ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၁ ၇/၁၅ စာ. ၂၈
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • သူတို့၏ယုံကြည်ခြင်းသည် အပြင်းအထန် စမ်းသပ်ခြင်းကို ခံနိုင်၏
    ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
  • ယေဟောဝါနဲ့ သင့်ဆက်ဆံရေးကို တန်ဖိုးထားပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၀
  • ကလေးတို့ရဲ့ ဘုရားသခင် ဘယ်သူလဲ
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • သူတို့ ဦးကိုမချခဲ့တဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
က၀၁ ၇/၁၅ စာ. ၂၈

စာရှုသူများထံမှမေးခွန်းလွှာ

ခရစ်ယာန်အချို့သည် တစ်ချိန်က ‘. . . ရုပ် . . .ကိုးကွယ်ခြင်း’ ၌ပါဝင်ခဲ့သည်ဟု ၁ ပေတရု ၄:၃ တွင်ကျွန်ုပ်တို့ဖတ်ရသည်။ ဘုရားသခင်သည် ရုပ်. . .ကိုးကွယ်ခြင်းမှန်သမျှကို စက်ဆုပ်ကာ ပြစ်တင်ရှုတ်ချ တားမြစ်ထားသည်မဟုတ်ပေလော။

မှန်၏၊ ဘုရားသခင့်အမြင်တွင် ရုပ်. . .ကိုးကွယ်ခြင်းမှန်သမျှသည် စက်ဆုပ်ဖွယ်ဖြစ်သည်။ ကိုယ်တော်၏မျက်နှာသာရလိုသူများသည် ရုပ်. . .မကိုးကွယ်သင့်ချေ။—၁ ကောရိန္သု ၅:၁၁; ဗျာဒိတ် ၂၁:၈။

သို့သော် တမန်တော်ပေတရုသည် ရုပ်. . .ကိုးကွယ်ခြင်းကို အခြားရှုထောင့်မှ ရည်ညွှန်းနေပုံရသည်။ အကြောင်းတစ်ခုမှာ ရှေးလူမျိုးများစွာစပ်ကြားတွင် ရုပ်. . .ကိုးကွယ်ခြင်းသည် သာမန်ကိစ္စဖြစ်သည့်အပြင် အာဏာပိုင်များက မထိန်းမကွပ်တရားဝင်ခွင့်ပြုထား၏။ ဤသို့သောရုပ်. . .ကိုးကွယ်ခြင်းကို နိုင်ငံ့ဥပဒေက မတားမြစ်ပေ။ အချို့သောကိုးကွယ်ခြင်းသည် . . . အုပ်ချုပ်ရေးဆိုင်ရာပေါ်လစီနှင့်ပင် ပတ်သက်နေသည်။ ထိုသဘောမျိုးဖြင့် အချို့သည် ခရစ်ယာန်မဖြစ်မီ ‘တရားဝင်တားမြစ်ထားခြင်းမရှိသော ရုပ်. . .ကိုးကွယ်ခြင်းများ’ ၌ပါဝင်ခဲ့၏။ (ကမ္ဘာသစ်ဘာသာပြန်ကျမ်း၊ ၁၉၅၀ ပြည့်နှစ်ထုတ်စာစောင်) ဥပမာ၊ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ရွှေရုပ်ပုံကိုတည်လုပ်ခဲ့သော်လည်း ယေဟောဝါ၏ကျေးကျွန် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့သည် ယင်းကိုဝတ်ပြုရန် ငြင်းပယ်ခဲ့ကြသည်ကို သတိပြုမိပေမည်။—ဒံယေလ ၃:၁-၁၂။

အခြားရှုထောင့်မှကြည့်လျှင် ရုပ်. . .ကိုးကွယ်နည်းအတော်များများတွင် သဘာဝနိယာမတရား သို့မဟုတ် မွေးရာပါကိုယ်ကိုကိုယ်သိသောစိတ်မှ ဖြစ်ပေါ်လာသော ကိုယ်ကျင့်တရားနှင့် လုံးဝဖီလာသောအပြုအမူများပါဝင်သည်။ (ရောမ ၂:၁၄၊ ၁၅) “ပကတိနှင့်ဆန့်ကျင်” ၍ “ရှက်ကြောက်ဖွယ်သော” ယုတ်ညံ့သည့်အပြုအမူများအကြောင်းကို တမန်တော်ပေါလုရေးသားခဲ့ပြီး ယင်းတို့ကို ဘာသာရေးထုံးတမ်းစဉ်လာများတွင် တွေ့ရတတ်သည်။ (ရောမ ၁:၂၆၊ ၂၇) တရားမဝင်ရုပ်. . .ကိုးကွယ်ခြင်း၌ ပါဝင်ကြသော အမျိုးသား၊ အမျိုးသမီးများတို့သည် လူ့သဘောသဘာဝ၏ တရားဝင်တားမြစ်ချက်ကို ဂရုမစိုက်ကြချေ။ ယင်းကြောင့် ခရစ်ယာန်ဖြစ်လာကြသူများသည် အဆိုပါအကျင့်ပျက်အပြုအမူများကို စွန့်လွှတ်ခဲ့ကြခြင်းသည် အမှန်ပင်လျောက်ပတ်ပေသည်။

အထက်ပါကိစ္စရပ်များအပြင် ဂျူးမဟုတ်သူများ သာမန်ပြုလေ့ရှိသည့် ဤသို့သောရုပ်. . .ကိုးကွယ်ခြင်းများကို ယေဟောဝါဘုရားသခင် ပြစ်တင်ရှုတ်ချထား၏။ သို့ဖြစ်၍ ယင်းတို့သည် တရားမဝင်ချေ။a—ကောလောသဲ ၃:၅-၇။

[အောက်ခြေမှတ်ချက်]

a ၁ ပေတရု ၄:၃ ၌ပါသော ဂရိစာသားသည် “တရားမဝင်ရုပ်. . .ကိုးကွယ်ခြင်းများ” ဟုအဓိပ္ပာယ်ရသည်။ ဤစကားစုကို “တားမြစ်ထားသော. . .ကိုးကွယ်ခြင်း၊” “ပိတ်ပင်ထားသည့်. . .ကိုးကွယ်ခြင်း၊” နှင့် “တရားမဝင်. . .ကိုးကွယ်ခြင်းများ” စသည်ဖြင့် အင်္ဂလိပ်ကျမ်းစာများ၌ အမျိုးမျိုးဘာသာပြန်ကြသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ