ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၂ ၁၀/၁၅ စာ. ၃၂
  • ‘နောင်၌ ပညာရှိစေလော့’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘နောင်၌ ပညာရှိစေလော့’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
က၀၂ ၁၀/၁၅ စာ. ၃၂

‘နောင်၌ ပညာရှိစေလော့’

“လူအများစုသည် မိမိတို့၏ဘဝအစောပိုင်းကို ကောင်းစွာအသုံးမချခဲ့၍ ဇရာပိုင်းတွင် စိတ်ဆင်းရဲကြရ၏။” ၁၇ ရာစုနှစ် ပြင်သစ်စာတမ်းပြုစုသူ ယန်း ဒီ လာ ဘရူရဲရီက ထိုသို့ဆိုခဲ့သည်။ မှန်ပါသည်၊ မပြတ်သားသော လူငယ်တစ်ဦးသည် အပြောင်းအလဲများလွန်းရာ အလိုမကျ၊ ဝမ်းနည်းကြေကွဲရပေမည်။ အခြားတစ်ဖက်တွင်မူ၊ ခေါင်းမာသော လူငယ်တစ်ဦးသည် ပညာမဲ့လမ်းစဉ်ကို တစ်စိုက်မတ်မတ်လိုက်ခဲ့ရာ သူ၏ဇရာပိုင်းတွင် ဝမ်းနည်းကြေကွဲရပေမည်။ မှန်ရာကိုမပြုသည့်အပြစ်ဖြစ်စေ၊ အမှားကျူးလွန်သည့်အပြစ်ဖြစ်စေ အတော်ပင် စိတ်ဆင်းရဲစေနိုင်သည်။

ထိုသို့သောအဖြစ်မျိုးကို မည်သို့ရှောင်ရှားနိုင်မည်နည်း။ လူငယ်များ မရေရာမသေချာ မဖြစ်စေရန် ဘုရားသခင်၏နှုတ်မြွက်စကားတော်က ဤသို့သတိပေး၏– “‘ငါနေ၍မပျော်နိုင်’ ဟုဆိုရသောကာလသည်မနီး၊ ဆိုးသောကာလမရောက်မီ ယခုအသက်ပျိုစဉ်အခါပင် သင့်ကို ဖန်ဆင်းတော်မူသော အရှင်ကို အောက်မေ့လော့။” (ဒေ. ၁၂:၁) အကယ်၍ သင်သည် လူငယ်တစ်ဦးဖြစ်ပါက သင်၏ပျိုမျစ်နုနယ်ချိန်တွင် ‘သင်၏ကြီးမြတ်သောဖန်ဆင်းရှင်’ ကိုသိရှိရန် တိကျပြတ်သားစွာ ကြိုးစားပါ။

သို့ ဖြစ်လျှင် လူငယ်တို့၏ မိုက်မဲသောသဘောကို ရှောင်ရှားရန် သမ္မာကျမ်းစာက လူငယ်များကို မည်သို့ကူညီပေးသနည်း။ သမ္မာကျမ်းစာက “နောင်၌ ပညာရှိစေခြင်းငှာ အကြံပေးသည်ကို နားထောင်၍ ဆုံးမသွန်သင်ခြင်းကို ခံယူလော့” ဟုဆို၏။ (သု. ၁၉:၂၀၊ သမ္မာ) ငယ်ရွယ်စဉ် သို့မဟုတ် မည်သည့်အရွယ်၌မဆို ပေါ့ပေါ့ဆဆနေခြင်း သို့မဟုတ် ကလန်ကဆန်ပြုခြင်းဖြင့် ဘုရားသခင်ရေးရာဉာဏ်ပညာကို ငြင်းပယ်ခြင်းသည် နာကြည်းဖွယ် အကျိုးဆက်များကို ခံစားရမည်ဖြစ်ကြောင်း သမ္မာကျမ်းစာက ရှင်းလင်းစွာဖော်ပြ၏။ (သု. ၁၃:၁၈) အခြားတစ်ဖက်တွင်မူ ဘုရားသခင်ရေးရာညွှန်ကြားချက်များကို အလေးထားဂရုစိုက်ခြင်းသည် “အသက်ရှည်သောကာလ နှစ်ပေါင်းများကိုလည်းကောင်း၊ ငြိမ်ဝပ်ခြင်းကိုလည်းကောင်း တိုးပွားစေ” ၍ ကျေနပ်ရောင့်ရဲသောဘဝကို ရရှိစေပါလိမ့်မည်။—သု. ၃:၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ