ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၁ ၆/၁ စာ. ၃၂
  • ကျမ်းစာလေ့လာခြင်း သင့်အတွက်လော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာလေ့လာခြင်း သင့်အတွက်လော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
က၀၁ ၆/၁ စာ. ၃၂

ကျမ်းစာလေ့လာခြင်း သင့်အတွက်လော

“ခရစ်ယာန်ဘုန်းကြီးတစ်ပါးရှေ့မဟုတ်လျှင် မဖတ်ပါနှင့်။” ထိုသတိပေးချက်သည် [ချာ့ချ်] များပိုင်သည့် ကျမ်းစာစောင်အချို့၏အစပိုင်းတွင် ပါရှိသည်။ “ကျွန်မတို့ [ချာ့ချ်] တွေက ကျမ်းစာသုံးခွင့် မရခဲ့ဘူး၊ ဒါပေမဲ့ ခုတော့ပြောင်းလဲလာပြီ” ဟု လော့စ်အိန်ဂျလိစ်ရှိ ကက်သလစ်သမ္မာကျမ်းစာအသင်းမှ ကေမာဒီကဆိုသည်။ သမ္မာကျမ်းစာသည် မိမိတို့အသက်တာကို အမှန်အကျိုးသက်ရောက်နိုင်ကြောင်း ကက်သလစ်များသိရှိလာကြသည်နှင့်တစ်ပြိုင်နက် “ကျမ်းစာကို သိချင်စိတ်ပြင်းပြလာတယ်” ဟု သူဖော်ပြသည်။

ထိုပြောင်းလဲမှုနှင့်ပတ်သက်၍ ယူ.အက်စ်. ကက်သလစ်မဂ္ဂဇင်းက ကျမ်းစာလေ့လာမှုသင်တန်းများတွင်ပါဝင်သည့် ကက်သလစ်များသည် “ကက်သလစ်တွေအနေနဲ့ ဆုံးရှုံးနစ်နာခဲ့တာတွေရှိတယ်၊ ကျမ်းစာထဲမှာ အဖိုးထိုက်တဲ့အရာအများကြီးပါတယ်၊ ဆုံးရှုံးခဲ့တယ်လို့သူတို့ယူမှတ်တဲ့ အဖိုးထိုက်ရာအချို့ကို သူတို့ရလိုကြတယ်” ဟုဘာသာရေးဆိုင်ရာ ပညာပေးညှိနှိုင်းရေးမှူးတစ်ဦးက ပြောခဲ့ကြောင်း ကိုးကားတင်ပြသည်။

မည်သို့ပင်ဖြစ်စေ ကျမ်းစာသင်သားတစ်ဦးရှာဖွေတွေ့ရှိရန် အဘယ် “အဖိုးထိုက်” အရာများ ၎င်းတွင်ပါရှိသနည်း။ သုံးသပ်ကြည့်ပါ– နေ့စဉ်အသက်တာ၏စိုးရိမ်ပူပန်မှုများကို ဖြေရှင်းတတ်လိုသလော။ မိသားစုအတွင်း စည်းလုံးမှု မည်သို့ထိန်းသိမ်းနိုင်မည်နည်း။ ရိုင်းပျမှုနှင့် လူမှုရေးဆန့်ကျင်သောအပြုအမူများ အဘယ်ကြောင့် ဤမျှများနေရသနည်း။ ယနေ့လူငယ်များအလယ်တွင် အကြမ်းဖက်မှုရှိရခြင်း အကြောင်းရင်းကား အဘယ်နည်း။ ထိုကဲ့သို့သောမေးခွန်းများနှင့် အခြားနက်နဲခက်ခဲသောမေးခွန်းများအတွက် စိတ်ချလောက်သောအဖြေများကို ဘုရားသခင့်စကားတော် သမ္မာကျမ်းစာ၌တွေ့ရှိနိုင်ပြီး ကက်သလစ်များ သို့မဟုတ် ပရိုတက်စတင့်များအတွက်သာမက . . . ဟိန္ဒူ၊ မွတ်ဆလင်၊ ရှင်တိုဘာသာဝင်များ၊ ဘုရားမဲ့နှင့် မသိဝါဒီသမားများအတွက်ပင် ယင်းသည် အမှန်ပင် “အဖိုးထိုက်” လှပေမည်။ ဆာလံဆရာ ဖော်ပြသည့်အတိုင်းပင် ‘ကျမ်းစာသည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍ အကျွန်ုပ်လမ်းခရီးကိုလင်းစေပါ၏။’ သင့်အတွက်လည်း ထပ်တူဖြစ်နိုင်ပါသည်။—ဆာလံ ၁၁၉:၁၀၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ