ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၃ ၃/၁ စာ. ၃၂
  • “ကျွန်မ လိုအပ်သမျှ ရှာတွေ့ပြီ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ကျွန်မ လိုအပ်သမျှ ရှာတွေ့ပြီ”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
က၀၃ ၃/၁ စာ. ၃၂

“ကျွန်မ လိုအပ်သမျှ ရှာတွေ့ပြီ”

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အစီရင်ခံစာတစ်စောင်အရ ယခုအခါ ကမ္ဘာတစ်ဝန်းရှိ လူပေါင်းသန်း ၁၂၀ ကျော် စိတ်ဓာတ်ကျလျက်ရှိသည်ဟု ခန့်မှန်းရ၏။ နှစ်စဉ် တစ်သန်းသည် ကိုယ့်ကိုယ်ကိုသတ်သေကြပြီး ၁၀ သန်းနှင့် သန်း ၂၀ ကြားရှိသူတို့မူ မိမိကိုယ်ကို အဆုံးစီရင်ရန် ကြိုးစားကြသည်။ စိတ်ဓာတ်ကျသူများအတွက် အဘယ်အကူအညီရှိသနည်း။ ဆေးဝါးကုသမှုသည် စိတ်ကျဝေဒနာကို သက်သာစေနိုင်၏၊ စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုလည်း အရေးကြီး၏။ ထို့ပြင် ပြင်သစ်နိုင်ငံမှ အောက်ပါစာတွင် ဖော်ပြထားသည့်အတိုင်း ဤသို့ခံစားနေရသူအချို့သည် ယေဟောဝါသက်သေများ ထုတ်ဝေသော လက်တွေ့ကျ ကျမ်းစာအခြေပြုစာပေများမှ ထပ်ဆင့်အကူအညီ ရရှိခဲ့ကြသည်။

“သိပ်မကြာသေးခင်က ကျွန်မ အသက်ဆက်ရှင်ချင်စိတ် မရှိတော့ဘူး။ ဒါနဲ့ သေခွင့်ပြုပါလို့ ဘုရားသခင်ဆီ ဆုတောင်းတယ်။ ကျွန်မအတွင်းထဲမှာ သေနေသလို ခံစားနေခဲ့ရတာ။ လမ်းညွှန်မှုရှာတဲ့အနေနဲ့ ယေဟောဝါထံ ကျွန်မ ထက်ထက်သန်သန် ဆုတောင်းခဲ့တယ်။ ၂၀၀၂၊ ယေဟောဝါသက်သေများ၏ နှစ်ချုပ်စာအုပ် ကိုဖတ်ကြည့်ဖို့ ဆုံးဖြတ်ပြီး သုံးရက်နဲ့ ဖတ်ပြီးသွားတယ်။ အဲ့ဒီစာအုပ်က ကျွန်မကို အားရှိစေတဲ့ဆေးတစ်ခွက်ပဲ၊ ကျွန်မရဲ့ယုံကြည်ခြင်းကို ခိုင်ခံ့စေခဲ့တယ်။

“ကင်းမျှော်စင် နဲ့ နိုးလော့! တွေကို နည်းနည်းရှာဖွေလေ့လာလိုက်တော့ ကျွန်မ အရမ်းအံ့သြသွားတယ်! ဒီမဂ္ဂဇင်းတွေကို ကျွန်မဖတ်ခဲ့တာ ၁၅ နှစ်ကျော်ရှိပြီ၊ အဲ့ဒီဆောင်းပါးတွေဟာ တကယ့်ကိုအားရှိစရာကောင်းပြီး စိတ်ဝင်စားစရာလည်းကောင်းမှန်း မသိခဲ့ဘူး။ ကနေ့ခေတ်မှာ အင်မတန်တွေ့ရခဲတဲ့ မေတ္တာအပြည့်နဲ့ ရေးသားထားတဲ့စာပေတွေပါပဲ။ ကျွန်မလိုအပ်သမျှ ရှာတွေ့ ပြီ။”

သမ္မာကျမ်းစာက “ထာဝရဘုရားသည် နှလုံးကြေကွဲသူတို့နှင့် နီးတော်မူ၏။ စိတ်ကြေမွသူတို့ကိုလည်း ကယ်တင်တော်မူ၏” ဟုဆိုသည်။ (ဆာလံ ၃၄:၁၈၊ သမ္မာ) “နှလုံးကြေကွဲသူ” သို့မဟုတ် “စိတ်ကြေမွသူ” အားလုံးသည် သမ္မာကျမ်းစာမှ အားပေးမှုရပြီး အနာဂတ်အတွက် မျှော်လင့်ချက် အမှန်ရှာတွေ့ နိုင်ပါသည်။ ယေဟောဝါသက်သေများသည် နှစ်သိမ့်မှုရင်းမြစ်ဖြစ်သော ဘုရားသခင့်မှုတ်သွင်းခံ သမ္မာကျမ်းစာမှ အကျိုးရယူရန် လိုအပ်နေသူများကို ကူညီပေးဖို့ ကျမ်းစာအခြေပြုစာပေများကို ထုတ်ဝေလျက်ရှိသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ