ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၁ ၈/၁၅ စာ. ၃၂
  • ဂုဏ်ထူးဆောင်လက်မှတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဂုဏ်ထူးဆောင်လက်မှတ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
က၀၁ ၈/၁၅ စာ. ၃၂

ဂုဏ်ထူးဆောင်လက်မှတ်

ယင်းသည် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကွန်ဂိုနှင့်အာဖရိက သတင်းစာဆရာများအသင်း (AJOCAD) က “[ကွန်ဂိုနိုင်ငံ] ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ထူးခြားစွာအထောက်အကူပြုသည့် ပုဂ္ဂိုလ်များ သို့မဟုတ် လူမှုရေးအဖွဲ့အစည်းများကိုချီးမြှင့်သောဆု” ဖြစ်သည်။

၂၀၀၀ ပြည့်နှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ယေဟောဝါသက်သေများသည် “သူတို့၏စာပေများတွင်ပါသည့် ပညာရေးနှင့် သွန်သင်မှုများ [အားဖြင့်] ကွန်ဂိုနိုင်ငံသားတစ်ဦးစီ၏တိုးတက်ရေးကို အထောက်အကူပေးမှု” အတွက် ဂုဏ်ထူးဆောင်လက်မှတ် ချီးမြှင့်ခံရသည်။

ထိုသို့ ဆုချီးမြှင့်ခံရခြင်းအကြောင်း ရှင်းလင်းချက်တွင် ကင်ရှာဆာသတင်းစာ လ ဖာရ် ကဤသို့ဆိုသည်– “ယေဟောဝါသက်သေများထုတ်ဝေသည့် ကင်းမျှော်စင်၊ နိုးလော့! နှင့် အခြားစာပေများကို မဖတ်ဖူးသည့် ကွန်ဂိုပြည်သားတစ်ဦးကိုတွေ့ဖို့ ခက်လှသည်။ ၎င်းမဂ္ဂဇင်းများက ဘဝကဏ္ဍအသီးသီးကို [ဆွေးနွေး] တင်ပြသည်။” ထိုစာပေများသည် “မျက်မှောက်ခေတ်ပြဿနာများကို မည်သို့ကိုင်တွယ်ဖြေရှင်းနိုင်ပုံ” နှင့် “လတ်တလောဖြစ်ရပ်များနောက်ကွယ်ရှိ အဓိပ္ပာယ်မှန်” ကိုပြညွှန်ပေးကြောင်းကိုလည်း ထိုဆောင်းပါး၌ ဖော်ပြထားသည်။ နိုးလော့! မဂ္ဂဇင်းတိုင်းသည် “နိုင်ငံရေးတွင် ကြားနေကာ လူမျိုးတစ်မျိုးကို တစ်မျိုးထက် ချီးမြှောက်ခြင်းမပြုပါ။” ထို့ပြင် ဤစာပေများသည် “ဆိုးယုတ်၍တရားမဲ့သောလက်ရှိအစီအစဉ်စနစ်၏နေရာတွင် အစားဝင်တော့မည့် ငြိမ်းချမ်းလုံခြုံသည့် ကမ္ဘာသစ်နှင့်ပတ်သက်သော ဖန်ဆင်းရှင်၏ကတိတော်ကို ယုံကြည်စိတ်ချစေရန်” ထောက်ကူပေးသည်။

AJOCAD ကသတိပြုစေသည့်အတိုင်း ယေဟောဝါသက်သေများ၏ စာပေများသည် ကွန်ဂိုနိုင်ငံသားအများစုအတွက် အကျိုးရှိခဲ့ပြီ။ ယင်းတို့ကို ဘာသာစကားရာနှင့်ချီ၍ရရှိနိုင်ရာ ၎င်းတို့တွင်ပါသည့် မျှော်လင့်ချက်ပေးသတင်းက သင့်အတွက်လည်း အကျိုးရှိနိုင်သည်။

ယင်းတို့ကို သင်မည်သို့ရရှိနိုင်ကြောင်းသိလာရန် အောက်ပါအကြောင်းအရာကို ကျေးဇူးပြု၍ဆန်းစစ်ပါလေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ