ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၄ ၇/၁ စာ. ၃၂
  • နောဧထံသို့ ပေးစာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နောဧထံသို့ ပေးစာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
က၀၄ ၇/၁ စာ. ၃၂

နောဧထံသို့ ပေးစာ

“ချစ်လှစွာသော နောဧ၊ သင့်အကြောင်း၊ သင်္ဘောကို သင်ဘယ်လိုတည်ဆောက်ပြီး ရေလွှမ်းမိုးဘေးမှာ သင်နဲ့ သင့်မိသားစု ဘယ်လိုကယ်တင်ခံခဲ့ရတဲ့အကြောင်း သမ္မာကျမ်းစာထဲမှာ ကျွန်မ အကြိမ်ကြိမ်ဖတ်ရှုခဲ့ရပါတယ်။”

အသက် ၁၄ နှစ်မှ ၂၁ နှစ်ရှိ ကျောင်းသားများ၏ အရေးပြိုင်ပွဲတစ်ခုကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ အသက် ၁၅ နှစ်အရွယ် မီနာမာရီယာအမည်ရှိ မိန်းကလေးတစ်ဦးရေးခဲ့သည့်စာက ထိုသို့အစချီထားသည်။ အဆိုပါပြိုင်ပွဲကို ဖင်လန်စာပို့ ဌာန၊ ဖင်လန်မိခင်ဘာသာစကားအဖွဲ့ချုပ်နှင့် ဖင်လန်စာပေအသင်းတို့က စီစဉ်ခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲဝင်သူတို့သည် စာအုပ်တစ်အုပ်ကို အခြေခံ၍ စာတစ်စောင်ရေးဖို့ဖြစ်သည်။ စာထဲတွင် စာရေးသူကိုဖြစ်စေ၊ စာအုပ်တွင်ပါရှိသည့် ဇာတ်ကောင်တစ်ဦးကိုဖြစ်စေ ရည်ညွှန်းရေးသားနိုင်သည်။ ဆရာများသည် ကျောင်းသားများ၏ စာစီစာကုံးများမှ စာပေါင်း ၁,၄၀၀ ကျော်ကို ရွေးလိုက်ကြပြီး ဒိုင်လူကြီးများက အကဲဖြတ်ပေးခဲ့ရသည်။ ထို့နောက် ဒိုင်လူကြီးများသည် အကောင်းဆုံးတစ်စောင်၊ ဒုတိယအကောင်းဆုံးဆယ်စောင်နှင့် တတိယအကောင်းဆုံးဆယ်စောင်ကို ရွေးချယ်ခဲ့ကြသည်။ မီနာမာရီယာ၏စာသည် တတိယအကောင်းဆုံးအုပ်စုတွင် ပါသဖြင့် သူဝမ်းသာခဲ့ရသည်။

ဆယ်ကျော်သက်ကျောင်းသူ မီနာမာရီယာသည် လွန်ခဲ့သော နှစ်ပေါင်း ၅,၀၀၀ ခန့်က အသက်ရှင်နေထိုင်ခဲ့သည့် နောဧထံ အဘယ်ကြောင့် စာရေးခဲ့ရသနည်း။ သူဤသို့ပြောပြသည်– “ကျွန်မဦးဆုံးတွေးမိတာကတော့ သမ္မာကျမ်းစာပဲ။ ကျမ်းစာဇာတ်ကောင်တွေနဲ့ ကျွန်မ တော်တော်လေးရင်းနှီးတယ်။ သူတို့ရဲ့အကြောင်းကို အများကြီးဖတ်ထားလို့ ကျွန်မအတွက်ဆိုရင် သူတို့ဟာ သက်ရှိထင်ရှားနေသလိုပဲ။ နောဧကို ကျွန်မရွေးရတဲ့အကြောင်းကတော့ သူ့ရဲ့ဘဝအသက်တာဟာ အရမ်းစိတ်လှုပ်ရှားစရာကောင်းပြီး ကျွန်မဘဝနဲ့ လုံးလုံးမတူလို့ပါ။”

မီနာမာရီယာ၏ နောဧထံပေးစာကို ဤသို့နိဂုံးချုပ်ထားသည်– “သင်သည် ယုံကြည်ခြင်းနှင့် နာခံခြင်း၏ ပုံနမူနာတစ်ခု ဖြစ်နေဆဲပင်။ သင်၏ဘဝလမ်းစဉ်သည် သမ္မာကျမ်းစာ ဖတ်ရှုသူမှန်သမျှကို မိမိတို့၏ယုံကြည်ခြင်းနှင့်အညီ လုပ်ဆောင်ဖို့ အားပေးတိုက်တွန်းမှုဖြစ်စေသည်။”

သမ္မာကျမ်းစာဖတ်ရှုသည့် ငယ်ရွယ်သူတစ်ဦး၏ ဤစာက သမ္မာကျမ်းစာသည် အမှန်ပင် “အသက်ရှင်” ပြီး လူတို့အား အသက်ကြီးငယ်မဟူ “တန်ခိုးနှင့်ပြုပြင်” ပေးကြောင်း ကောင်းစွာဖော်ပြသည်။—ဟေဗြဲ ၄:၁၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ