ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၃ ၈/၁၅ စာ. ၃၁
  • ကြင်နာမှုကို သူနှစ်သက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြင်နာမှုကို သူနှစ်သက်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
က၀၃ ၈/၁၅ စာ. ၃၁

ကြင်နာမှုကို သူနှစ်သက်

မီလ်တန် ဂျီ. ဟဲန်ရှယ်လ်၊ ယေဟောဝါသက်သေ​များ၏ အုပ်ချုပ်ရေးအဖွဲ့တွင် လုပ်သက်ရင့်အဖွဲ့ဝင်ဖြစ်သူသည် ၂၀၀၃ ခုနှစ်၊ မတ်လ ၂၂ ရက်၊ ​စနေနေ့တွင် သူ၏ မြေကြီးအသက်တာကုန်ဆုံးသွားခဲ့သည်။ သူ၏အသက်မှာ ၈၂ နှစ်ဖြစ်သည်။

လူငယ်ဘဝမှစ၍ မီလ်တန် ဟဲန်ရှယ်လ်သည် ယေဟောဝါသက်သေများ၏ ဌာနချုပ်အမှုထမ်းဖြစ်လာပြီး နှစ်ပေါင်း ၆၀ ကျော် တည်ကြည်စွာ အမှုဆောင်ခဲ့သည်။ သူ၏ကောင်းစွာချင့်ချိန်နိုင်စွမ်းနှင့် ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းတွင် စိတ်ရင်းမှန်ဖြင့် စိတ်ဝင်စားမှုတို့အတွက် လူသိမြန်လာခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် ထိုစဉ်က ယေဟောဝါသက်သေများ၏ ဘရွတ်ကလင်ပုံနှိပ်တိုက် ကြီးကြပ်မှူးဖြစ်သူ အဲန်. အိပ်ချ်. နောရ်၏ အတွင်းရေးမှူးဖြစ်လာခဲ့သည်။ ၁၉၄၂ ခုနှစ်၌ ​ညီအစ်ကို နောရ်သည် ကမ္ဘာတစ်ဝန်းရှိယေဟောဝါသက်သေများကို စ၍ဦးဆောင်သည့်အခါ ညီအစ်ကို ဟဲန်ရှယ်လ်ကို လက်ထောက်အဖြစ်ခန့်ထားခဲ့သည်။ ၁၉၅၆ တွင် ညီအစ်ကို ဟဲန်ရှယ်လ်သည် လူစီယယ်လ် ဘဲနက်နှင့် လက်ထပ်ခဲ့ပြီး ဘဝ၏ပျော်ရွှင်မှုကိုရော အခက်အခဲများကိုပါ အတူဝေမျှခံစားခဲ့ကြသည်။

ညီအစ်ကို ဟဲန်ရှယ်လ်သည် ညီအစ်ကိုနောရ် သေဆုံးသည့် ၁၉၇၇ ခုနှစ်အထိ အနီးကပ်တွဲဖက်အမှုဆောင်ခဲ့သည်။ ညီအစ်ကိုနောရ်နှင့်အတူ ​နိုင်ငံပေါင်း ၁၅၀ ကျော်ကို ခရီးသွားခဲ့ပြီး ကမ္ဘာတစ်ဝန်းမှ ယေဟောဝါသက်သေများထံ လည်ပတ်၍ အားပေးခဲ့သည်၊ အထူးသဖြင့် ခရစ်ယာန်သာသနာပြုများနှင့် ဌာနခွဲရုံးမှသူများကိုဖြစ်သည်။ ထိုသို့သော ခရီးစဉ်များသည် ရံဖန်ရံခါ အလွန်ပင်ပန်းခက်ခဲသည်၊ အန္တရာယ်ရှိသောအခါများပင်ရှိသည်။ ၁၉၆၃ ခုနှစ်၌ လိုင်ဘေးရီးယားတွင် စည်းဝေးကြီးအတွက် ရောက်ရှိနေစဉ် ညီအစ်ကို ဟဲန်ရှယ်လ်သည် မျိုးချစ်စိတ်နှင့်ဆိုင်သောအခမ်းအနားတွင် ပါဝင်ရန်ငြင်းဆို မှုကြောင့် အပြင်းအထန်​နှိပ်စက်ခံခဲ့ရသည်။a လအနည်းငယ်ကြာပြီးနောက်တွင် ​ညီအစ်ကို ဟဲန်ရှယ်လ်သည် လိုင်ဘေးရီးယား ​သမ္မတနှင့်တွေ့ဆုံ၍ ထိုနိုင်ငံရှိ ယေဟောဝါသက်သေများအတွက် ပိုမိုလွတ်လပ်စွာဝတ်ပြုခွင့်ရရန် ကြိုးပမ်းဖို့ မကြောက်မရွံ့ ပြန်သွားခဲ့သည်။

ခက်ခဲသောပြဿနာများနှင့် စိန်ခေါ်ချက်များကို ကိုင်တွယ်ရာတွင် ညီအစ်ကို ဟဲန်ရှယ်လ်သည် လက်တွေ့ကျသူ၊ ပြောင်းသာလွဲသာရှိသူ၊ အကျိုးသင့်အကြောင်းသင့်ရှိသူအဖြစ် သတင်းမွှေးခဲ့သည်။ သူ၏ နည်းစနစ်ကျခြင်း၊ ကျိုးနွံမှု ရှိခြင်းနှင့် ဟာသဉာဏ်ရွှင်ခြင်းတို့ကို သူ၏အလုပ်ဖော်များက အထူးလေးစားမြတ်နိုးကြသည်။ ထူးခြားသည့်မှတ်ဉာဏ်နှင့်ပြည့်စုံသောကြောင့် ကမ္ဘာတစ်ဝန်းရှိ ခရစ်ယာန်သာသနာပြုများစွာကို နာမည်ဖြင့်ချက်ချင်းမှတ်မိကာ ဒေသခံဘာသာစကားတစ်ခွန်း၊ နှစ်ခွန်းပြော၍ တောက်ပသောမျက်လုံးအစုံဖြင့် အတည်ပေါက်နှင့် ဟာသဖောက်ရခြင်းကို နှစ်သက်သူဖြစ်သည်။

ကျွန်ုပ်တို့သည် ‘ချစ်ခင်ကြင်နာခြင်းကို နှစ်သက်ရန်’ ယေဟောဝါအလိုတော်ရှိကြောင်း မိက္ခာ ၆:၈ က နှိုးဆော်ပေး၏။ ယင်းနှင့်စပ်လျဉ်း၍ ပုံသက်သေချမှတ်ခဲ့သောကြောင့် မီလ်တန် ဟဲန်ရှယ်လ်ကို အောက်မေ့သတိရကြမည်ဖြစ်သည်။ ကြီးလေးသောတာဝန်များရှိသော်ငြား သူသည် ချဉ်းကပ်ရလွယ်သူ၊ နူးညံ့သိမ်မွေ့ ၍ ကြင်နာတတ်သူဖြစ်သည်။ “ဒွိဟဖြစ်နေတဲ့အခါ ကြင်နာတဲ့လုပ်ရပ်ဟာ မှန်ကန်တဲ့လုပ်ရပ်ဖြစ်တယ်ဆိုတာကို သတိရပါ” ဟုပြောခြင်းကို သူနှစ်သက်သည်။ ချစ်မြတ်နိုးရသောညီအစ်ကိုကို ဆုံးရှုံးရ၍ ကျွန်ုပ်တို့ ပူဆွေးကြသည့်တိုင် သူသည် အဆုံးတိုင် တည်ကြည်စွာခံရပ်သွားသောကြောင့် “အသက်သရဖူ” ဆုကျေးဇူးကို ဧကန်ရရှိမည်ဖြစ်၍ ကျွန်ုပ်တို့ ဝမ်းမြောက်ကြပါသည်။​—ဗျာ. ၂:၁၀။

[အောက်ချက်မှတ်ချက်]

a ၁၉၇၇ ခုနှစ်၊ ယေဟောဝါသက်သေများ၏ နှစ်ချုပ်စာအုပ် စာမျက်နှာ ၁၇၁-၇ ကိုရှု။

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

အမ်. ဂျီ. ဟဲန်ရှယ်လ်နှင့် အဲန်. အိပ်ချ်. နောရ်

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ဇနီး လူစီယယ်လ်နှင့်အတူ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ