ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၁ ၁၂/၁၅ စာ. ၃၂
  • ‘သင့်မျက်စိ၌ခတ်ရန် မျက်စဉ်းဆေး’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘သင့်မျက်စိ၌ခတ်ရန် မျက်စဉ်းဆေး’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
က၀၁ ၁၂/၁၅ စာ. ၃၂

‘သင့်မျက်စိ၌ခတ်ရန် မျက်စဉ်းဆေး’

အာရှမိုင်းနားနယ် လောဒိကိမြို့ရှိ ပထမရာစု ခရစ်ယာန်အသင်းတော်ထံ အဆိုပါဆေးညွှန်းကို ယေရှုခရစ်ပေးခဲ့သည်။

ယေရှု ဤသို့ဆို၏– “သင်၏မျက်စိမြင်စေခြင်းငှာ မျက်စိ၌ခတ်ရန်မျက်စဉ်းကို . . . ဝယ်လော့။” ကုသရန်လိုသည်မှာ တကယ့်မျက်စိရောဂါမဟုတ်ဘဲ ဝိညာဉ်ရေးအရ မျက်စိကွယ်ခြင်းကိုဖြစ်သည်။ လောဒိကိမြို့ရှိ ခရစ်ယာန်များသည် သူတို့နေထိုင်သည့် ကြွယ်ဝချမ်းသာသောမြို့၏ ဩဇာလွှမ်းမိုးမှုခံခဲ့ရပြီး သူတို့၏ ဝိညာဉ်ရေးလိုအပ်ရာများကို အလေးမထားသူများ ဖြစ်လာခဲ့ကြသည်။

ယင်းကို သူတို့အမြင်အာရုံချို့တဲ့ရခြင်း၏ အကြောင်းရင်းအဖြစ် ဖော်ပြရာတွင် ယေရှု ဤသို့ဆိုသည်– “သင်ကလည်း၊ ‘ငါသည်ဥစ္စာရတတ်၏။ ဘဏ္ဍာများကိုဆည်းပူးပြီ။ တစ်စုံတစ်ခုကိုမျှမလို’ ဟုပြောဆို၍၊ ကိုယ်တိုင်ပင်ပန်းခြင်း၊ သနားဖွယ်ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အဝတ်အချည်းစည်းရှိခြင်းဖြစ်သည်ကို မသိပါတကား။” ယင်းကို အသင်းသားများ မသိကြစေကာမူ သူတို့သည် ရောဂါပျောက်စေသော “မျက်စဉ်း” လိုအပ်နေ၏၊ ၎င်းကို ယေရှုခရစ်၏ သွန်သင်ချက်နှင့် ဆုံးမပဲ့ပြင်မှုတို့ကို လက်အောက်ခံခြင်းဖြင့်သာ သူတို့ရရှိနိုင်မည်ဖြစ်သည်။ ယေရှုက “ငါ့ထံမှဝယ်လော့” ဟုဆိုသည်။—ဗျာဒိတ် ၃:၁၇၊ ၁၈၊ သမ္မာ။

လောဒိကိမြို့ရှိသူများကဲ့သို့ပင် မျက်မှောက်ခေတ် ခရစ်ယာန်စစ်များသည် သူတို့နေထိုင်ကြသည့် ရုပ်ဝါဒဆန်၍ အပျော်အပါးကို အဓိကထားသောဝန်းကျင်၏ ဩဇာလွှမ်းမိုးမှု မသိမသာခံနေရခြင်းကို သတိထားဖို့လိုသည်။ ကျန်းခံ့သောဝိညာဉ်ရေးအမြင်ကို ထိန်းသိမ်းထားရန် ဆေးညွှန်းကို ဤဆုံးမချက်တွင်ဖော်ပြထားသည်– ‘သင်၏မျက်စိမြင်စေခြင်းငှာ မျက်စိ၌ခတ်ရန်မျက်စဉ်းကို . . . [ယေရှု] ထံမှဝယ်လော့။’

သတိပြုထိုက်သည်မှာ ထို “မျက်စဉ်း” ကိုဝယ်ယူရမည်ဖြစ်သည်။ ထို့ကြောင့် ကုန်ကျစရာရှိသည်။ သမ္မာကျမ်းစာကို လေ့လာ၍ ဆင်ခြင်သုံးသပ်ရန် အချိန်ယူရမည်။ ထိုနှုတ်မြွက်စကားတော်များသည် “စင်ကြယ်သည်ဖြစ်၍၊ [ဝိညာဉ်ရေး] မျက်စိကိုရှင်းလင်းစေတတ်၏” ဟု ဆာလံဆရာက အာမခံထားသည်။—ဆာလံ ၁၉:၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ