ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၂ ၁၂/၁၅ စာ. ၃၂
  • “ပညာရှိသုံးဦး” သူတို့ကား မည်သူတို့နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ပညာရှိသုံးဦး” သူတို့ကား မည်သူတို့နည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
က၀၂ ၁၂/၁၅ စာ. ၃၂

“ပညာရှိသုံးဦး” သူတို့ကား မည်သူတို့နည်း

သူငယ်တော်ဖွားမြင်ရာမြင်ကွင်း၌ အများအားဖြင့် နွားစားခွက်တွင် လဲလျောင်းနေသော သူငယ်ယေရှုရှိသည့် တင်းကုပ်သို့ ကုလားအုတ်များနှင့် ရောက်ရှိလာကြသော ဝတ်ရုံခြုံထားသည့် လူသုံးဦးကို ဖော်ပြကြသည်။ ခမ်းခမ်းနားနားဝတ်ဆင်ထားသော ထိုဧည့်သည်များကို လူအများက ပညာရှိသုံးဦးဟုခေါ်ကြ၏။ သူတို့နှင့်ပတ်သက်၍ သမ္မာကျမ်းစာက မည်သို့ဆိုသနည်း။

သမ္မာကျမ်းစာအရ လူအများက ပညာရှိဟုခေါ်လေ့ရှိသူများသည် “အရှေ့ပြည်က” လာကြပြီး ထိုတွင် ယေရှုမွေးဖွားသည့်အကြောင်း သူတို့သိရှိခဲ့ကြ၏။ (မဿဲ ၂:၁၊ ၂၊ ၉) သူတို့သည် ယုဒနယ်သို့ ရောက်ရှိလာရန် အချိန်အတန်ကြာ ခရီးထွက်ခဲ့ကြရမည်။ နောက်ဆုံး၌ ယေရှုကို သူတို့တွေ့သောအခါ ကိုယ်တော်သည် နွားတင်းကုပ်တွင် မွေးဖွားခါစသူငယ် မဟုတ်တော့ချေ။ ၎င်းအစား၊ မာရိနှင့်တကွ “သူငယ်တော်” ကို အိမ်တစ်အိမ်တွင် သူတို့တွေ့ခဲ့ကြသည်။—မဿဲ ၂:၁၁။

ကျမ်းစာက အဆိုပါလူတို့ကို မာဂုပညာရှိများ သို့မဟုတ် “နက္ခတ်ဗေဒင်ပညာရှင်များ” ဟုခေါ်ဆိုပြီး ဘယ်နှစ်ဦးရောက်လာကြောင်း မဖော်ပြပေ။ သည်အောက်စဖို့ဒ် သမ္မာကျမ်းစာ ကဤသို့ရှင်းပြသည်– “မှော်အတတ်နှင့် နက္ခတ်ဗေဒင်စပ်ကြား ဆက်နွှယ်မှုရှိကြောင်း အဆိုပါဧည့်သည်များအား ဗက်လင်မြို့သို့ခေါ်ဆောင်ခဲ့သည့် ကြယ်ကို သူတို့စိတ်ဝင်စားခြင်းတွင် ပေါ်လွင်၏။” သမ္မာကျမ်းစာက မှော်အတတ်ပညာရှိသမျှနှင့် ကြယ်များမှ သတင်းအချက်အလက်များရယူရန် ကြိုးစားသော ဗာဗုလုန်အလေ့အထရှိသမျှတို့ကို ပြတ်ပြတ်သားသား ပြစ်တင်ရှုတ်ချထား၏။—တရားဟောရာ ၁၈:၁၀-၁၂; ဟေရှာယ ၄၇:၁၃။

ဤသူတို့ကြားသိခဲ့သော သတင်းအချက်အလက်တို့သည် အကျိုးတစ်ခုမျှမရှိခဲ့ချေ။ ထိုသတင်းကြောင့် ဆိုးညစ်သောဘုရင်ဟေရုဒ် မနာလိုဒေါသထွက်ခဲ့၏။ တစ်ဖန် ၎င်းကြောင့် ယောသပ်၊ မာရိနှင့် ယေရှုတို့သည် အီဂျစ်ပြည်သို့ ထွက်ပြေးသွားကြရပြီး ဗက်လင်မြို့မှ “နှစ်နှစ်အရွယ်မှစ၍ ထိုအရွယ်အောက်ယုတ်သော” သူငယ်ယောက်ျားအပေါင်းတို့ သတ်ဖြတ်ခံခဲ့ရသည်။ ဟေရုဒ်သည် နက္ခတ်ဗေဒင်ပညာရှင်များထံမှ သိရှိခဲ့ရသည့် ယေရှုမွေးဖွားသည့်အချိန်ကို သေချာစွာ တွက်ချက်ခဲ့၏။ (မဿဲ ၂:၁၆) ဤသူတို့၏လည်ပတ်မှုကြောင့် ဖြစ်ပေါ်လာခဲ့သော ခက်ခဲဆင်းရဲခြင်းအားလုံးကို ထောက်ရှု၍ သူတို့တွေ့မြင်ခဲ့သည့် ကြယ်နှင့် “ယခုဖွားမြင်သော ယုဒရှင်ဘုရင်” ၏သတင်းတို့သည် ယေရှုကိုသတ်ဖြတ်လိုသော ဘုရားသခင်၏ရန်သူ စာတန်ထံမှလာကြောင်း ကောက်ချက်ချရန် အကျိုးသင့်အကြောင်းသင့်ရှိ၏။—မဿဲ ၂:၁၊ ၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ