ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၁ ၁/၁၅ စာ. ၃၂
  • ရွယ်တူချင်း ဖိအားကို သူတို့ ကြံ့ကြံ့ခံကြပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရွယ်တူချင်း ဖိအားကို သူတို့ ကြံ့ကြံ့ခံကြပုံ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
က၀၁ ၁/၁၅ စာ. ၃၂

ရွယ်တူချင်း ဖိအားကို သူတို့ ကြံ့ကြံ့ခံကြပုံ

အများ၏လက်ခံမှုရလိုသောဆန္ဒက များစွာအပေါ်လွှမ်းမိုးကာ ရွယ်တူများ၏အတွေးအခေါ်နှင့် အပြုအမူများအတိုင်း လိုက်၍တွေးခေါ်ပြုမူစေသည်။ အထူးသဖြင့် လူငယ်များသည် မူးယစ်ဆေးအလွဲသုံးခြင်းနှင့် လိင်အကျင့်ယိုယွင်းခြင်းကဲ့သို့သော ဘေးပြုသည့်အမူအကျင့်များကို ငြင်းဆိုရန် ခွန်အားလိုသည်။ ရွယ်တူချင်းဖိအားကို သူတို့မည်သို့ကြံ့ကြံ့ခံရပ်နိုင်မည်နည်း။

ပိုလန်မှဆယ်ကျော်သက်မိန်းမငယ်နှစ်ဦး မကြာမီက ဤသို့ရေးသားခဲ့သည်– “လောကရဲ့စိတ်ဓာတ်ကို ကျွန်မတို့ရဲ့ရွယ်တူချင်းအများစုထဲမှာ ထင်ထင်ရှားရှားတွေ့ မြင်ရတယ်။ သူတို့ဟာစာမေးပွဲတွေမှာ စာခိုးချကြတယ်၊ ညစ်ညမ်းတဲ့စကားတွေကိုပြောဆိုကြတယ်၊ ပေါ်ပင်ဖက်ရှင်အဝတ်အစားတွေ၊ ဆူပူကြမ်းတမ်း ညစ်ညမ်းတဲ့တေးဂီတတွေကို နှစ်သက်ကြတယ်။ ကျွန်မတို့လူငယ်တွေအတွက် ရည်ရွယ်ပြီး အလိုမကျနိုင်ဘဲ ပုန်ကန်တတ်တဲ့ဆယ်ကျော်သက်တွေရဲ့သြဇာကနေ ကျွန်မတို့ကိုကာကွယ်ပေးတဲ့ ဆောင်းပါးတွေရှိနေတာ တကယ်ဝမ်းသာစရာပါပဲ!

“လူငယ်တွေကိုလိုအပ်ပြီး တန်ဖိုးထားလေးမြတ်ကြောင်းဖော်ပြထားတဲ့ ကျွန်မတို့ကိုစွဲမှတ်စေခဲ့တဲ့ ကင်းမျှော်စင်ဆောင်းပါးတွေအတွက် ကျွန်မတို့ရဲ့ကျေးဇူးတင်မှုကို မဖော်ပြတတ်အောင်ပါပဲ။ ကျွန်မတို့ရရှိခဲ့တဲ့ သမ္မာကျမ်းစာသွန်သင်ချက်တွေက ယေဟောဝါဘုရားသခင်စိတ်တော်နဲ့ဆက်တွေ့အောင် ကျွန်မတို့ရဲ့ခြေလှမ်းတွေကို လျောက်ပတ်စွာလျှောက်လှမ်းတတ်ဖို့ ကူညီပေးခဲ့တယ်။ ယေဟောဝါကိုတည်ကြည်စွာဝတ်ပြုကိုးကွယ်ခြင်းကသာ အကောင်းဆုံးဘဝလမ်းစဉ်ဖြစ်တယ်ဆိုတာကို ကျွန်မတို့ယုံကြည်တယ်။”

မှန်ပါသည်၊ လူငယ်များသည် ရွယ်တူချင်းဖိအားကို ကြံ့ကြံ့ခံရပ်တည်နိုင်ပါသည်။ သူတို့၏ “ပိုင်းခြား၍သိနိုင်သောဉာဏ်” ကိုလေ့ကျင့်ပေးခြင်းဖြင့် ခရစ်ယာန်လူငယ်များသည် “လောက၏စိတ်ဓာတ်” မထင်ဟပ်ဘဲ ယင်းအစား “ဘုရားသခင်ထံမှကြွလာသောဝိညာဉ်” ကိုထင်ဟပ်သည့် ပညာရှိဆုံးဖြတ်ချက်များချတတ်လာကြသည်။—ဟေဗြဲ ၅:၁၄; ၁ ကောရိန္သု ၂:၁၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ