ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၁/၁ စာ. ၃၂
  • ထမင်းစားချိန် အစားအတွက်သာ မဟုတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ထမင်းစားချိန် အစားအတွက်သာ မဟုတ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၁/၁ စာ. ၃၂

ထမင်းစားချိန် အစားအတွက်သာ မဟုတ်

အရသာရှိသောအစာကို လူတိုင်းကြိုက်နှစ်သက်ကြသည်။ သင်ချစ်မြတ်နိုးရသူတို့နှင့် ကောင်းကောင်း စကားလက်ဆုံပြောရပြီး တရင်းတနှီးပေါင်းဖော်ရသော ထမင်းစားချိန်သည် ကျွန်ုပ်တို့ကို အဆာပြေစေရုံမျှမက သာယာကြည်နူးဖွယ်ကောင်းသောအချိန်ဖြစ်လာသည်။ မိသားစုများစွာတို့သည် တစ်ရက်လျှင် အနည်းဆုံးတစ်ကြိမ် ထမင်းအတူစားသည့်အကျင့်ကို ပြုလုပ်ထားကြသည်။ မိသားစုတစ်စုသည် ထမင်းစားချိန်အတွင်း တစ်နေ့တာအဖြစ်အပျက်များ သို့မဟုတ် ကြံရွယ်ထားရာများကို တိုင်ပင်ရန် အခွင့်အလမ်းရရှိသည်။ သားသမီးများပြောလှာသောစကားများ၊ ရင်ဖွင့်မှုများကို နားထောင်ပေးသောမိဘများသည် မိမိတို့ကလေးများ၏စိတ်ကူးနှင့် ခံစားချက်များကို ရိပ်မိလာကြရသည်။ အချိန်ကြာလာသည်နှင့်အမျှ၊ ထမင်းစားချိန်တွင် ပျော်ပျော်ရွှင်ရွှင်၊ သက်သောင့်သက်သာပေါင်းဖော်ခြင်းက မိသားစုအတွင်း လုံခြုံမှု၊ ယုံကြည်စိတ်ချမှုနှင့် ချစ်ခြင်းမေတ္တာရှိသည်ဟုခံစားရစေပြီး ယင်းက မိသားစုကို တည်ငြိမ်ခိုင်ခံ့စေသည်။

ယနေ့ မိသားစုဝင်များစွာတို့သည် အလုပ်များပြီး အမြဲတစေ မအားမလပ်ဖြစ်နေကြရာ အတူစုပြီးထမင်းစားဖို့ အခက်တွေ့တတ်ကြသည်။ ကမ္ဘာ့ဒေသအချို့ရှိ ဒေသန္တရယဉ်ကျေးမှုသည် မိသားတစ်စု အတူအစာစားခြင်း သို့မဟုတ် အစာစားချိန်၌ စကားပြောခြင်းကိုပင် မနှစ်သက်ချေ။ အခြားမိသားစုများမူ အစာစားချိန်အတွင်း တီဗွီဖွင့်ထားလေ့ရှိရာ အဓိပ္ပာယ်ရှိရှိ ဆက်သွယ်ပြောဆိုရန် အခွင့်အလမ်းမှန်သမျှကို လက်လွှတ်ဆုံးရှုံးရကြသည်။

သို့တိုင် ခရစ်ယာန်မိဘများသည် မိမိတို့အိမ်ထောင်ကို တည်ဆောက်ဖို့အခွင့်အလမ်းများကို အမြဲသတိချပ်နေကြသည်။ (သု. ၂၄:၂၇) ဘုရားသခင့်နှုတ်မြွက်စကားတော်ကို မိမိတို့သားသမီးများအားပြောပြဖို့ အကောင်းဆုံးအခွင့်အခါတစ်ခုမှာ ‘သူတို့အိမ်၌ ထိုင်လျက်နေစဉ်’ ဖြစ်သည်ဟု ရှေးအချိန်ကမိဘများ မှာကြားခံခဲ့ရသည်။ (တရားဟောရာ ၆:၇) မှန်မှန် ထမင်းအတူစားခြင်းသည် ယေဟောဝါနှင့် ကိုယ်တော်၏ဖြောင့်မတ်သောမူများကို ချစ်သည်ထက်ပိုချစ်လာအောင် မိမိတို့သားသမီးစိတ်ထဲ သွတ်သွင်းပေးရန် မိဘများအတွက် အခွင့်ထူးရစေသည်။ ထမင်းစားချိန်ကို ပျော်ရွှင်ဖွယ်ဖြစ်၍ သက်သောင့်သက်သာရှိသောဝန်းကျင်မျိုး ဖြစ်စေခြင်းအားဖြင့် သင့်မိသားစုအတွက်လည်း ပျော်စရာကောင်းပြီး တည်ဆောက်မှုဖြစ်စေသောအချိန်အခါ ဖြစ်စေနိုင်ပါသည်။ ထမင်းစားချိန်ကို အစားအတွက်မက ဖြစ်စေပါလေ!

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ