ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၄ ၈/၁၅ စာ. ၃၀
  • သင်မှတ်မိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်မှတ်မိသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ကော်န်ပလူတန်စီယန် ပိုလီဂလော့တ်ကျမ်း—သမိုင်းဝင်ဘာသာပြန် ကိရိယာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • တော်ဝင်ကျမ်းစာ ဂန္ထဝင်မြောက်စာပေတွင် သမိုင်းမှတ်တိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • မာနကြီးခြင်းနှင့် နှိမ့်ချခြင်းဆိုင်ရာ သင်ခန်းစာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
က၀၄ ၈/၁၅ စာ. ၃၀

သင်မှတ်မိသလော

မကြာသေးမီကထုတ်ဝေခဲ့သော ကင်းမျှော်စင် စာစောင်များ ဖတ်ရှုရသည်ကို သင် သဘောကျခဲ့ပါသလော။ သို့ဖြစ်လျှင် အောက်ပါမေးခွန်းများကို သင်ဖြေဆိုနိုင်၊ မဖြေဆိုနိုင် စမ်းကြည့်ပါ–

• ကော်န်ပလူတန်စီယန် ပိုလီဂလော့တ်ကျမ်းဟူသည် အဘယ်နည်း၊ ယင်းသည် အဘယ်ကြောင့် ထူးခြားသနည်း။

ယင်းသည် ဟေဗြဲ၊ ဂရိနှင့် လက်တင်အပြင် အာရမိတ်ဘာသာစကား တစ်စိတ်တစ်ပိုင်းတို့ကို ကော်လံများယှဉ်လျက် ပုံနှိပ်ထားသော၊ ထိုစဉ်က ရရှိနိုင်သည့် အကောင်းဆုံး ဘာသာစုံကျမ်းတစ်စောင်ဖြစ်သည်။ ပိုလီဂလော့တ်ကျမ်းသည် မူရင်း ကျမ်းစာဘာသာစကားများနှင့်အညီ ကျမ်းရင်းစာသားကို ပြန်လည်မွမ်းမံရာ၌ အလွန်ကြီးကျယ်သော ရှေ့ပြေးခြေလှမ်းတစ်လှမ်းဖြစ်ခဲ့သည်။—၄/၁၅၊ စာမျက်နှာ ၂၈-၃၁။

• လူသားတို့သည် ဘုရားသခင်၏စိတ်တော်ကို မည်သို့ရွှင်လန်းစေနိုင်သနည်း။

ယေဟောဝါသည် အမှန်တကယ်အသက်ရှင်သော ပုဂ္ဂိုလ်တစ်ပါးဖြစ်သောကြောင့် ကိုယ်တော်၌ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ ပြုမူလုပ်ဆောင်နိုင်စွမ်းနှင့် ခံစားချက်များရှိတော်မူ၏။ ကိုယ်တော်သည် “ပျော်ရွှင်သောဘုရားသခင်” ဖြစ်တော်မူပြီး ရည်ရွယ်တော်မူချက် ပြီးမြောက်အောင်မြင်သောအခါ အားရကျေနပ်တော်မူ၏။ (၁ တိမောသေ ၁:၁၁; ဆာလံ ၁၀၄:၃၁) ဘုရားသခင်၏စိတ်တော်ကို ကျွန်ုပ်တို့ ပိုသိမြင်လာလေ ကိုယ်တော်အား စိတ်ရွှင်လန်းစေရန် အဘယ်အရာပြုလုပ်ရမည်ကို ကျွန်ုပ်တို့ ပိုသဘောပေါက်လာလေဖြစ်မည်။—၅/၁၅၊ စာမျက်နှာ ၄-၇။

• ဒါဝိဒ်သည် သူ၏ဇနီးမိခါလအား တေရပ်ရုပ်တုတစ်ခု အဘယ်ကြောင့်ထားခွင့်ပြုခဲ့သနည်း။

ရှောလုမင်းက ဒါဝိဒ်ကိုသတ်ဖို့ကြံစည်သောအခါ မိခါလသည် လူတစ်ဦး၏ပုံသဏ္ဌာန်ရှိနိုင်သော ရုပ်တုတစ်ခုကို ခုတင်ပေါ်တင်ထားပြီး ဒါဝိဒ်လွတ်မြောက်ရန် ကူညီပေးခဲ့သည်။ သူ၏စိတ်နှလုံးသည် ယေဟောဝါရှေ့ စုံလင်ခြင်းမရှိသောကြောင့် တေရပ်ရုပ်တုတစ်ခု ထားရှိခြင်းဖြစ်နိုင်သည်။ ဒါဝိဒ်သည် ထိုကိစ္စကို မသိခြင်းဖြစ်နိုင်သကဲ့သို့ ရှောလုမင်း၏ သမီးတော်ဖြစ်သောကြောင့် ယင်းကို ခွင့်ပြုခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ (၁ ရာဇဝင်ချုပ် ၁၆:၂၅၊ ၂၆)—၆/၁၊ စာမျက်နှာ ၂၉။

• သွေးနှင့်ပတ်သက်သော ဘုရားသခင့်မိန့်မှာချက်က အဘယ်အခြေခံအကြောင်းရင်းကို အာရုံစိုက်စေသနည်း။

ရေလွှမ်းမိုးခြင်းပြီးနောက်၊ မောရှေပညတ်နှင့် တမန်တော် ၁၅:၂၈၊ ၂၉ ပါမိန့်မှာချက်အားဖြင့် ဘုရားသခင်သည် ယေရှုသွန်းလောင်းခဲ့သောအသွေး အကျုံးဝင်သည့် ပူဇော်ရာယဇ်ကို အာရုံစိုက်စေခဲ့သည်။ ထိုအသွေးတော်အားဖြင့်သာ ကျွန်ုပ်တို့သည် အပြစ်လွှတ်ခံရပြီး ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့နိုင်ပါမည်။ (ကောလောသဲ ၁:၂၀)—၆/၁၅၊ စာမျက်နှာ ၁၄-၁၉။

• ယေရှု၏အံ့ဖွယ်အမှု မည်မျှကို သမ္မာကျမ်းစာတွင် ဖော်ပြထားသနည်း။

ယေရှုပြုတော်မူခဲ့သော အံ့ဖွယ်အမှု ၃၅ ခုကို ခရစ်ဝင်ကျမ်းမှတ်တမ်းများက ဖော်ပြသည်။ သို့သော် မှတ်တမ်းတင်ခြင်းမခံရသော အံ့ဖွယ်အမှုများအပါအဝင် ကိုယ်တော်၏အံ့ဖွယ်အမှု အရေအတွက်အတိအကျကိုကား ဖော်ပြမထားချေ။ (မဿဲ ၁၄:၁၄)—၇/၁၅၊ စာမျက်နှာ ၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ