ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၃ ၆/၁၅ စာ. ၃၀
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • နိုးကြားနေပါ—သင့်ကို စာတန် ဝါးမျိုချင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • သင့်ရန်သူကို သိပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • စာတန်
    နိုးလော့!—၂၀၁၃
  • စာတန်ကား မည်သူနည်း။ သူသည် တကယ့်ပုဂ္ဂိုလ်လော
    နိုးလော့!—၂၀၀၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
က၀၃ ၆/၁၅ စာ. ၃၀

စာရှုသူများထံမှမေးခွန်းလွှာ

လူ့စိတ်ကို စာတန်သိမြင်နိုင်စွမ်းရှိသလော။

ကျွန်ုပ်တို့ တစ်ထစ်ချမပြောနိုင်သော်လည်း စာတန်သော်လည်းကောင်း၊ သူ၏နတ်ဆိုးများသော်လည်းကောင်း ကျွန်ုပ်တို့၏စိတ်ကို သိမြင်နိုင်စွမ်းရှိဟန်မတူပေ။

စာတန်၏သရုပ်ဖော်အမည်များကို သုံးသပ်ကြည့်ပါ။ သူ့ကို စာတန် (ဆန့်ကျင်သူ)၊ Devil (သားပုပ်လေလွင့်ပြောသူ)၊ မြွေ (လှည့်စားသူနှင့် အနက်တူ)၊ သွေးဆောင်သူနှင့် မုသာပြောသူဟု ခေါ်ဆိုထားသည်။ (ယောဘ ၁:၆; မဿဲ ၄:၃; ယောဟန် ၈:၄၄; ၂ ကောရိန္သု ၁၁:၃; ဗျာ. ၁၂:၉) ဤရုပ်လုံးပေါ်အမည်တစ်ခုမျှသည် လူ့စိတ်ကို စာတန်သိမြင်နိုင်စွမ်းရှိသည်ဟု အဓိပ္ပာယ်မသက်ရောက်စေပါ။

သို့သော် ယေဟောဝါဘုရားသခင်နှင့်ပတ်သက်၍မူ ကိုယ်တော်သည် ‘နှလုံးကိုစစ်ဆေးတော်မူသောအရှင်’ ဖြစ်၏ဟု ဖော်ပြထားသည်။ (သု. ၁၇:၃; ၁ ဓမ္မရာဇဝင် ၁၆:၇; ၁ ရာဇဝင်ချုပ် ၂၉:၁၇) ဟေဗြဲ ၄:၁၃ က “ငါတို့ကိုစစ်ကြောစီရင်တော်မူသောသူရှေ့၌ မထင်ရှားသောအရာတစ်စုံတစ်ခုမျှမရှိ။ ခပ်သိမ်းသောအရာတို့သည် အကွယ်အကာမရှိဘဲ၊ မျက်မှောက်တော်၌ လှန်ထားလျက်ရှိကြ၏” ဟုအတိအလင်းဖော်ပြသည်။ ထို့ကြောင့် ယေဟောဝါသည် နှလုံးစစ်ဆေးနိုင်စွမ်းကို သားတော်ယေရှုအား ပေးသနားထားခြင်းသည် အံ့အားသင့်စရာမဟုတ်ပါ။ ရှင်ပြန်ထမြောက်ပြီးသော ယေရှုက ဤသို့ကြေညာခဲ့သည်– “ငါသည် နှလုံးကျောက်ကပ်ကို စစ်ဆေးတော်မူသောသူဖြစ် [၏] . . . သင်တို့သည် အသီးအသီးကျင့်သောအကျင့်နှင့်အလျောက် အကျိုးအပြစ်ကိုငါပေးမည်။”—ဗျာ. ၂:၂၃။

လူ့စိတ်နှလုံးကို စာတန်စစ်ဆေးနိုင်သည်ဟု သမ္မာကျမ်းစာက မဆိုပါ။ တမန်တော်ပေါလုက ခရစ်ယာန်များသည် “[စာတန်၏] အကြံအစည်များကို . . . သိကြ” ၏ဟု ကျွန်ုပ်တို့အားစိတ်ချစေခြင်းသည် ထူးခြား၏။ (၂ ကောရိန္သု ၂:၁၁) ထို့ကြောင့် ကျွန်ုပ်တို့လုံးဝသတိမပြုမိသော သာမန်ထက်ထူးသည့်အစွမ်းတစ်မျိုးမျိုး စာတန်၌ရှိသည်ဟု ကျွန်ုပ်တို့စိုးရိမ်စရာအကြောင်းမရှိပါ။

သို့သော်၊ ဤသို့ဆိုသဖြင့် ကျွန်ုပ်တို့၏အားနည်းချက်များနှင့် ပျော့ကွက်များကို ကျွန်ုပ်တို့၏ရန်သူကြီး မသိမြင်နိုင်ဟုမဆိုလိုပါ။ စာတန်သည် လူ့အမူအကျင့်ကို ရာစုနှစ်ချီ လေ့လာခဲ့ပြီ။ ကျွန်ုပ်တို့၏အမူအကျင့်ပုံစံများကိုသိရှိရန်၊ ကျွန်ုပ်တို့ မည်သို့အပန်းဖြေသည်၊ သို့မဟုတ် အဘယ်စကားမျိုးပြောဆိုတတ်သည် စသည်တို့ကို သိရှိရန် ကျွန်ုပ်တို့၏စိတ်ကို သိမြင်နိုင်စွမ်းရှိစရာမလိုပါ။ ကျွန်ုပ်တို့ အဘယ်အရာစဉ်းစားနေကြောင်း၊ ခံစားနေရကြောင်းကို ကျွန်ုပ်တို့၏မျက်နှာထားများနှင့် ကိုယ်ဟန်အနေအထားတို့ကလည်း သဲလွန်စများပေးသည်။

သို့သော် စာတန်သည် ဧဒင်ဥယျာဉ်၌အသုံးပြုခဲ့သည့် နည်းပရိယာယ်များပင်ဖြစ်သော မုသာစကားများ၊ လှည့်စားမှုနှင့် တလွဲသတင်းပေးခြင်းတို့ကို အသုံးများပါသည်။ (ကမ္ဘာဦး ၃:၁-၅) ခရစ်ယာန်များသည် မိမိတို့၏စိတ်ကို စာတန်သိမြင်လိမ့်မည်ဟု စိုးရိမ်ထိတ်လန့်ဖို့မလိုသော်လည်း မိမိတို့စိတ်ထဲသို့ အဘယ်အတွေးအခေါ်များကို စာတန်ကြိုးစားထည့်သွင်းမည်ကို စိုးရိမ်စရာအကြောင်းရှိသည်။ ခရစ်ယာန်များသည် “စိတ်နှလုံးယိုယွင်း၍ [အမှန်]တရားနှင့်ကင်းသောသူ” များဖြစ်လာစေဖို့ သူအလိုရှိသည်။ (၁ တိမောသေ ၆:၅) ထို့ကြောင့် စာတန့်လောကတွင် ယိုယွင်းပျက်ပြားသော သတင်းအချက်အလက်များနှင့် အပန်းဖြေနည်းများ ဒုနှင့်ဒေးရှိနေခြင်းသည် အံ့အားသင့်စရာမဟုတ်ပေ။ ခရစ်ယာန်များသည် ပြင်းထန်သော ဤတိုက်ခိုက်မှုကိုခံရပ်နိုင်ကြဖို့ “ကယ်တင်ခြင်းသံခမောက်လုံး” ကိုဆောင်းထားပြီး မိမိတို့၏စိတ်ကို ကာကွယ်ထားကြရမည်။ (ဧဖက် ၆:၁၇) မိမိတို့၏စိတ်ကို ကျမ်းစာအမှန်တရားများဖြင့် ဖြည့်စွက်ထားပြီး စာတန့်လောက၏ ယုတ်ညံ့သောသြဇာလွှမ်းမိုးမှုများနှင့် မလိုအပ်ဘဲ အဆက်အသွယ်မပြုခြင်းဖြင့် ထိုသို့ပြုကြပါသည်။

စာတန်သည် စိုးရွံ့ထိတ်လန့်ဖွယ်ရန်သူကြီးဖြစ်၏။ သို့သော် သူ့ကိုလည်းကောင်း၊ သူ၏နတ်ဆိုးများကိုလည်းကောင်း ကျွန်ုပ်တို့ ကြောက်ရွံ့ထိတ်လန့်စရာမလိုပါ။ ယာကုပ် ၄:၇ က “[စာတန်] ကိုဆီးတားကြလော့။ သို့ပြုလျှင်၊ သူသည် သင်တို့ထံကပြေးသွားလိမ့်မည်” ဟု ကျွန်ုပ်တို့ကိုစိတ်ချစေသည်။ ဤအကြံပြုချက်ကို ကျွန်ုပ်တို့လိုက်နာလျှင် စာတန်သည် ကျွန်ုပ်တို့ကို ချုပ်ကိုင်နိုင်မည်မဟုတ်ဟု ယေရှုကဲ့သို့ ပြောဆိုနိုင်ကြပါလိမ့်မည်။—ယောဟန် ၁၄:၃၀။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ