ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၃ ၈/၁ စာ. ၃၂
  • “လူနှစ်ယောက် တံခါးလာခေါက်”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “လူနှစ်ယောက် တံခါးလာခေါက်”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
က၀၃ ၈/၁ စာ. ၃၂

“လူနှစ်ယောက် တံခါးလာခေါက်”

“သမီးလေး ဆုံးသွားလို့ ကျွန်မတို့ အကြီးအကျယ်ဝမ်းနည်းခဲ့တာ နှစ်နှစ်လောက်ရှိပြီ။” ပြင်သစ်နိုင်ငံ၊ စိန့်အက်ယန်မြို့တွင် ထုတ်ဝေသော လာ ပရိုဂရီစ် သတင်းစာ၌ ထိုသို့အစပြု၍ အိတ်ဖွင့်စာတစ်စောင်ကို ရေးသားဖော်ပြသည်။

“သုံးလသမီး မာလီဆာဟာ တကယ်ကိုဆိုးရွားတဲ့ ထရိုင်ဆိုမီ ၁၈ ရောဂါခံစားခဲ့ရတယ်။ တကယ်မတရားပုံရတဲ့ ဒီလိုအဖြစ်ဆိုးမျိုးကနေ ဘယ်တော့မှ ပြန်ကောင်းလာနိုင်မှာမဟုတ်ဘူး။ ကျွန်မတို့ဟာ ချာ့ချ်ဘာသာမှာ ကြီးပြင်းလာကြပေမဲ့ ‘ဘုရားသခင်တကယ်ရှိတယ်ဆိုရင် ဒီအဖြစ်ဆိုးမျိုး ဘာဖြစ်လို့ ဖြစ်စေရတာလဲ’ လို့တွေးမိတာကို ဖျောက်ဖျက်လို့မရအောင်ဖြစ်ခဲ့တယ်။” ထိုစာကိုရေးသားခဲ့သော မိခင်ခမျာ အလွန်ဝမ်းနည်းကြေကွဲနေပြီး အကူအညီမဲ့နေကြောင်း သိသာထင်ရှား၏။ သူ၏စာကို ဤသို့ဆက်ဖတ်ရသည်–

“ဒီလိုဖြစ်ပျက်ပြီးတဲ့နောက် မကြာခင်မှာ လူနှစ်ယောက် တံခါးလာခေါက်တယ်။ သူတို့ဟာ ယေဟောဝါသက်သေတွေဆိုတာ ကျွန်မချက်ချင်းရိပ်မိတယ်။ ယဉ်ယဉ်ကျေးကျေးနဲ့ သူတို့ကို ပြန်သွားခိုင်းမလို့ပဲ၊ ဒါပေမဲ့ သူတို့လှမ်းပေးတဲ့ ဘရိုရှာကို ကျွန်မသတိထားမိလိုက်တယ်။ ဆင်းရဲဝေဒနာကို ဘုရားသခင် ဘာကြောင့်ခွင့်ပြုထားရသလဲတဲ့။ ဒါနဲ့ သူတို့ရဲ့အကြောင်းပြချက်တွေ မှားတယ်လို့ သက်သေပြဖို့ရည်ရွယ်ချက်နဲ့ သူတို့ကို အိမ်ထဲဝင်ခွင့်ပြုလိုက်တယ်။ ဆင်းရဲဝေဒနာခံရတဲ့ကိစ္စနဲ့ပတ်သက်ရင် ကျွန်မတို့မိသားစုဟာ အဆိုးဆုံးပဲလို့ ယူဆထားတာ၊ ‘ကျွန်မတို့ကို သမီးလေးတစ်ယောက် ဘုရားသခင်ပေးပြီး ဘုရားသခင်ပဲ အဲ့ဒီသမီးလေးကို ပြန်ခေါ်သွားတာ’ ဆိုတဲ့စကားတွေကြားရတာလည်း အပ်ကြောင်းထပ်နေပြီလို့ ကျွန်မတွေးမိတယ်။ အဲ့ဒီသက်သေခံတွေ တစ်နာရီကျော်ကျော်အထိ နေသွားကြတယ်။ စာနာထောက်ထားမှုအပြည့်နဲ့ ကျွန်မရဲ့စကားကို သူတို့နားထောင်ပေးကြတယ်၊ သူတို့ပြန်ခါနီးမှာ နောက်တစ်ခေါက်ပြန်လာမယ်ဆိုတာကို ကျွန်မသဘောတူနိုင်တဲ့အထိ စိတ်သက်သာရာရခဲ့တယ်။ အဲ့ဒီအဖြစ်အပျက်က နှစ်နှစ်လောက်ရှိသွားပြီ။ ကျွန်မ ယေဟောဝါသက်သေတစ်ယောက် မဖြစ်သေးပေမဲ့ သူတို့နဲ့ ကျမ်းစာလေ့လာနေတယ်၊ သူတို့ရဲ့အစည်းအဝေးတွေကိုလည်း အားရင်အားသလို ကျွန်မတက်တယ်။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ