ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၂ ၂/၁၅ စာ. ၃၂
  • ကြည်လင်သောသိစိတ်အတွက် မည်မျှပေးဆပ်ရသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြည်လင်သောသိစိတ်အတွက် မည်မျှပေးဆပ်ရသနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
က၀၂ ၂/၁၅ စာ. ၃၂

ကြည်လင်သောသိစိတ်အတွက် မည်မျှပေးဆပ်ရသနည်း

“ဘရာဇီးဒေါ်လာ ၂၀,၀၀၀ လက်ခံယူရန် အစိုးရ အမိန့်ပေးခံရ။” မကြာသေးမီက ဘရာဇီးသတင်းစာ ကိုရေယူ ဒူး ပိုဗူ တွင် ထူးဆန်းသောဤခေါင်းစီးကို တွေ့လိုက်ရသည်။ ထိုဆောင်းပါးတွင် အစိုးရကို မြေကွက်တစ်ကွက်ရောင်းခဲ့သော ဒေသခံစာပို့သမား လူအီဇ် အဲလ်ဗို ဒီ အေရေအူဇူအကြောင်းပါသည်။ လူအီဇ်သည် မိမိပိုင်ဆိုင်ခွင့်ကို လွှဲပြောင်းလက်မှတ်ထိုးပေးပြီးနောက် သဘောတူထားသည့် တန်ဖိုးငွေထက် ဘရာဇီးဒေါ်လာ ၂၀,၀၀၀ (ယူ.အက်စ်. ဒေါ်လာ ၈,၀၀၀ နီးပါး) ပိုရရှိသည့်အတွက် အံ့အားသင့်ခဲ့၏!

ပိုသောငွေကို ပြန်ပေးခြင်းသည် အပြောလွယ်သလောက် အလုပ်ခက်၏။ လူအီဇ်သည် အစိုးရဌာနများစွာထံသို့ သွားရောက်ခဲ့သော်လည်း မအောင်မြင်သောကြောင့် ရှေ့နေတစ်ဦးကို ငှားရမ်းပြီး တရားရုံးတွင် ထိုပြဿနာကိုဖြေရှင်းရန် အကြံပေးခံခဲ့ရသည်။ ငွေကိုလက်ခံပြီး တရားရေးကုန်ကျစရိတ်ကို ပေးဆက်ရန် အစိုးရကို စီရင်ချက်ချခဲ့သော တရားသူကြီးက ဤသို့ထုတ်ဖော်ပြောဆိုခဲ့သည်– “တစ်ယောက်ယောက် မှားသွားတာဖြစ်မယ်၊ လွန်စွာရှုပ်ထွေးတဲ့ တရားဝင်လုပ်ထုံးကြောင့် ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမှန်း မသိကြဘူး။ ဒီလိုအမှုမျိုး ကျွန်တော်တစ်ခါမျှ မကြုံဖူးဘူး။”

ယေဟောဝါသက်သေတစ်ဦးဖြစ်သူ လူအီဇ်က ဤသို့ရှင်းပြသည်– “ကျွန်တော့်ရဲ့ကျမ်းစာနဲ့လေ့ကျင့်ထားတဲ့ သိစိတ်က ကျွန်တော်မပိုင်တာကို မယူခိုင်းဘူး။ ဒီငွေကို ပြန်ပေးဖို့သာ ကျွန်တော်အတတ်နိုင်ဆုံး ကြိုးစားရတော့တယ်။”

ဤသို့သောစိတ်ထားကို လူများစွာက ထူးဆန်းသည်၊ မယုံကြည်နိုင်ဖွယ်ရာဟူ၍ပင် ယူမှတ်ကြပေမည်။ သို့သော် ခရစ်ယာန်စစ်များသည် လောကအာဏာပိုင်များနှင့် ဆက်ဆံရာတွင် ကြည်လင်သောသိစိတ် ထိန်းသိမ်းထားခြင်းကို အလွန်တန်ဖိုးထားကြကြောင်း ကျမ်းစာက ဖော်ပြ၏။ (ရောမ ၁၃:၅) ယေဟောဝါသက်သေများသည် “ကိုယ်ကိုကိုယ်သိသောစိတ်ကြည်လင်လျက်၊ အရာရာတို့၌ ကောင်းမွန်စွာကျင့်” ဖို့ သန္နိဋ္ဌာန်ချထားကြသည်။—ဟေဗြဲ ၁၃:၁၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ