ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၄ ၁၂/၁၅ စာ. ၃၂
  • ‘လေ့ကျင့်မှုအတွက် ဝမ်းသာမိ’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘လေ့ကျင့်မှုအတွက် ဝမ်းသာမိ’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
က၀၄ ၁၂/၁၅ စာ. ၃၂

‘လေ့ကျင့်မှုအတွက် ဝမ်းသာမိ’

အင်္ဂလိပ်စကားပြောပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆရာဖြစ်သူက ပြောလာသောအခါ လုံမငယ်ကာဇူနာ အံ့အားသင့်သွားသည်။ ဂျပန်နိုင်ငံမြောက်ဘက် ဟော့ကိုင်းဒိုးကျွန်းကြီးပေါ်ရှိ အထက်တန်းကျောင်းအားလုံး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည်၊ သို့သော် သူတို့ကျောင်းမှ ကျောင်းသားတစ်ဦးမျှ ယခင်က ဝင်မပြိုင်ခဲ့ဖူးချေ။ ယှဉ်ပြိုင်သည့်နေ့ရောက်သော် အခြားကျောင်းသူ/သား ၅၀ ခန့်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် ကာဇူနာမှာ စိုးတထိတ်ထိတ်ဖြစ်နေသည်။ အင်္ဂလိပ်မိခင်ဘာသာစကားပြော အကဲဖြတ်လူကြီးနှစ်ဦးကို တွေ့လိုက်ရသောအခါ သူပို၍ထိတ်လန့်လာသည်။

အနိမ့်ဆုံးဆုရရှိသူ၏အမည်ကို အစချီကာ အနိုင်ရသူများကို ကြေညာပေးသည်။ ကာဇူနာ၏အမည်ကို နောက်ဆုံးမှကြေညာလိုက်သည့်အခါ အံ့သြလွန်း၍ သူမှင်တက်သွားခဲ့ရသည်။ သူနှင့် သူ့နံဘေးတွင်ထိုင်နေသောဆရာမှာ တစ်ယောက်ကိုတစ်ယောက် တအံ့တဩ စူးစိုက်ကြည့်လိုက်ကြသည်။ ထိတ်လန့်နေဆဲဖြစ်သော ကာဇူနာသည် ပထမဆုအတွက် လက်ဆောင်ပစ္စည်းယူရန် စင်မြင့်ပေါ်သို့သွားခဲ့သည်!

ပျော်ရွှင်နေသောကာဇူနာက ဤသို့ရှင်းပြခဲ့သည်– “သီအိုကရက်တစ်ဓမ္မအမှုကျောင်းကတစ်ဆင့် ယေဟောဝါရဲ့အဖွဲ့အစည်းကပေးတဲ့ လေ့ကျင့်မှုကြောင့်သာ ကျွန်မ ဒီဆုရခဲ့တာပါ။ ဒီလိုလေ့ကျင့်မှုရရှိတဲ့အတွက် ဝမ်းသာမဆုံးပါဘူး။” ငယ်စဉ်ကတည်းက ကာဇူနာစာရင်းသွင်းပါဝင်ခဲ့သော ထိုကျောင်းမှာ ယေဟောဝါသက်သေများ၏ အသင်းတော်အစည်းအဝေးတစ်ခုဖြစ်၏။ ယှဉ်ပြိုင်ပွဲအတွက် ပြင်ဆင်ရာတွင် ကာဇူနာသည် မိုက်ကရိုဖုန်းအသုံးပြုခြင်း၊ နွေးထွေးမှုနှင့် စိတ်ထက်သန်စွာပြောဆိုခြင်း၊ ကိုယ်ဟန်အမူအရာ၊ ပရိသတ်နှင့်ဆက်သွယ်ခြင်းအပြင် သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် သင်ကြားပေးသော တခြားအကြောင်းအရာများကို သူအထူးအာရုံစိုက်ခဲ့သည်။

ယေဟောဝါသက်သေများ၏ ဒေသခံနိုင်ငံတော်ခန်းမတွင် ပတ်စဉ်ကျင်းပသော ဤကျောင်းကို လာရောက်လေ့လာကြည့်ပါဟူသော ကျွန်ုပ်တို့၏ဖိတ်ခေါ်ချက်ကို ကျေးဇူးပြု၍ လက်ခံပါလေ။ လူကြီး၊ လူငယ်မရွေး အကျိုးခံစားရပုံကို သင်ကိုယ်တိုင် လာကြည့်ပါ။ အစည်းအဝေးကို လူတိုင်းတက်ရောက်နိုင်ပါသည်။ သင့်အိမ်နှင့်အနီးဆုံးကျောင်းနှင့်ပတ်သက်သော ထပ်ဆင့်သတင်းအချက်အလက်များရရှိဖို့ သင့်နယ်မြေရှိ ယေဟောဝါသက်သေများနှင့် ကျေးဇူးပြု၍ ဆက်သွယ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ