ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၃ ၁၀/၁၅ စာ. ၂၇
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်ကို မည်သူဖန်ဆင်းသနည်း
    ကမ္ဘာသားဘဝ ထာဝရစံစားကြ!
  • ဘုရားသခင်နှင့်ယေရှုအကြောင်း သမ္မာကျမ်းစာ အဘယ်အရာ သွန်သင်သနည်း
    သုံးပါးပေါင်းတစ်ဆူကို သင်ယုံကြည် သင့်သလော
  • ယေရှုသည် အမှန်ပင် ဘုရားသခင့်သားတော်လော
    နိုးလော့!—၂၀၀၆
  • ကမ္ဘာဦး ၁:၁—“အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏”
    ကျမ်းပိုဒ် ရှင်းပြချက်များ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
က၀၃ ၁၀/၁၅ စာ. ၂၇

စာရှုသူများထံမှ မေးခွန်းလွှာ

ကမ္ဘာဦး ၃:၂၂ တွင် ယေဟောဝါက “ငါတို့တွင်တစ်ပါးပါး” ဟုဆိုရာ၌ မည်သူ့ကိုရည်ညွှန်းနေခြင်းဖြစ်သနည်း။

“လူသည် ငါတို့တွင်တစ်ပါးပါးကဲ့သို့ဖြစ်၍ ကောင်းမကောင်းကို သိတတ်၏” ဟု ယေဟောဝါဘုရားသခင်မိန့်ဆိုသောအခါ မိမိကိုယ်တော်တိုင်နှင့် တစ်ပါးတည်းသောသားတော်ကို ကိုယ်တော်ရည်ညွှန်းနေပုံရသည်။ (ကမ္ဘာဦး ၃:၂၂) အကြောင်းရင်းကို သုံးသပ်ကြည့်ကြစို့။

ကနဦးလူသားမောင်နှံကို အပြစ်စီရင်ပြီးနောက် အဆိုပါစကားများကို ယေဟောဝါမိန့်ဆိုခဲ့သည်။ တချို့က “ငါတို့တွင်တစ်ပါးပါး” ကို အရှင်မြတ်၏ဗဟုဝုစ်ကိန်းဟု နားလည်ထားခဲ့ကြသည်။ သို့ရာတွင် ကမ္ဘာဦး ၁:၂၆ နှင့် ၃:၂၂ နှင့်စပ်လျဉ်း၍ ကျမ်းပညာရှင် ဒေါ်နယ်လ် အီး. ဂိုဝင်က ဤသို့ဆိုသည်– “ဓမ္မဟောင်းကျမ်းတွင် ‘ငါကိုယ်တော်မြတ်တို့’ ဟူ၍ ထီးသုံးနန်းသုံး သုံးခြင်း၊ ‘ငါတို့’ ဟူ၍ ချင့်ချင့်ချိန်ချိန်သုံးခြင်း၊ အထူးလေးနက်မှုပြ ဗဟုဝုစ်ကိန်း၊ သို့မဟုတ် တစ်ပါးထက်မကပေါင်းစပ်နေသောဘုရားသခင်ဟူသော ဤရှင်းလင်းတင်ပြချက်အများစုအတွက် သက်သေအထောက်အထားမရှိ။ . . . အဆိုပါရှင်းပြချက်တစ်ခုမျှ ‘ငါတို့တွင်တစ်ပါးပါး’ ဟုဆိုထားသည့် ၃:၂၂ နှင့် ကျိုးကြောင်းညီညွတ်ပုံမရချေ။”

“ကောင်းမကောင်း” ကို ကိုယ့်သဘောနှင့်ကိုယ် စတင်ဆုံးဖြတ်ခဲ့ပြီး အလားတူပြုမူရန် ကနဦးလူသားတို့ကိုသြဇာလွှမ်းမိုးခဲ့သည့် စာတန်ကို ယေဟောဝါရည်ညွှန်းခဲ့ခြင်းလော။ ယင်းသည် အကျိုးသင့်အကြောင်းသင့်မရှိချေ။ ဤတွင် ယေဟောဝါက “ငါတို့တွင်တစ်ပါးပါး” ဟူသောအသုံးအနှုန်းကို အသုံးပြုတော်မူခဲ့၏။ စာတန်သည် ယေဟောဝါ၏ တည်ကြည်သောကောင်းကင်တမန်အုပ်စုအဝင်မဟုတ်တော့ပေ၊ ထို့ကြောင့် ယေဟောဝါဘက်၌ရှိနေကြသူတို့တွင် သူမပါဝင်နိုင်တော့ချေ။

ဘုရားသခင်သည် တည်ကြည်သောကောင်းကင်တမန်များကိုရည်ညွှန်းနေခြင်းလော။ ကျွန်ုပ်တို့ အတိအကျမပြောနိုင်ပေ။ သို့ရာတွင်၊ ကမ္ဘာဦး ၁:၂၆ နှင့် ၃:၂၂ ပါ ဆင်တူသောအသုံးအနှုန်းများက ကျွန်ုပ်တို့ကို သဲလွန်စပေးသည်။ ကမ္ဘာဦး ၁:၂၆ တွင် “ငါတို့ပုံသဏ္ဌာန်နှင့် တညီတသဏ္ဌာန်တည်း လူကိုဖန်ဆင်းကြစို့” ဟူ၍ ယေဟောဝါ မိန့်မြွက်ခဲ့ကြောင်း ကျွန်ုပ်တို့ဖတ်ရသည်။ မည်သူ့ကို ကိုယ်တော်ပြောဆိုနေသနည်း။ စုံလင်သော လူသားယေရှုဖြစ်လာသည့် ဝိညာဉ်သတ္တဝါတစ်ပါးကိုရည်ညွှန်းလျက် တမန်တော်ပေါလုက ဤသို့ဆိုလေသည်– “ထိုသားတော်သည် မျက်မြင်မရသော ဘုရားသခင်၏ပုံသဏ္ဌာန်တော်ဖြစ်၏။ . . . သတ္တဝါအပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏။ အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသမျှသော . . . ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။” (ကောလောသဲ ၁:၁၅၊ ၁၆) မှန်ပါသည်၊ ကမ္ဘာဦး ၁:၂၆ ၌ ယေဟောဝါသည် မိမိ၏တစ်ပါးတည်းသောသားတော်၊ မိမိအပါးတွင်နေ၍ ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းခဲ့သည့် “လုပ်သားချုပ်” ကိုပြောဆိုနေခြင်းဖြစ်မည်ကား ယုတ္တိတန်ပေသည်။ (သု. ၈:၂၂-၃၁၊ ကဘ) ကမ္ဘာဦး ၃:၂၂ တွင်ပါသောစကား၏ဆင်တူချက်က ယေဟောဝါသည် မိမိနှင့်အရင်းနှီးဆုံးသောသူ၊ မိမိ၏တစ်ပါးတည်းသောသားတော်နှင့် တစ်ဖန်စကားပြောဆိုနေကြောင်း တင်ပြသည်။

ဘုရားသခင့် တစ်ပါးတည်းသောသားတော်သည် “ကောင်းမကောင်း” ကိုသိကျွမ်းထားကြောင်း ထင်ရှားသည်။ ကိုယ်တော်သည် ယေဟောဝါနှင့် ကြာမြင့်စွာ ရင်းရင်းနှီးနှီးနေခဲ့ရာ မိမိခမည်းတော်၏ အတွေးအခေါ်၊ မူများနှင့် စံနှုန်းများကို စေ့စေ့စပ်စပ် သိရှိထားသည်။ မိမိ၏သားတော်သည် ဤအရာများနှင့်အကျွမ်းတဝင်ရှိပြီး ယင်းတို့ကို တည်ကြည်ကြောင်း ယေဟောဝါယုံကြည်စိတ်ချသဖြင့် ဖြစ်ရပ်တိုင်းတွင် မိမိနှင့်တိုက်ရိုက်မတိုင်ပင်စေဘဲ ကိစ္စရပ်များကို အတော်အတန်လွတ်လပ်စွာ ကိုင်တွယ်ဖြေရှင်းစေခွင့် ပေးခဲ့ပေမည်။ ထို့ကြောင့် သားတော်သည် အတိုင်းအတာတစ်ခုထိ ကောင်းသောအရာနှင့် မကောင်းသောအရာတို့ကို သတ်မှတ်ဆုံးဖြတ်နိုင်ကာ ထိုသို့ဆုံးဖြတ်ပိုင်ခွင့်ရှိခြင်းဖြစ်သည်။ သို့ရာတွင် ယေရှုသည် စာတန်၊ အာဒံ၊ ဧဝတို့နှင့်မတူဘဲ ယေဟောဝါ၏စံနှုန်းများနှင့် ဆန့်ကျင်သွေဖည်သည့် ကောင်းမကောင်းစံနှုန်းကို မသတ်မှတ်ခဲ့ချေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ