ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၃ ၇/၁ စာ. ၃၁
  • လူငယ်များ၏ နှလုံးကို ထိမိသော ဗီဒီယိုခွေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူငယ်များ၏ နှလုံးကို ထိမိသော ဗီဒီယိုခွေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
က၀၃ ၇/၁ စာ. ၃၁

လူငယ်များ၏ နှလုံးကို ထိမိသော ဗီဒီယိုခွေ

လူငယ်များစွာသည် လူငယ်များအမေး—မိတ်ဆွေစစ် မည်သို့ဖွဲ့နိုင်မည်နည်းa ဗီဒီယိုခွေကို ကြည့်ပြီးနောက် မိမိတို့၏အပြုအမူကို အလေးအနက်သုံးသပ်ရန် အားပေးခံခဲ့ကြရသည်။ ထိုဗီဒီယိုခွေတွင် ခိုင်မာသောကျမ်းစာသွန်သင်ချက်၊ ခရစ်ယာန်လူငယ်များ၏ ကိုယ်တွေ့ဖော်ပြချက်များနှင့် သမ္မာကျမ်းစာမှတ်တမ်းမှ ဒိနအကြောင်းကို အခြေပြု၍ လှုံ့ဆော်အားပေးသော ခေတ်သစ်ပြဇာတ်တို့ ပါရှိ၏။ (ကမ္ဘာဦးကျမ်းအခန်းကြီး ၃၄) အဆိုပါဗီဒီယိုခွေနှင့်ပတ်သက်၍ အောက်ပါဖော်ပြချက်များမှာ မက္ကဆီကိုနိုင်ငံမှဖြစ်သည်။

မာတာက ဤသို့ပြောပြသည်– “ဒီဗီဒီယိုခွေဟာ ကျွန်မရဲ့နှလုံးကို တကယ်ထိမိတာပဲ။ အဲ့ဒီခွေက ကျွန်မအတွက်ပဲလို့ အောက်မေ့ရတယ်။ ကျွန်မဟာ ယေဟောဝါသက်သေတစ်ယောက် ဖြစ်တာကို ဆရာ၊ ဆရာမတွေနဲ့ ကျောင်းနေဖက်တွေ သိရင် လုံလောက်ပြီလို့ ထင်ခဲ့တာ။ သူတို့ကို သက်သေမခံမိဘူး။ ယေဟောဝါဖော်ပြတဲ့ အကြောင်းအရာတွေအားလုံး၊ အထူးသဖြင့် ကျွန်မတို့ကို အလွန်ထိမိစေတဲ့ ဒီဗီဒီယိုခွေအတွက် ကျေးဇူးတင်တယ်။”

ဝှန်ကာလော့စ်က ဤသို့ဆို၏– “ဒီဗီဒီယိုခွေဟာ ကျွန်တော်တို့ကို အလေးအနက်စဉ်းစားစေတယ်။ လူငယ်တစ်ယောက်အနေနဲ့ ကျွန်တော်မှားမိတာတွေရှိတယ်၊ ပြဇာတ်ထဲက ဇာတ်ကောင်တချို့နဲ့ ကျွန်တော်တူနေတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကျွန်တော်ဟာ နှစ်ဘဝစံခဲ့တယ်၊ ဒါပေမဲ့ အဲ့ဒီဘဝမျိုးဟာ ဆိုးကျိုးသက်ရောက်စေနိုင်တယ်ဆိုတာ သဘောပေါက်ခဲ့ပြီ။ ဒီဗီဒီယိုခွေကို ကြည့်ပြီးနောက် ယေဟောဝါကိုသစ္စာရှိဖို့ ကျွန်တော်သန္နိဋ္ဌာန်ချလိုက်ပြီ။”

ဆူလင်မ်က ဤသို့ဝန်ခံ၏– “ဒီဗီဒီယိုခွေကို ကျွန်မကြည့်ပြီးတာနဲ့ အရမ်းပဲစိတ်လှုပ်ရှားမိတယ်။ ဒီမတိုင်ခင်က ကျွန်မ,ကျမ်းစာမဖတ်တာကြာပြီ၊ ယေဟောဝါဆီကိုလည်း ခဏခဏဆုမတောင်းတော့ဘူး။ ဗီဒီယိုခွေထဲက လူငယ်တွေရဲ့ ပြောဆိုချက်တွေကို ကြားပြီးနောက် ကျမ်းစာပြန်ဖတ်ဖို့၊ ယေဟောဝါကိုဆုတောင်းဖို့ ကျွန်မစေ့ဆော်ခံရတယ်။”

ယနေ့ လူငယ်များစွာသည် စိန်ခေါ်ချက်များစွာနှင့် ကြုံတွေ့နေကြရပြီး သူတို့ရွေးချယ်ထားသော အပေါင်းအသင်းများသည် သူတို့၏ဘဝပုံစံကို များစွာလွှမ်းမိုးနိုင်သည်။ (ဆာလံ ၂၆:၄; သု. ၁၃:၂၀) လူငယ်များအမေး—မိတ်ဆွေစစ် မည်သို့ဖွဲ့နိုင်မည်နည်း ဗီဒီယိုခွေသည် ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဆုံးဖြတ်ချက်ကောင်းများချနိုင်ရန် လူငယ်များစွာကို ထောက်ကူပေးလျက်ရှိ၏။

[အောက်ခြေမှတ်ချက်]

a ယေဟောဝါသက်သေများ ထုတ်ဝေသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ