ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၂ ၁၂/၁ စာ. ၈
  • ကပ္ပီတန်၏စားပွဲတွင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကပ္ပီတန်၏စားပွဲတွင်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • အိမ်ရှင်နဲ့ စကားစမြည်ပြောဆိုခြင်း—လူကောင်းအားလုံး ကောင်းကင်ကို သွားကြသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • မည်သည့်စားပွဲတွင် သင်စားသောက်နေသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • သင်တို့အသင်းကို တည်ထောင်တဲ့သူက ဘယ်သူလဲ။
    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • ကောင်းကင်မှာ နိုင်ငံတော်ဖွားမြင်ပြီ
    ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
က၀၂ ၁၂/၁ စာ. ၈

ကပ္ပီတန်၏စားပွဲတွင်

သင်္ဘောကပ္ပီတန်စားပွဲတွင် စိတ်ဝင်စားစရာကောင်းသူများ၊ စားကောင်းသောက်ဖွယ်များနှင့် နှစ်သက်ဖွယ်စကားဝိုင်းတို့ဖြင့် ပျော်ရွှင်စရာကောင်းလှ၏။ သို့သော် ကြယ်ဖြူသင်္ဘောလိုင်း၏ ကပ္ပီတန်ရောဘတ် ဂျီ. စမစ် တည်ခင်းသော စားသောက်ပွဲတွင် ဝိညာဉ်ရေးခဲဖွယ်စားဖွယ်ပွဲကြီးအကြောင်း ဆွေးနွေးဖြစ်ခဲ့ကြသည်။—ဟေရှာယ ၂၅:၆။

၁၈၉၄ ခုနှစ်၌ အသက် ၂၄ နှစ်အရွယ် ရောဘတ်သည် သူ၏ပထမဦးဆုံး ကမ္ဘာပတ်ခရီးစဉ်ကိုစတင်ရန် ဒန်ဒီကင်ကလူန် သင်္ဘောကို ဦးစီးခဲ့ရသည်။ နောက်ပိုင်းတွင် သူသည် စက်ဒရစ်ခ်၊ ဆီဗီခ်၊ ရူနစ်ခ်a စသော ကြယ်ဖြူသင်္ဘောများ၏ ကပ္ပီတန်ဖြစ်ခဲ့သည်။ ဤသင်္ဘောများဖြင့် အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်၍ နယူးယောက်မြို့မှ အင်္ဂလန်နိုင်ငံ၊ လီဗာပူးလ်မြို့သို့သွားစဉ် ရောဘတ်သည် ချားလ်စ် တေ့ဇ် ရပ်စယ်လ်ကို ကပ္ပီတန်၏စားပွဲတွင် ဧည့်ခံကျွေးမွေးခွင့်ရခဲ့၏။ ရပ်စယ်လ်နှင့် စကားပြောဆိုရင်း ရောဘတ်သည် ကျမ်းစာသတင်းတရားကို စိတ်ဝင်စားလာ၏၊ ပိုမိုသိရှိနိုင်ရန် ရပ်စယ်လ်ထံမှ ကျမ်းစာစောင်များမှ လေ့လာစရာများ စာအုပ်များကို အားရဝမ်းသာရယူခဲ့သည်။

ရပ်စယ်လ်သည် စာဖြင့် အဆက်အသွယ်အမြဲပြုခဲ့ရာ ရောဘတ်သည် ကျမ်းစာသတင်းတရားကို ပိုမိုစိတ်ဝင်စားလာလေသည်။ ထို့နောက် ရောဘတ်သည် သူသိရှိလာသောအသိပညာကို ဇနီးဖြစ်သူအား ပြောပြခဲ့သည်။ မကြာမီပင် သူတို့ နှစ်ဦးစလုံးသည် ထိုစဉ်က ကျမ်းစာကျောင်းသားများဟု လူသိများခဲ့သည့် စိတ်အားထက်သန်သော ယေဟောဝါသက်သေများ ဖြစ်လာကြ၏။ နောက်ပိုင်းတွင် ရောဘတ်သည် ကျမ်းစာဟောပြောချက်များ ပေးခွင့်ရရှိခဲ့သည်။ ဥပမာ၊ ဩစတြေးလျနိုင်ငံ၊ ဘရစ္စဘိန်းမြို့တွင် “ဂိလဒ်၏သစ်ဆီမွှေး” အကြောင်း သူဟောပြောခဲ့ရာ “ကမ္ဘာမြေကြီး၏ဆင်းရဲမှုရှိသမျှအတွက်ဖြေဆေး” သည် သမ္မာကျမ်းစာသတင်းတရားဖြစ်ကြောင်း ဖော်ပြခဲ့သည်။ အင်္ဂလန်နိုင်ငံတွင် ဆလိုက်ပုံများဖြင့် “ဖန်ဆင်းခြင်း ဓာတ်ပုံပြဇာတ်” ကိုပြသ၍ ရပ်စယ်လ်၏ရှင်းပြချက်များကို ဓာတ်စက်ဖြင့် ဖွင့်ပြသည့်အခါ သူ၏ဇနီးနှင့် ကလေးငယ်များကပါ ကူညီပေးခဲ့ကြသည်။

ရောဘတ်သည် သူရရှိခဲ့သည် ဘုရားသခင့်နိုင်ငံတော်အမှန်တရား အမွေအနှစ်ကို သူ၏သားသမီးများအား လက်ဆင့်ကမ်းပေးခဲ့၏။ ယနေ့ လူမျိုးဆက်ငါးဆက်လွန်သွားပြီးနောက် သူ၏မိသားစုမှ ၁၈ ဦးသည် ကပ္ပီတန်၏စားပွဲတွင် တည်ခင်းခဲ့ရာကို ကျေးဇူးတင်စွာဖြင့် အခြားသူများအား သတင်းကောင်းဝေမျှခြင်းတွင် အလုပ်များနေကြသည်။

ယေဟောဝါသက်သေများသည် သူတို့၏စာပေများနှင့် ကျမ်းစာပညာပေးလုပ်ငန်းအားဖြင့် ကပ္ပီတန်စမစ် စိတ်ဝင်စားခဲ့သည့် ကျမ်းစာသတင်းတရားကို ကမ္ဘာတစ်ဝန်းမှလူတို့ သိရှိလာစေရန် ကူညီပေးနေကြ၏။ ကပ္ပီတန်၏စားပွဲတွင်ကြားခဲ့သည့် အလွန်စိတ်ဝင်စားဖွယ်ရာကား အဘယ်အရာဖြစ်ကြောင်း အသင်လည်း သိရှိနိုင်ပါသည်။

[အောက်ခြေမှတ်ချက်]

a ၎င်းနှင့်သွင်ပြင်လက္ခဏာတူသင်္ဘော တိုင်တင်းနစ် ၏ဝမ်းနည်းကြေကွဲဖွယ် ဦးဆုံးခရီးစဉ်တွင် ကပ္ပီတန် အီး. ဂျေ. စမစ် (အမျိုးမတော်) ကဦးစီးခဲ့သည်။

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

ရောဘတ် ဂျီ. စမစ်

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

ချားလ်စ် တီ. ရပ်စယ်လ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ