ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၃ ၇/၁၅ စာ. ၃၂
  • အကူအညီရလိုသူများအတွက် နှစ်သိမ့်မှု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အကူအညီရလိုသူများအတွက် နှစ်သိမ့်မှု
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
က၀၃ ၇/၁၅ စာ. ၃၂

အကူအညီရလိုသူများအတွက် နှစ်သိမ့်မှု

သမ္မာကျမ်းစာသည် စိတ်ကျန်းမာရေးလက်စွဲစာအုပ်တစ်အုပ် မဟုတ်ချေ။ သို့သော် ယင်းသည် ကျွန်ုပ်တို့ကို နှစ်သိမ့်မှုပေးပြီး အခက်အခဲများကြား ဘဝကို တန်ဖိုးထားတတ်ရန် ကူညီပေး၏။ ကျမ်းစာက ဤသို့အမှန်အတိုင်းဆိုသည်– “လူသည် မိန်းမဖွားသောသူဖြစ်သဖြင့် အသက်တို၍ [ဆင်းရဲခြင်း] နှင့်ပြည့်စုံပါ၏။” (ယောဘ ၁၄:၁) ကျွန်ုပ်တို့ခံနေရသော စုံစမ်းနှောင့်ယှက်မှုတချို့သည် ကျွန်ုပ်တို့၏မစုံလင်မှုကြောင့်ဖြစ်သည်။ သို့သော် လူသားတို့ခံစားနေရသော ဆင်းရဲဝေဒနာများအတွက် အဓိကတရားခံကား မည်သူနည်း။

ကျမ်းစာက ထိုသူသည် စာတန်အမည်ရှိ ဆိုးညစ်သည့်ဝိညာဉ်သားတစ်ဦးဖြစ်၏ဟု ဖော်ပြသည်။ သူသည် “ဤလောကတစ်နိုင်ငံလုံးကိုလှည့်ဖြား” နေ၍ ပြဿနာပေါင်းစုံကိုဖြစ်ပေါ်နေစေသည်။ သို့သော်လည်း သူ၏အချိန် ကုန်ဆုံးတော့မည်ဟု ကျမ်းစာကဆိုသည်။ (ဗျာ. ၁၂:၉၊ ၁၂) မကြာမီ ကမ္ဘာသူကမ္ဘာသားအပေါင်း ကြုံတွေ့နေရသော အမင်္ဂလာအပေါင်းသည် ဘုရားသခင်ကြားဝင်ဆောင်ရွက်မှုဖြင့် အဆုံးတိုင်တော့မည်။ သမ္မာကျမ်းစာအရ ဘုရားသခင်ကတိပြုထားသည့် ဖြောင့်မတ်ခြင်းတရားတည်ရာ ကမ္ဘာသစ်တွင် မျှော်လင့်ချက်ကင်းမဲ့မှုနှင့် စိတ်ပျက်အားလျော့မှုတို့ ရှိတော့မည်မဟုတ်။—၂ ပေတရု ၃:၁၃။

လူတို့ခံစားနေရသည့် ဆင်းရဲဝေဒနာသည် တဒင်္ဂမျှသာဖြစ်ကြောင်း သိရခြင်းက တကယ်နှစ်သိမ့်မှုပေးသည်တကား! ယေရှုခရစ်အစိုးရသော ဘုရားသခင့်ကောင်းကင်နိုင်ငံတော်၏ အုပ်ချုပ်မှုအောက်တွင် မတရားမှုနှင့် ဆင်းရဲဝေဒနာများ ရှိတော့မည်မဟုတ်။ ဘုရားသခင်ခန့်အပ်ထားသောဘုရင်နှင့်စပ်လျဉ်း၍ ကျမ်းစာကဤသို့ဆို၏– ကိုယ်တော်သည် “ငတ်မွတ်သောသူအော်ဟစ်သောအခါ ထိုသူကိုလည်းကောင်း၊ ကိုးကွယ်ရာမရှိ၍ ဆင်းရဲသောသူကိုလည်းကောင်း ချမ်းသာပေးတော်မူလိမ့်မည်။ ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူကိုသနား၍ ငတ်မွတ်သောသူတို့၏အသက်ကို ကယ်တင်တော်မူလိမ့်မည်။ သူတို့အသက်ကို လှည့်စားခြင်းနှင့် ညှဉ်းဆဲခြင်း၏လက်မှရွေးနုတ်၍ သူတို့အသွေးကို နှမြောတော်မူလိမ့်မည်။”—ဆာလံ ၇၂:၁၂-၁၄။

ဤပရောဖက်ပြုချက်စကားများ ပြည့်စုံမည့်အချိန်သည် အလွန်နီးကပ်နေလေပြီ။ အားရရွှင်လန်းဖွယ်အခြေအနေများရှိ ပရဒိသုမြေကြီးပေါ်တွင် ကျွန်ုပ်တို့ထာဝစဉ်အသက်ရှင်နေထိုင်နိုင်ကြပါမည်။ (လုကာ ၂၃:၄၃; ယောဟန် ၁၇:၃) နှစ်သိမ့်မှုပေးသည့် ကျမ်းဆိုင်ရာဤကတိတော်များကို သိရှိထားခြင်းသည် အကူအညီရလိုသူများကို မျှော်လင့်ချက်နှင့် နှစ်သိမ့်မှုပေးသည်။

[Picture Credit Line on page 32]

Depressed girl: Photo ILO/J. Maillard

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ