ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၁ ၆/၁၅ စာ. ၃၂
  • “ချစ်ခင်သူ၏ဒဏ်ချက်”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ချစ်ခင်သူ၏ဒဏ်ချက်”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
က၀၁ ၆/၁၅ စာ. ၃၂

“ချစ်ခင်သူ၏ဒဏ်ချက်”

တမန်တော်ပေါလုသည် ဂလာတိပြည်ရှိ ပထမရာစုခရစ်ယာန်တို့ကို ပြုပြင်ပေးရန်လိုကြောင်း တွေ့ မြင်ခဲ့သည်။ စိတ်မခုရလေအောင် သူက ဤသို့အလျင်ကြိုတင်မေးခဲ့သည်– “ယခုမူကား၊ ငါသည် [အမှန်] တရားကို သင်တို့အားဟောပြောသောကြောင့် သင်တို့၏ရန်သူဖြစ်သလော။”—ဂလာတိ ၄:၁၆။

‘မှန်ရာကို ပြောဆိုခြင်း’ ကြောင့် ပေါလုသည် သူတို့၏ရန်သူမဟုတ်ချေ။ အမှန်မှာ သူသည် သမ္မာကျမ်းစာမှ ဤမူနှင့်အညီ ပြုမူနေခြင်းဖြစ်သည်– “အဆွေခင်ပွန်းသည် ဒဏ်ပေးသောအခါ [“ချစ်ခင်သူ၏ဒဏ်ချက်သည်၊” သမ] သစ္စာစောင့်လျက် ပေး၏။” (သု. ၂၇:၆) အမှားပြုသူ၏သိက္ခာ ထိပါးနိုင်ကြောင်း သူသိထားသည်။ သို့သော် အပြစ်ပြုသူကို လိုအပ်သည့်အလျောက် ဆုံးမပဲ့ပြင်မှုမပေးပါက ယေဟောဝါဘုရားသခင်၏မေတ္တာမခံစားရစေသည့်သဘော သက်ရောက်သွားနိုင်ကြောင်း သူသိသည်။ (ဟေဗြဲ ၁၂:၅-၇) သို့ဖြစ်သောကြောင့် အသင်းတော်၏ရေရှည်အကျိုးကိုထောက်သော တည်ကြည်သည့်မိတ်ဆွေတစ်ဦးအနေနှင့် ပေါလုသည် ဆုံးမပဲ့ပြင်မှုကိုမပေးဘဲ မနေခဲ့ချေ။

ယေဟောဝါသက်သေများသည် ယနေ့ ‘လူမျိုးတကာတို့ကို တပည့်ဖြစ်စေလျက် [ယေရှုခရစ်] ပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ သွန်သင်ပေးခြင်း’ တာဝန်ကို ကျေပွန်စွာထမ်းဆောင်နေကြသည်။ သို့ပြုခြင်းဖြင့် စိတ်ရင်းမှန်သော ဤခရစ်ယာန်များသည် အယူဝါဒဆိုင်ရာအမှားများနှင့် ခရစ်ယာန်မဆန်သောအမူအကျင့်တို့ကို ဖော်ထုတ်ရှုတ်ချသည့် သမ္မာကျမ်းစာအမှန်တရားတို့ကို အလျှော့ပေးလိုက်လျောခြင်းမပြုကြချေ။ (မဿဲ ၁၅:၉; ၂၃:၉; ၂၈:၁၉၊ ၂၀; ၁ ကောရိန္သု ၆:၉၊ ၁၀) သူတို့သည် ငြင်းပယ်ရမည့် ရန်သူများဖြစ်မသွားဘဲ မိတ်ဆွေစစ်တို့တွင်ရှိအပ်သော စိတ်ဝင်စားမှုမျိုး တင်ပြနေသူများဖြစ်သည်။

ဘုရားသခင်မှုတ်သွင်းသော ထိုးထွင်းသိမြင်မှုဖြင့် ဆာလံဆရာက ဤသို့ရေးသားခဲ့သည်– “ဖြောင့်မတ်သောသူသည် အကျွန်ုပ်ကို ဒဏ်ခတ်ပါစေသော။ ကျေးဇူးရှိပါလိမ့်မည်။ ဆုံးမပါစေသော။ အကျွန်ုပ်ဦးခေါင်းကိုလိမ်းသော ဆီဖြစ်ပါလိမ့်မည်။ ထပ်၍ပြုသော်လည်း အကျွန်ုပ်မငြင်းပါ။”—ဆာလံ ၁၄၁:၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ