဲ့ကြသည်။ ဆောက်လုပ်ရေးလုပ်ငန်းကို နှစ်နှစ်တိုင်ပြုလုပ်ခဲ့ရာ ယခင်အဆောက်အအုံများကို လေးဆတိုးချဲ့ခဲ့ကြသည်။

စီမံခန့်ခွဲရေးနှင့် ဘာသာပြန်ရုံးခန်းများအပြင် လူနေဆောင်၊ မီးဖိုဆောင်နှင့် လျှော်ဖွပ်ရေးဌာနတို့ပါရှိသော အဆောက်အအုံသုံးခုရှိသည်။ ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂိုင် ပီယပ်စ်က အပ်နှံပွဲဟောပြောချက်ပေးခဲ့သည်။ အပ်နှံပွဲအစီအစဉ်ကို ဆယ်နိုင်ငံမှ ဧည့်သည်များ တက်ရောက်ခဲ့ကြသည်။ လှပသစ်လွင်သောအဆောက်အအုံများကို မြင်တွေ့ရသည့်အတွက် အားလုံး ပီတိဖြာခဲ့ကြသည်။

[စာမျက်နှာ ၈၊ ၉ ပါ မြေပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ဘူလ်ဂေးရီးယား

မက်ဆီဒိုးနီးယား

စကော့ပ်ရေ

အယ်လ်ဘေးနီးယား

ဂရိ

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

စကော့ပ်ရေ၊ မက်ဆီဒိုးနီးယား

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ