ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၁ ၉/၁၅ စာ. ၂၈
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • မည်သူ၏ကိုးကွယ်မှုကို ဘုရားသခင်နှစ်သက်တော်မူသနည်း
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
  • ခရစ်ယာန်များသည် ဝိညာဉ်နှင့် အမှန်တရားဖြင့် ဝတ်ပြုကိုးကွယ်ကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ဘုရားသခင့် စွမ်းအားတော် လမ်းညွှန်မှုကို ဘာကြောင့်ခံယူဖို့လို
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ပထမရာစုနဲ့ ယနေ့ခေတ်မှာ ဘုရားသခင့်စွမ်းအားတော်လမ်းညွှန်မှုကိုခံယူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
က၀၁ ၉/၁၅ စာ. ၂၈

စာရှုသူများထံမှမေးခွန်းလွှာ

ယေဟောဝါအား “စိတ်ဖြင့်” ကိုးကွယ်ခြင်းဟူသည် အဘယ်အရာကိုဆိုလိုသနည်း။

ရှုခါမြို့အနီး ယာကုပ်၏ရေတွင်း၌ ရေလာခပ်သော ရှမာရိအမျိုးသမီးတစ်ဦးကို သက်သေခံသောအခါ ယေရှုခရစ်က “ဘုရားသခင်သည် . . . ဝိညာဉ်တစ်ပါးဖြစ်တော်မူသဖြင့် ကိုယ်တော်ကိုဝတ်ပြုသောသူတို့သည် စိတ်ဖြင့်လည်းကောင်း၊ [အမှန်တရား]ဖြင့်လည်းကောင်း ဝတ်ပြုရမည်ဟု မိန့်တော်မူ၏။” (ယောဟန် ၄:၂၄၊ ကဘ) စစ်မှန်သောဝတ်ပြုရေးကို ‘အမှန်တရားဖြင့်’ ဝတ်ပြုရမည်ဆိုသည်မှာ ယေဟောဝါဘုရားသခင်သည် မိမိအကြောင်းနှင့် မိမိ၏ရည် ရွယ်ချက်များအကြောင်း သမ္မာကျမ်းစာတွင် ဖော်ပြထားရာများနှင့်အညီ လုပ်ဆောင်ခြင်းဖြစ်သည်။ ထို့ပြင် အားကြီးသောမေတ္တာ၊ ယုံကြည်ခြင်းအပြည့်ရှိနှလုံး၏ လှုံ့ဆော်ပေးမှုဖြင့် စိတ်အားထက်သန်စွာ ဘုရားသခင်ကို ကျွန်ုပ်တို့ဝတ်ပြုကိုးကွယ်ရမည်ဖြစ်သည်။ (တိတု ၂:၁၄) သို့သော် ‘ဘုရားသခင်ကို စိတ်ဖြင့်ဝတ်ပြုရမည်’ ဟုယေရှုမိန့်ဆိုခဲ့ခြင်းသည် ယေဟောဝါအား ကျွန်ုပ်တို့ဝတ်ပြုကိုးကွယ်ရာတွင် ကျွန်ုပ်တို့တွင်ရှိသော စိတ်သဘောထက်မကဆိုလိုကြောင်း ရှေ့နောက်စကားကဖော်ပြသည်။

ရေတွင်း၌ ယေရှုတွေ့ဆုံခဲ့သောအမျိုးသမီးနှင့် ကိုယ်တော်ဆွေးနွေးခဲ့ခြင်းအကြောင်းသည် ဝတ်ပြုရေး၌ စိတ်အားထက်သန်မှုရှိခြင်း၊ မရှိခြင်းအကြောင်းမဟုတ်ချေ။ မှားယွင်းသောဝတ်ပြုရေးကိုပင် ဇွဲရှိရှိ၊ သစ္စာရှိရှိ ဝတ်ပြုနိုင်၏။ ၎င်းအစား မျက်မြင်ရဒေသများဖြစ်ကြသော ရှမာရိတောင်၌လည်းကောင်း၊ ယေရုရှလင်မြို့ရှိ ဗိမာန်တော်၌လည်းကောင်း ခမည်းတော်ကို ဝတ်ပြုကိုးကွယ်ကြလိမ့်မည်မဟုတ်ကြောင်း ယေရှုပြောပြီးနောက် ဘုရားသခင်၏သဘောသဘာဝအစစ်အမှန်ကို အခြေပြု၍ ဝတ်ပြုကိုးကွယ်ရမည့်နည်းအသစ်ကို ကိုယ်တော်ညွှန်ပြခဲ့၏။ (ယောဟန် ၄:၂၁) “ဘုရားသခင်သည် . . . ဝိညာဉ်တစ်ပါးဖြစ်တော်မူ၏” ဟုကိုယ်တော်မိန့်ဆိုခဲ့သည်။ (ယောဟန် ၄:၂၄) စစ်မှန်သောဘုရားသခင်သည် ရုပ်ခန္ဓာမရှိသောကြောင့် ကိုယ်တော့်ကို မမြင်နိုင်၊ မထိတွေ့ နိုင်ပေ။ ကိုယ်တော်၏ဝတ်ပြုရေးသည် မျက်မြင်ရဗိမာန်တော်တစ်ခု သို့မဟုတ် တောင်တစ်လုံး၌ အခြေမပြုချေ။ သို့ဖြစ်၍ မျက်မြင်ရအရာများကိုကျော်လွန်သော ဝတ်ပြုရေးအသွင်တစ်မျိုးကို ယေရှုရည်ညွှန်းနေခြင်းဖြစ်သည်။

အမှန်တရားဖြင့် ဝတ်ပြုကိုးကွယ်ရမည့်အပြင် အလိုတော်နှင့်ညီသောဝတ်ပြုမှုသည် သန့်ရှင်းသောဝိညာဉ်တော်—ဘုရားသခင်၏တက်ကြွလှုပ်ရှားသည့်စွမ်းအား—၏လမ်းညွှန်မှုကိုလည်း ခံရပေမည်။ “[သန့်ရှင်းသော] ဝိညာဉ်တော်သည် ဘုရားသခင်၏နက်နဲသောအရာတိုင်အောင် ခပ်သိမ်းသောအရာတို့ကို စစ်တော်မူ၏” ဟုတမန်တော်ပေါလုရေးသားခဲ့သည်။ ထပ်မံ၍ သူဤသို့ဆိုသည်– “ငါတို့သည် လော[က]ဝိညာဉ်ကိုမခံရကြ။ ဘုရားသခင်ပေးတော်မူသောအရာတို့ကို သိခြင်းအလိုငှာ ဘုရားသခင့်ထံမှကြွလာသောဝိညာဉ်ကို ခံရကြပြီ။” (၁ ကောရိန္သု ၂:၈-၁၂) ဘုရားသခင့်အလိုတော်နှင့်အညီ ဝတ်ပြုကိုးကွယ်ရန် ကိုယ်တော်၏ဝိညာဉ်တော်ကိုခံရပြီး ယင်း၏လမ်းညွှန်မှုကို ခံရမည်ဖြစ်သည်။ ထို့ပြင် ကျွန်ုပ်တို့၏စိတ် သို့မဟုတ် စိတ်နေစိတ်ထားသည် ကိုယ်တော်၏နှုတ်မြွက်စကားတော်ကို လေ့လာကျင့်သုံးခြင်းအားဖြင့် ကိုယ်တော်၏ဝိညာဉ်တော်နှင့်အညီ ဖြစ်ဖို့လည်းလိုသည်။

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

“စိတ်ဖြင့်လည်းကောင်း၊ [အမှန် တရား]ဖြင့်လည်းကောင်း” ဘုရားသခင်ကို ဝတ်ပြု ကိုးကွယ်ပါ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ