ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၃ ၄/၁၅ စာ. ၃၂
  • ချစ်ခင်ကြင်နာမှုသည် မည်မျှအရေးကြီးသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ချစ်ခင်ကြင်နာမှုသည် မည်မျှအရေးကြီးသနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
က၀၃ ၄/၁၅ စာ. ၃၂

ချစ်ခင်ကြင်နာမှုသည် မည်မျှအရေးကြီးသနည်း

“လူ၏နှစ်လိုဖွယ်ရာကား သူ၏ချစ်ခင်ကြင်နာမှုဖြစ်သတည်း” ဟုသမ္မာကျမ်းစာကဆို၏။ (သု. ၁၉:၂၂၊ ကဘ) မေတ္တာ၏လှုံ့ဆော်မှုဖြင့်ပြုသော ကြင်နာမှုရှိသည့်လုပ်ရပ်များသည် အမှန်ပင် နှစ်လိုဖွယ်ဖြစ်သည်။ သို့ရာတွင် သမ္မာကျမ်းစာပါ “ချစ်ခင်ကြင်နာမှု” သည် အခြားသူတစ်ဦးက အလျင် ချစ်ခင်ကြင်နာမှုပြသောကြောင့် ဖြစ်ပေါ်လာသည့် ရှိနှင့်ပြီးသားဆက်ဆံရေးအပေါ် အခြေပြုကောင်းပြုနိုင်သည့် ကြင်နာမှုကိုရည်ညွှန်းပေမည်။ သို့ဖြစ်၍ ယင်းတွင် တည်ကြည်ခြင်းသဘောအကျုံးဝင်၏။

ယုဒဘုရင်ယောရှသည် ဤနှစ်လိုဖွယ်ကောင်းသောအရည်အသွေးကို မွေးမြူပျိုးထောင်ဖို့ ပျက်ကွက်ခဲ့၏။ သူ၏အဒေါ်နှင့် ဦးလေး ယောယဒတို့ကို သူအလွန်ကျေးဇူးတင်စရာအကြောင်းရှိခဲ့သည်။ ယောရှအသက်တစ်နှစ်မပြည့်မီ သူ၏ဆိုးသွမ်းသောအဘွားက သူ့ကိုယ်သူ မိဖုရားမြှောက်ကာ ရာဇပလ္လင်ကိုဆက်ခံမည့်သူများဖြစ်ကြသော ယောရှ၏အစ်ကိုအားလုံးကို သတ်ပစ်လိုက်လေသည်။ သို့သော် အဘွားသည် ယောရှလေးကို မသတ်လိုက်ရပေ၊ အကြောင်းမှာ သူ၏အဒေါ်နှင့်ဦးလေးတို့က သူ့ကို အသေအချာ ဝှက်ထားခဲ့၍ဖြစ်၏။ ထို့ပြင် သူတို့သည် သူ့ကို ဘုရားသခင့်ပညတ်တော် သွန်သင်ပေးခဲ့ကြသည်။ ယောရှအသက်ခုနစ်နှစ်အရွယ်ရောက်သော် သူ၏ဦးလေးသည် ယဇ်ပုရောဟိတ်မင်းအခွင့်အာဏာကို အသုံးပြု၍ ဆိုးသွမ်းသောမိဖုရားကို ကွပ်မျက်လိုက်ပြီး ယောရှကိုနန်းတင်ခဲ့သည်။—၂ ရာဇဝင်ချုပ် ၂၂:၁၀–၂၃:၁၅။

လူငယ်ယောရှသည် သူ၏ဦးလေးသေဆုံးသည်အထိ ကောင်းမွန်စွာအုပ်စိုးခဲ့သည်၊ သို့သော် နောက်ပိုင်းတွင် သူသည် ရုပ်ပုံကိုးကွယ်လေတော့သည်။ ထိုအခါ ဘုရားသခင်သည် ယောရှ၏အယူဖောက်ပြန်မှုကို သတိပေးဖို့ ယောယဒ၏သား ဇာခရိကို စေလွှတ်လိုက်၏။ ယောရှသည် ဇာခရိကို ခဲဖြင့်ပေါက်သတ်ခဲ့လေသည်။ မိမိများစွာအကြွေးတင်နေသည့် မိသားစုအပေါ် တည်ကြည်မှုမဲ့သည့် အလွန်ထိတ်လန့်တုန်လှုပ်ဖွယ် လုပ်ရပ်ပါတကား!—၂ ရာဇဝင်ချုပ် ၂၄:၁၇-၂၁။

သမ္မာကျမ်းစာကဤသို့ဆိုသည်– “ယောရှမင်းကြီးသည် ဇာခရိအဘယောယဒပြုသော ကျေးဇူး [“ချစ်ခင်ကြင်နာမှု၊” ကဘ] ကိုမအောက်မေ့၊ သားကိုသတ်လေသည်တကား။” မိမိသေဆုံးခါနီးတွင် ဇာခရိက “ဤအမှုကို ထာဝရဘုရားသည် ကြည့်ရှုစစ်ကြောတော်မူမည်” ဟုပြောခဲ့သည်။ ဇာခရိပြောဆိုခဲ့သည့်အတိုင်းပင် ယောရှသည် အလွန်မကျန်းမမာဖြစ်လာ၍ ကျွန်များ၏ လုပ်ကြံသတ်ဖြတ်မှုကို ခံခဲ့ရလေသည်။—၂ ရာဇဝင်ချုပ် ၂၄:၁၇-၂၅။

ဤအကြံပြုချက်ကို လိုက်လျှောက်ကြသူအားလုံးသည် ဘုရင်ယောရှနည်းတူ အဆုံးစီရင်မခံရဘဲ ထူးမြတ်လှသည့်အနာဂတ် ရရှိကြပေလိမ့်မည်– “ချစ်ခင်ကြင်နာမှုနှင့် စစ်မှန်မှုကို သင်နှင့်မကွာစေနှင့်။ . . . ထိုသို့ပြုလျှင် ဘုရားသခင့်ရှေ့၊ လူတို့ရှေ့ မျက်နှာရ . . . လိမ့်မည်။”—သု. ၃:၃၊ ၄၊ ကဘ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ