ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၃ ၃/၁၅ စာ. ၃၁
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • သခင့်ညစာစားပွဲကို အဘယ်ကြောင့် ကျင်းပကြသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • “ငါ့ကိုအောက်မေ့ရန် ဤသို့ပြုလျက်နေကြလော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • သခင့်ညစာစားပွဲကို ဘာကြောင့် ကျင်းပသင့်သလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ရိုးရှင်းတဲ့ ညစာစားပွဲက ကောင်းကင်ဘုရင်အကြောင်း ဘာသင်ပေးသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
က၀၃ ၃/၁၅ စာ. ၃၁

စာရှုသူများထံမှ မေးခွန်းလွှာ

အိုမင်းမစွမ်းဖြစ်နေသော ဝိညာဉ်တော်ဖွားခရစ်ယာန်တစ်ဦးသည် အသင်းတော်တွင် သခင့်ညစာစားပွဲ မတက်ရောက်နိုင်ပါက တစ်စုံတစ်ရာစီစဉ်ပေးနိုင်သလော။

စီစဉ်ပေးနိုင်ပါသည်။ အိုမင်းမစွမ်းဖြစ်ပြီး အိပ်ရာမှမထနိုင်သဖြင့် အသင်းတော်တွင် ခရစ်တော်၏သေခြင်း အောက်မေ့ရာပွဲကျင်းပသောအခါ မတက်ရောက်နိုင်သည့် ဝိညာဉ်တော်ဖွားခရစ်ယာန်တစ်ဦးကို ထောက်စာသောအားဖြင့် တစ်စုံတစ်ရာပြုလုပ်နိုင်၍ ပြုလုပ်ပေးသင့်ပါသည်။ ဤကိစ္စမျိုးတွင် ၎င်းယုံကြည်သူချင်းထံသို့ အကြီးအကဲတစ်ဦး သို့မဟုတ် အခြားရင့်ကျက်သောခရစ်ယာန်အမျိုးသားတစ်ဦးသည် အထိမ်းအမှတ် မုန့်နှင့် စပျစ်ရည်အနည်းငယ်ကို အဆိုပါည နောက်တစ်ရက်နေမထွက်မီ ယူဆောင်သွားရန် အကြီးအကဲအဖွဲ့က စီစဉ်ပေးနိုင်သည်။

ဧည့်သည်အကြီးအကဲ သို့မဟုတ် အခြားညီအစ်ကိုသည် အခြေအနေပေါ်မူတည်၍ အတိုချုပ်မှတ်ချက်ပေးကာ သက်ဆိုင်ရာကျမ်းချက်များကိုဖတ်ရှုနိုင်သည်။ သခင့်ညစာစားပွဲကို ယေရှုအစပြုကျင်းပချိန်က ကိုယ်တော်ပြုလုပ်ခဲ့သောပုံစံကို သူလိုက်လျှောက်နိုင်သည်။ ဥပမာ၊ မဿဲ ၂၆:၂၆ ကိုဖတ်ကာ ဆုတောင်းပြီးနောက် တဆေးမဲ့မုန့်ကမ်းနိုင်သည်။ ထို့နောက် ဧည့်သည်ညီအစ်ကိုသည် မဿဲအခန်းကြီး ၂၆၊ အခန်းငယ် ၂၇ နှင့် ၂၈ ကိုဖတ်ကာ နောက်တစ်ကြိမ်ဆုတောင်းပြီးနောက် စပျစ်ရည်ကမ်းနိုင်သည်။ အထိမ်းအမှတ်တစ်ခုစီ၏ ဆိုလိုရင်းကို အတိုချုပ်မှတ်ချက်ပေးပြီး နိဂုံးချုပ်ဆုတောင်းနိုင်သည်။

အသင်းတော်တွင်ကျင်းပသော သခင့်ညစာစားပွဲကို အတတ်နိုင်ဆုံး ကြိုးစားတက်ရောက်သင့်၏။ သို့သော် ဝိညာဉ်တော်ဖွားခရစ်ယာန်တစ်ဦးသည် အသည်းအသန်ဖျားနေမည်၊ ဆေးရုံတက်နေမည်၊ သို့မဟုတ် အခြားအကြောင်းကြောင့် နိသန်လ ၁၄ ရက်၊ နေဝင်ပြီးနောက်ကျင်းပသော သတိရအောက်မေ့ပွဲကို မတက်ရောက်နိုင်အောင် ဆိုးဝါးသောအခြေအနေ၌ရှိနေလျှင် အဘယ်သို့ပြုနိုင်သနည်း။ ထိုအခြေအနေ၌ရှိသော ဝိညာဉ်တော်ဖွားတစ်ဦးသည် မောရှေပညတ်အစဉ်အလာအတိုင်း ရက် ၃၀ ကြာပြီးနောက် ၎င်းအထိမ်းအမှတ်ပွဲကို ကျင်းပနိုင်ပါသည်။—တောလည်ရာ ၉:၉-၁၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ