ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၃/၁၅ စာ. ၃၂
  • မမေ့အပ်သောဖြစ်ရပ်တစ်ခု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မမေ့အပ်သောဖြစ်ရပ်တစ်ခု
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၃/၁၅ စာ. ၃၂

မမေ့အပ်သောဖြစ်ရပ်တစ်ခု

အဘယ်ဖြစ်ရပ်နည်း။ လွန်ခဲ့သောနှစ်ပေါင်း ၂,၀၀၀ နီးပါးက လူတစ်ဦး၏သေခြင်းပင်ဖြစ်၏။ ထိုသူက ဤသို့ဆိုခဲ့သည်– “ငါသည် ကိုယ်အသက်ကိုစွန့်၍ နောက်တစ်ဖန်ယူဦးမည်ဖြစ်သောကြောင့် . . . ငါ့အသက်ကိုအဘယ်သူမျှ မလုမယူ၊ ကိုယ်အလိုအလျောက်ငါစွန့်၏” ဟုပြောခဲ့သည်။ (ယောဟန် ၁၀:၁၇၊ ၁၈) ထိုပုဂ္ဂိုလ်မှာ ယေရှုခရစ်ဖြစ်သည်။

ယေရှုသည် ပူဇော်ရာယဇ်အဖြစ် မိမိသေဆုံးခဲ့ခြင်းကို အောက်မေ့ရာပွဲကျင်းပရန် မိမိနောက်လိုက်များအား သွန်သင်ခဲ့သည်။ ထိုအခါသမယကို “သခင့်ညစာစားပွဲ” ဟုလည်းခေါ်သည်။ (၁ ကောရိန္သု ၁၁:၂၀၊ ကဘ) မိမိ၏သေခြင်းကို အမှတ်ရစေရန် ယေရှုအစပြုကျင်းပခဲ့သည့် အောက်မေ့ရာပွဲကို ၂၀၀၅ ခုနှစ်၊ မတ် ၂၄ ရက်၊ ကြာသပတေးနေ့ နေဝင်ချိန်တွင် ယေဟောဝါသက်သေများနှင့် သူတို့၏မိတ်ဆွေများ ကျင်းပကြပါလိမ့်မည်။

ကျမ်းစာအခြေပြုဟောပြောချက်တစ်ခုက ထိုအခါသမယတွင် အသုံးပြုသော တဆေးမဲ့မုန့်နှင့် အနီရောင်စပျစ်ရည်၏ အဓိပ္ပာယ်ကို ရှင်းပြပါလိမ့်မည်။ (မဿဲ ၂၆:၂၆-၂၈) ထိုဟောပြောချက်တွင် ခရစ်ယာန်များသည် ယင်းဖြစ်ရပ်ကို အကြိမ်ပေါင်း မည်မျှကျင်းပသင့်သနည်း၊ အထိမ်းအမှတ်များအဖြစ်အသုံးပြုသည့် မုန့်နှင့် စပျစ်ရည်ကို မည်သူသုံးဆောင်သင့်သနည်း၊ ယေရှု၏သေခြင်းမှ မည်သူအကျိုးခံစားရမည်နည်း အစရှိသည့် မေးခွန်းများကိုလည်း ဖြေဆိုပေးပါလိမ့်မည်။ ဤအရေးကြီးသည့်ပွဲတော်ကို တက်ရောက်ခြင်းဖြင့် ယေရှု၏အသက်တာနှင့် သေခြင်း၏ရည်ရွယ်ချက်ကို သဘောပေါက်လာပါလိမ့်မည်။

ယေရှု၏သေခြင်းအောက်မေ့ရာပွဲသို့ သင့်အား လှိုက်လှဲစွာကြိုဆိုပါသည်။ ကျေးဇူးပြု၍ အစည်းအဝေးကျင်းပမည့် နေရာနှင့် အချိန်အတိအကျကို သင့်ဒေသရှိ ယေဟောဝါသက်သေများအား မေးမြန်းပါလေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ