သင်ဖတ်ရှုရာကို မြင်ယောင်ကြည့်နိုင်သလော
အဖြစ်အပျက်များကို သင်မြင်ယောင်ကြည့်ရန် သင်ဖတ်ရှုနေသောအကြောင်းအရာ၏ နေရာဒေသများကို အကျွမ်းတဝင်ရှိလျှင်ကောင်းသည်။ ဥပမာ၊ တမန်တော်ဝတ္ထုကျမ်းတွင် ဖော်ပြထားသည့် တမန်တော်ပေါလု၏ ခရစ်ယာန်သာသနာပြုခရီးစဉ်များကို သုံးသပ်ကြည့်ပါ။ ခရစ်တော်၏နောက်လိုက်များကို ခရစ်ယာန်များဟု ဦးဆုံးခေါ်ခဲ့သည့် အန္တိအုတ်မြို့မှ ပေါလုသည် သူ၏ပထမခရစ်ယာန်သာသနာပြုခရီးစဉ်ကို စထွက်ခဲ့၏။ ထိုမြို့မှတစ်ဆင့် ရှာလမိ၊ ပိသိဒိပြည်ရှိ အန္တိအုတ်၊ ဣကောနိ၊ လုတ္တရနှင့် ဒေရဗေအစရှိသော မြို့များသို့ ခရီးဆက်ခဲ့၏။ အဆိုပါမြို့များသည် အဘယ်နေရာတွင်ရှိကြောင်း သင်မြင်ယောင်ကြည့်နိုင်သလော။
မြေပုံမရှိလျှင် မြင်ယောင်ကြည့်နိုင်မည်မဟုတ်ပေ။ စာမျက်နှာ ၃၆ မျက်နှာရှိ “ကောင်းမွန်သောပြည်ကို ကြည့်လော့” ဘရိုရှာအသစ်တွင် ထိုမြေပုံပါရှိ၏။ ယူ.အက်စ်.အေ.၊ မွန်တာနာပြည်နယ်မှ စာရှုသူတစ်ဦးက ကျေးဇူးတင်စွာ ဤသို့ဆို၏– “ပေါလုရဲ့ခရီးစဉ်တွေကို အခု သိမြင်နိုင်ပြီ၊ သူခရီးသွားခဲ့ပုံ၊ သူနဲ့ တခြားအစောပိုင်းခရစ်ယာန်တွေ သတင်းကောင်းဟောပြောခဲ့ပုံကိုပါ မြင်ယောင်ကြည့်နိုင်တယ်။ ဒီလောက်သပ်ရပ်လှပပြီး အထောက်အကူပြုတဲ့စာအုပ်အတွက် ကျေးဇူးတင်ပါတယ်။”
ပေါလုခရီးစဉ်များ၏မြေပုံသည် ဤဘရိုရှာတွင်ပါရှိသော မြေပုံများစွာအနက် တစ်ခုသာဖြစ်၏၊ ၎င်းတို့ဖြင့် သမ္မာကျမ်းစာတွင် ဖော်ပြထားသည့်အကြောင်းများကို စာရှုသူ မြင်ယောင်ကြည့်နိုင်ပါသည်။ □ပူးတွဲပါကူပွန်ကို ဖြည့်စွက်ကာ ဖော်ပြထားသည့်လိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏စာမျက်နှာ ၂ တွင်ပါသော သင့်လျော်ရာလိပ်စာသို့ စာတိုက်မှပေးပို့၍ “ကောင်းမွန်သောပြည်ကို ကြည့်လော့” စာစောင်ကို မှာယူနိုင်ပါသည်။
[Picture Credit Line on page 32]
Pictorial Archive (Near Eastern History) Est.