ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၁ ၄/၁ စာ. ၃၂
  • ထောင်စုနှစ်သစ်အတွက် ငြိမ်းချမ်းရေးလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ထောင်စုနှစ်သစ်အတွက် ငြိမ်းချမ်းရေးလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
က၀၁ ၄/၁ စာ. ၃၂

ထောင်စုနှစ်သစ်အတွက် ငြိမ်းချမ်းရေးလော

၁၉၉၉၊ စက်တင်ဘာ ၁၄ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးပျိုးထောင်မှုနှစ်ကို ပါရီနှင့်နယူးယောက်မြို့တို့ ၌ ဖွင့်လှစ်လိုက်သည်။ ယူအဲန်အထွေထွေညီလာခံက ၂၀၀၀ ပြည့်နှစ်ကို ယင်းသို့ကြေညာလိုက်ခြင်းဖြစ်သည်။ ယူနက်စကိုညွှန်ကြားရေးမှူးချုပ်ဟောင်း ဖဲဒရီကို မေးယားက “ငြိမ်းချမ်းရေးနှင့် အကြမ်းမဖက်ရေး ပျိုးထောင်မှုအတွက် တစ်ကမ္ဘာလုံးလှုပ်ရှားကြပါ” ဟုအထူးမေတ္တာရပ်ခံလိုက်သည်။

“လူတို့စိတ်၌ စစ်ဟူသည့်အရာ စပေါ်လာကတည်းက ငြိမ်းချမ်းရေး အကာအကွယ်များစီစဉ်ရမည်ဟု လူတို့စိတ်၌ဖြစ်ပေါ်လာသည်” ဟူသောဆိုရိုး ယူနက်စကိုတွင်ရှိခဲ့၏။ ယင်းဆိုရိုးနှင့်အညီ ထိုအဖွဲ့အစည်းသည် “ပညာရေး၊ နှီးနှောဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း” တို့အားဖြင့် ငြိမ်းချမ်းရေးပျိုးထောင်မှုတစ်ခုကို ကမကထပြုပေးရန် ကြံရွယ်သည်။ “ငြိမ်းချမ်းရေးလိုလားသူများဖြစ်ရုံ၊ စစ်ဆန့်ကျင်သူများဖြစ်ရုံနှင့်ပင် မလုံလောက်သေးဘဲ ကြားဝင်ဖျန်ဖြေပေးသူများ” ဖြစ်ဖို့လိုသည်ဟု မစ္စတာမေးယားက မှတ်ချက်ချခဲ့သည်။

ဝမ်းနည်းစရာမှာ ၂၀၀၀ ပြည့်နှစ်သည် ငြိမ်းချမ်းရေးနှင့် အလှမ်းကွာဝေးနေ၏။ ၂၀၀၀ ပြည့်နှစ်အတွင်း ဖြစ်ပျက်ရာများအပါအဝင် မျက်မှောက်ခေတ်သမိုင်းက လူတို့သည် စစ်နှင့်အကြမ်းဖက်မှုတို့ကို ဆန့်ကျင်ရန် စိတ်ရင်းမှန်နှင့်ကြိုးစားလျက်ကယ် ဆီးတားနိုင်စွမ်းမရှိကြောင်း အထင်အရှားပြနေသည်။

သို့ရာတွင် ငြိမ်းချမ်းရေးသည် ပညာရေးနှင့်အမှန်ပင်ဆက်နွှယ်နေသည်မှာ မှတ်သားထိုက်သည်။ လွန်ခဲ့သောနှစ်ပေါင်း ၂,၇၀၀ ခန့်က ပရောဖက်ဟေရှာယက ဤသို့ကြိုဟောခဲ့၏– “သင်၏သားသမီးအပေါင်းတို့သည် ထာဝရဘုရားဆုံးမသွန်သင်တော်မူသောသူဖြစ်၍ များစွာသောစည်းစိမ်ချမ်းသာနှင့် ပြည့်စုံကြလိမ့်မည်။” (ဟေရှာယ ၅၄:၁၃) လူမျိုးခပ်သိမ်းမှလူတို့သည် ယေဟောဝါဘုရားသခင်၏နည်းလမ်းတော်များကို သင်ယူရန် ကိုယ်တော်၏စင်ကြယ်သောဝတ်ပြုရေးသို့ တဖွဲဖွဲရောက်ရှိလာကြလိမ့်မည့်အချိန်ကို ထိုပရောဖက်ကပင် ကြို၍မြင်ခဲ့သည်။ အဘယ်ရလဒ်ဖြင့်နည်း။ “သူတို့ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကိုတစ်ပြည်စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန်မသင်ရကြ။” (ဟေရှာယ ၂:၂-၄) ထိုပရောဖက်ပြုချက်နှင့်အညီ ယေဟောဝါသက်သေများသည် စစ်ပွဲအများစု၏ရင်းမြစ်ဖြစ်သော နိုင်ငံရေးနှင့်လူမျိုးရေးမုန်းတီးမှုများကို ကျော်လွှားအောင်မြင်ရန် သန်းနှင့်ချီသောသူများကို ကူညီပေးနေသည့် ကမ္ဘာချီပညာပေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြသည်။

နောက်ဆုံး၌ မြေကြီးပေါ်တွင် တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးနှင့်လုံခြုံရေးကိုဆောင်ကြဉ်းပေးမည့် ဘုရားသခင့်နိုင်ငံတော်အောက်တွင် စစ်ပွဲများရှိတော့မည်မဟုတ်ချေ။ (ဆာလံ ၇၂:၇; ဒံယေလ ၂:၄၄၊ ၄၅) သို့ဖြင့် ဆာလံဆရာ၏ဤစကားများသည် ပြည့်စုံလာပါလိမ့်မည်– “ထာဝရဘုရားစီရင်ပြုပြင်၍ မြေကြီးပေါ်မှာ သုတ်သင်ပယ်ရှားခြင်းအမှုတော်များကို . . . ကြည့်ရှုကြလော့။ . . . မြေကြီးစွန်းတိုင်အောင် စစ်မှုကိုငြိမ်းစေတော်မူ၏။”—ဆာလံ ၄၆:၈၊ ၉။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ