ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၂ ၄/၁၅ စာ. ၃၁
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင်သည် ယေရှုထံ ဆုတောင်းသင့်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • မည်သူတို့၏ ဆုတောင်းချက်များ ဖြေကြားခြင်းခံရသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ယေရှုနာမကို အမှီပြု၍ အဘယ်ကြောင့် ဆုတောင်းကြသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ဆုတောင်းခြင်းမှတစ်ဆင့် မစမှု မည်သို့ရနိုင်ပုံ
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
က၀၂ ၄/၁၅ စာ. ၃၁

စာရှုသူများထံမှမေးခွန်းလွှာ

ဆုတောင်းရာတွင် “ယေရှု၏နာမ၌” ဟူ၍မပြောဆိုဘဲ ဘုရားသခင်ထံ ချဉ်းကပ်ခြင်းသည် သင့်လျော်ပါသလော။

ယေဟောဝါထံချဉ်းကပ်လိုသူ ခရစ်ယာန်များသည် ဆုတောင်းရာတွင် ယေရှု၏နာမဖြင့် ဆုတောင်းသင့်ကြောင်း ကျမ်းစာကဖော်ပြ၏။ မိမိတပည့်တော်များအား ယေရှုက “ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှခမည်းတော်ထံသို့မရောက်ရ” ဟုမိန့်ဆိုတော်မူခဲ့သည်။ ကိုယ်တော်ဤသို့ထပ်ဆိုသည်– “သင်တို့သည် ငါ၏နာမကိုအမှီပြုလျက် ဆုတောင်းသမျှအတိုင်း ငါပြုမည်။ အကြောင်းမူကား၊ ခမည်းတော်သည် သားတော်အားဖြင့် ဘုန်းထင်ရှားတော်မူခြင်းရှိမည်အကြောင်းတည်း။ သင်တို့သည် ငါ၏နာမကိုအမှီပြု၍ တစ်စုံတစ်ခုသောဆုကိုတောင်းလျှင်၊ တောင်းသည်အတိုင်းငါပြုမည်။”—ယောဟန် ၁၄:၆၊ ၁၃၊ ၁၄

ယေရှု၏ပြိုင်ဘက်ကင်းသောရာထူးကိုရည်ညွှန်းကာ Cyclopedia of Biblical, Theological, and Ecclesiastical Literature က ဤသို့ဆို၏– “အာမခံ ယေရှုခရစ်မှတစ်ဆင့် ဘုရားသခင်တစ်ပါးတည်းထံဆုတောင်းရမည်။ ထို့ကြောင့် စိန့်များ၊ သို့မဟုတ် ကောင်းကင်တမန်များထံ အသနားခံဆုတောင်းခြင်းသည် အကျိုးမရှိရုံမက ရှုတ်ချရာကျသည်။ မည်မျှတိုင်ချီးမြှင့်ခံရသည့်သတ္တဝါဖြစ်ပါစေ ၎င်းကို ဝတ်ပြုခြင်းသည် ရုပ်ပုံကိုးကွယ်ခြင်းဖြစ်ပြီး ထိုသို့မပြုရန် ပညတ်တော်တွင် ကျပ်တည်းစွာတားမြစ်ထား၏။”

တစ်စုံတစ်ဦးက တွေ့ ကြုံမှုကောင်းတစ်ခုရပြီးနောက် “ယေရှု၏နာမ၌” ဟူ၍မပါဘဲ “ကျေးဇူးတင်ပါတယ် ယေဟောဝါ” ဟု ပြောဆိုပါက အသို့နည်း။ ယင်းက မသင့်တော်ဟုဆိုမည်လော။ ထိုသို့မဆိုနိုင်ပါ။ ခရစ်ယာန်တစ်ဦးသည် ရုတ်တရက်အန္တရာယ်ကြုံပြီး “ယေဟောဝါ၊ အကျွန်ုပ်ကို ကယ်တော်မူပါ” ဟုအော်ဟစ်လိုက်သည်ဆိုကြပါစို့။ ကိုယ်တော်၏ကျေးကျွန်သည် “ယေရှု၏နာမ၌” ဟု မပြောဆိုသောကြောင့် ဘုရားသခင်သည် မကူညီဘဲနေလိမ့်မည်မဟုတ်ချေ။

သို့ရာတွင် ဘုရားသခင်ထံရည်စူး၍ အသံကျယ်ကျယ်ဖြင့် ပြောဆိုသည့်တိုင် ယင်းသည် ဆုတောင်းချက်ဖြစ်သည်ဟု မဆိုနိုင်ပေ။ ဥပမာ၊ ကာဣနသည် ညီအာဗေလကို သတ်သည့်အတွက် ယေဟောဝါ၏စီရင်ဆုံးဖြတ်မှုကိုခံရပြီးနောက် ဤသို့ဆိုလေ၏– “အကျွန်ုပ်အပြစ်သည် မဖြေနိုင်အောင်ကြီးပါသလော။ အကျွန်ုပ်ကိုမြေကြီးပြင်မှ ယနေ့နှင်ထုတ်တော်မူပြီ မျက်နှာတော်ကိုလည်းမမြင်ရ။ မြေကြီးပေါ်မှာပြေးရသောသူ အရပ်ရပ်လည်ရသောသူဖြစ်ပါရမည်။ တွေ့သမျှသောသူတို့သည် အကျွန်ုပ်ကိုသတ်ပါလိမ့်မည်။” (ကမ္ဘာဦး ၄:၁၃၊ ၁၄) ကာဣနသည် ယေဟောဝါအားပြောဆိုနေသော်လည်း စိတ်လှုပ်ရှား၍ ပြောသောစကားများက အပြစ်၏အခကို သူစိတ်နာကြည်းစွာပြောဆိုနေခြင်းဖြစ်သည်။

သမ္မာကျမ်းစာကဤသို့ဆို၏– “ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင်ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသောသူတို့အား ကျေးဇူးပြုတော်မူ၏။” အကြီးမြတ်ဆုံးအရှင်အား လူသားတစ်ဦးမျှကဲ့သို့ယူမှတ်ကာ ကိုယ်တော်နှင့်စကားစမြည်ပြောဆိုခြင်းသည် နှိမ့်ချမှုမရှိရာရောက်သည်။ (ယာကုပ် ၄:၆; ဆာလံ ၄၇:၂; ဗျာဒိတ် ၁၄:၇) ထို့အပြင် ယေရှု၏အခန်းကဏ္ဍနှင့်ပတ်သက်၍ ကျမ်းစာဖော်ပြထားရာကို သိရှိပြီးနောက် ယေရှုခရစ်ကို အသိအမှတ်မပြုဘဲ တမင်တကာဆုတောင်းခြင်းသည်လည်း မခန့်လေးစားပြုရာကျသည်။—လုကာ ၁:၃၂၊ ၃၃။

ကျွန်ုပ်တို့ဆုတောင်းသောအခါ အထူးပုံစံတစ်ခု၊ သို့မဟုတ် ပုံသေနည်းတစ်ခုရှိရန် ယေဟောဝါတောင်းဆိုသည်ဟု မဆိုလိုပါ။ အဓိကကျသည့်အချက်တစ်ခုမှာ လူတစ်ဦး၏နှလုံးအခြေအနေဖြစ်သည်။ (၁ ဓမ္မရာဇဝင် ၁၆:၇) ပထမရာစုတွင် ကော်နေလိအမည်ရှိ ရောမစစ်အရာရှိတစ်ဦးသည် “ဘုရားသခင်ထံ [အဆက်မပြတ်] ဆု[တောင်း]၏။” အရေဖျားမလှီးသည့် တစ်ပါးအမျိုးသားဖြစ်သူ ကော်နေလိသည် ယေဟောဝါထံဆက်ကပ်အပ်နှံထားသူမဟုတ်ချေ။ သူသည် ယေရှု၏နာမ၌ ဆုတောင်းခဲ့မည်မဟုတ်သော်လည်း သူ၏ဆုတောင်းချက်များသည် “ဘုရားသခင့်ရှေ့တော်၌ အောက်မေ့စရာဖို့” ဖြစ်ခဲ့၏။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ကော်နေလိသည် “ဘုရား[သခင်]ဝတ်၌မွေ့လျော်၍ ဘုရားသခင်ကိုကြောက်ရွံ့ခြင်းရှိ” သောသူဖြစ်ကြောင်း “နှလုံးကိုစစ်ဆေးတော်မူသောအရှင်” တွေ့ မြင်တော်မူသောကြောင့်ဖြစ်၏။ (တမန်တော် ၁၀:၂၊ ၄; သု. ၁၇:၃) “နာဇရက်မြို့သားယေရှု” ကိုသိကျွမ်းလာသည့်အခါ ကော်နေလိသည် သန့်ရှင်းသောဝိညာဉ်တော်ရရှိပြီး ယေရှု၏နှစ်ခြင်းခံ တပည့်တော်တစ်ဦး ဖြစ်လာလေသည်။—တမန်တော် ၁၀:၃၀-၄၈။

အဆုံးစွန်မှာ မည်သည့်ဆုတောင်းချက်များကို ဘုရားသခင်နားညောင်းတော်မူကြောင်း လူသားတို့ ဆုံးဖြတ်ရန်မဟုတ်ချေ။ ခရစ်ယာန်တစ်ဦးသည် ဘုရားသခင်ထံ မကြာခဏစကားပြောဆို၍ “ယေရှု၏နာမ၌” ဟူသည့်အသုံးအနှုန်းကို အသုံးမပြုမိပါက အပြစ်ရှိသည်ဟုခံစားနေစရာမလိုပါ။ ယေဟောဝါသည် ကျွန်ုပ်တို့၏ကန့်သတ်ချက်များကို အပြည့်အဝသိရှိတော်မူပြီး ကျွန်ုပ်တို့ကို ကူညီပေးလိုတော်မူ၏။ (ဆာလံ ၁၀၃:၁၂-၁၄) ကျွန်ုပ်တို့သည် “ဘုရားသခင့်သားတော်” ကိုယုံကြည်ပြီး “ကိုယ်တော့်အလိုတော်နှင့်အညီ တစ်စုံတစ်ခုသောဆုကိုတောင်း” မည်ဆိုလျှင် “ဘုရားသခင်နားထောင်တော်မူမည်” ဟု ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ပါသည်။ (၁ ယောဟန် ၅:၁၃၊ ၁၄) အထူးသဖြင့် လူထုရှေ့ အခြားသူများကိုယ်စား ဆုတောင်းသည့်အခါ စစ်မှန်သောခရစ်ယာန်များသည် ကျမ်းစာတွင်ဖော်ပြထားသည့် ယေဟောဝါ၏ရည်ရွယ်တော်မူချက်၌ ယေရှု၏အခန်းကဏ္ဍကို အသိအမှတ်ပြုကြသည်။ ထို့ကြောင့် သူတို့သည် ယေရှုမှတစ်ဆင့် ဘုရားသခင်ထံဆုတောင်းရာတွင် ကိုယ်တော့်ကို နာခံမှုရှိရှိ ဂုဏ်တင်ဖို့ ကြိုးစားကြသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ