ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၂ ၂/၁၅ စာ. ၂၉
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • အသက်ပြေးပွဲတွင် လက်လျှော့အရှုံးမပေးနှင့်!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ယုံကြည်ခြင်းကင်းမဲ့မှုကို သတိပြုကြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • အဆုံးထိ သစ္စာရှိရှိ ခံရပ်နိုင်ဖို့ ကူညီပေးမယ့် စာတစ်စောင်
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • သင်၏အသက်ဆုကျေးဇူးကို မှန်ကန်စွာတန်ဖိုးထားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
က၀၂ ၂/၁၅ စာ. ၂၉

စာရှုသူများထံမှမေးခွန်းလွှာ

ဟေဗြဲ ၁၂:၄ ပါ “ကိုယ်အသွေးထွက်သည်တိုင်အောင် မခံရကြသေး” ဟူသောစကား၏ အဓိပ္ပာယ်ကားအဘယ်နည်း။

“ကိုယ်အသွေးထွက်သည်တိုင်အောင် . . . ခံရ” ဟူသော စကားစုသည် စာသားအတိုင်းပင် အသက်သွေးထွက်၍ သေခြင်းကိုဆိုလို၏။

ဟေဗြဲခရစ်ယာန်အချို့သည် သူတို့၏ယုံကြည်ခြင်းကြောင့် “ကြီးစွာသောဆင်းရဲ . . . ဝေဒနာများကို ဆိုင်ပြိုင်တိုက်လှန်ခြင်းနှင့် တွေ့ဆုံ” ခဲ့ပြီဖြစ်ကြောင်း တမန်တော်ပေါလုသိသည်။ (ဟေဗြဲ ၁၀:၃၂၊ ၃၃) ၎င်းကို ပေါလုထောက်ပြရာတွင် အပြေးပြိုင်ပွဲ၊ နပန်းပွဲ၊ လက်ဝှေ့၊ သံပြားဝိုင်းနှင့် လှံတံပစ်တို့ပါဝင်သော ဂရိအားကစားပြိုင်ပွဲတွင် ပြိုင်ဆိုင်ခြင်း ပုံပမာကို အသုံးပြုခဲ့ပုံရ၏။ သို့ဖြစ်၍ ဟေဗြဲ ၁၂:၁ တွင် ခရစ်ယာန်ချင်းများကို သူဤသို့တိုက်တွန်းခဲ့သည်– “ငါတို့သည် ခပ်သိမ်းသောဝန်တို့ကိုလည်းကောင်း၊ နှောင့်ယှက်တတ်သော [မကောင်းမှု]ကိုလည်းကောင်း ပယ်ရှား၍ ငါတို့မျက်မှောက်၌ထားသော ပန်းတုံးတိုင်သို့ ရောက်ခြင်းငှာ အားမလျော့ဘဲ ပြေးကြကုန်အံ့။”

ထို့နောက် အခန်းငယ်သုံးခုကျော် ဟေဗြဲ ၁၂:၄ တွင်ပေါလုက အပြေးပြိုင်ပွဲမှ လက်ဝှေ့ပြိုင်ပွဲအသွင်သို့ ပြောင်းလဲလိုက်ခြင်းဖြစ်ပေမည်။ (ဤပုံပမာနှစ်ခုစလုံးကို ၁ ကောရိန္သု ၉:၂၆ တွင်ဖော်ပြထားသည်။) ရှေးလက်ဝှေ့သမားများသည် သူတို့၏လက်သီးများနှင့် လက်ကောက်ဝတ်များကို သားရေကြိုးများနှင့် ပတ်ရစ်ထားကြ၏။ ထိုသားရေကြိုးများတွင် “လက်ဝှေ့သမားများအား ပြင်းထန်သော ဒဏ်ရာများရစေသည့် ခဲလုံးများ၊ သံလုံးများ၊ သတ္တုလုံးများ” ကိုပင် ထည့်ထားတတ်ကြသည်။ ရက်စက်သော ဤပြိုင်ပွဲများသည် သွေးထွက်စေနိုင်ပြီး တစ်ခါတစ်ရံ သေပင်သေစေနိုင်၏။

မည်သို့ပင်ဖြစ်ပါစေ၊ “အသွေးထွက်” ကာသေဆုံးခဲ့ရသည့်တိုင် ညှဉ်းပန်းနှိပ်စက်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုခံခဲ့ရသော သစ္စာရှိဘုရားသခင့်ကျေးကျွန်များ၏ ပုံနမူနာများစွာကို ဟေဗြဲခရစ်ယာန်များ တွေ့ မြင်ခဲ့ကြရသည်။ ရှေးတည်ကြည်သူများ ကြုံတွေ့ ခဲ့ကြရသည့် ပေါလုဖော်ပြသောအခက်အခဲများကို သတိပြုပါ–

သူတို့သည် “ကျောက်ခဲနှင့်ပစ်ခြင်း၊ လွှနှင့်အပိုင်းပိုင်းတိုက်ဖြတ်ခြင်း၊ စုံစမ်းနှောင့်ယှက်ခြင်း၊ ဓားလက်နက်နှင့် ကွပ်မျက်ခြင်းကိုခံရကြ၏။ အလွန်ဆင်းရဲလျက်၊ ညှဉ်းဆဲနှိပ်စက်ခြင်းကိုခံလျက် သိုးရေ၊ ဆိတ်ရေကိုဝတ်၍ လှည့်လည်ရကြ၏။” ထို့နောက် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို စုံလင်စေသူယေရှုအကြောင်း ပေါလုက ဤသို့ဖော်ပြခဲ့သည်– “ထိုသခင်သည် ရှက်ကြောက်သောအရာကို မမှတ်ဘဲ လက်ဝါးကပ်တိုင်၌ခံပြီးမှ ဘုရားသခင်၏ပလ္လင်တော် လက်ယာဘက်၌ ထိုင်နေတော်မူ၏။”—ဟေဗြဲ ၁၁:၃၇; ၁၂:၂။

မှန်ပါသည်၊ “ကိုယ်အသွေးထွက်သည်တိုင်အောင် . . . ခံရ” ပြီး သေဆုံးခဲ့ရသူများစွာရှိသည်။ သူတို့၏တိုက်လှန်မှုမှာ ယုံကြည်ခြင်းကင်းမဲ့ခြင်းအပြစ်ကို အကြိတ်အနယ်ရုန်းကန်တိုက်လှန်ခြင်းထက်မက ဖြစ်ပေသည်။ သူတို့သည် ရက်ရက်စက်စက်ညှဉ်းဆဲနှိပ်စက်ခံရသည့်ကြား သေသည့်တိုင် တည်ကြည်ခဲ့ကြ၏။

ကြမ်းတမ်းစွာညှဉ်းပန်းနှိပ်စက်မှုများ ဖြစ်ခဲ့ပြီးနောက်မှ ခရစ်ယာန်များဖြစ်လာနိုင်ဖွယ်ရှိကြသော ယေရုရှလင်အသင်းတော်ရှိ လူသစ်များသည် ဤသို့သောပြင်းထန်သည့်စမ်းသပ်မှုများကို တစ်ခါမျှမကြုံခဲ့ရဖူးချေ။ (တမန်တော် ၇:၅၄-၆၀; ၁၂:၁၊ ၂; ဟေဗြဲ ၁၃:၇) သို့တိုင် အချို့တို့သည် မပြင်းထန်လှသည့်စုံစမ်းမှုများကိုခံကြရ၍ ပြိုင်ပွဲတွင် ဆက်မပါဝင်လိုတော့ချေ; ဤသူတို့သည် “အားလျော့စိတ်ပျက်” နေကြသည်။ (ဟေဗြဲ ၁၂:၃) ဤသူတို့သည် ရင့်ကျက်လာဖို့လိုသည်။ သို့ဆိုလျှင် ရိုက်ပုတ်နှိပ်စက်မှုမက အသက်သွေးထွက်သည့်အထိဖြစ်ပါလေစေ ခံနိုင်ရည်ရှိစေပါလိမ့်မည်။—ဟေဗြဲ ၆:၁; ၁၂:၇-၁၁။

မျက်မှောက်ခေတ် ခရစ်ယာန်များစွာသည် သူတို့၏ခရစ်ယာန်ဘာသာတရားကို မစွန့်လွှတ်သောကြောင့် “ကိုယ်အသွေးထွက်သည်တိုင်အောင် . . . ခံရ” ပြီးကွပ်မျက်ခံခဲ့ကြရ၏။ ဟေဗြဲ ၁၂:၄ ပါပေါလု၏စကားများကြောင့် ကြောက်ရွံ့တုန်လှုပ်မည့်အစား ဘုရားသခင်ကို ကျွန်ုပ်တို့တည်ကြည်မှုရှိရန် အဘယ်အထိခံနိုင်ရည်ရှိဖို့ ဆုံးဖြတ်ထားကြောင်းကို ဖော်ပြခြင်းဖြစ်သည်ဟု မှတ်ယူနိုင်ပါသည်။ ဟေဗြဲလူများထံရေးသော ထိုစာအဆုံးပိုင်းတွင်ပင် ပေါလုဤသို့ရေးခဲ့၏– “ခန့်ညားကြောက်ရွံ့သောသဘောနှင့် ဘုရားသခင်ကို လျောက်ပတ်စွာ ဝတ်ပြုနိုင်မည်အကြောင်း ကျေးဇူးတော်ကို စွဲလမ်းကြကုန်အံ့။”—ဟေဗြဲ ၁၂:၂၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ