ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၀ ၁၀/၁၅ စာ. ၃၂
  • “စည်းလုံးမှု၏ ပုံသက်သေတစ်ရပ်”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “စည်းလုံးမှု၏ ပုံသက်သေတစ်ရပ်”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
က၀၀ ၁၀/၁၅ စာ. ၃၂

“စည်းလုံးမှု၏ ပုံသက်သေတစ်ရပ်”

၎င်းမှာ ဘရာဇီးနိုင်ငံ ဆောပေါလိုမြို့ အင်ဒေးအာတျူဘာသတင်းစာတွင်ပါရှိသော အယ်ဒီတာ့အာဘော်တစ်ခု၏ ခေါင်းစဉ်ဖြစ်သည်။ မည်သူများ၏ ပုံသက်သေနည်း။ “မိမိတို့၏ဝတ်ပြုရာအိမ်များ သို့မဟုတ် ခန်းမများဟုခေါ်ကြသော ‘ဘုရားသခင့်နိုင်ငံတော်ခန်းမ’ အသစ်တစ်လုံးဆောက်လုပ်ရန် စီစဉ်နေကြသူများဖြစ်သည့် ယေဟောဝါသက်သေများဖြစ်သည်၊ သူတို့သည် မသိကျိုးကျွံပြု၍မရနိုင်သော ပူးပေါင်းလုပ်ဆောင်မှုဆိုင်ရာ အပြုသဘောဆောင်သော တကယ့်ပုံသက်သေတစ်ခုကိုပြကြသည်” ဟုစာရေးသူရှင်းပြခဲ့သည်။

ယေဟောဝါသက်သေများတွင်ရှိသော စည်းလုံးမှုသည် ထိုကဲ့သို့သောအခြေအနေများတွင် ပေါ်လွင်ထင်ရှားသည်။ ထို့ကြောင့် ဆောင်းပါးတွင် ဤသို့ဖော်ပြထားသည်– “သူတို့အတူတကွတွေ့ဆုံပြီး၊ ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်နိုင်သည့်နေရာတစ်ခု ဆောက်လုပ်ရန် တလိုတလားလုပ်ဆောင်နေကြသော အမျိုးသားများ၊ အမျိုးသမီးများနှင့် ဆယ်ကျော်သက်စေတနာ့ဝန်ထမ်းများကို မြင်ရသည်မှာ စိတ်လှုပ်ရှားစရာဖြစ်သည်။”

ယေဟောဝါသက်သေများသည် အခြားကဏ္ဍများတွင်လည်း ပုံသက်သေကောင်းများ တင်ပြကြသည်။ “လေ့လာမှုပြုခြင်းနှင့် ဆုတောင်းခြင်းအပြင် သူတို့၏ရည် ရွယ်ချက်မှာ သောက်ကြူးသူများနှင့် မူးယစ်ဆေးစွဲသူများကို ပြန်လည်ထူထောင်ပေးရန်နှင့် စည်းလုံးညီညွတ်ပြီး ချစ်ခင်ကြင်နာသည့်နည်းလမ်းကို လူတို့အားပြသပေးရန်တို့ဖြစ်သည်” ဟုအယ်ဒီတာက ဖြည့်စွက်တင်ပြသည်။ ၎င်းကိုရအောင် သူတို့မည်သို့လုပ်ဆောင်ကြသနည်း။ ကျမ်းစာအကြံပေးချက်ကို လေ့လာပြီးကျင့်သုံးခြင်းသည် လူတစ်ဦးကို အကျင့်ဆိုးများမှ လွတ်မြောက်အောင် အကူအညီဖြစ်စေကြောင်း သက်သေခံများသိထားကြသည်။ ထို့ကြောင့် သူတို့သည် ကျမ်းစာမှသူတို့သိရှိခဲ့ရာများကို အခြားသူများအားသင်ပေးရန် ကြိုးစားကြသည်။ အယ်ဒီတာက သူတို့၏ “ပုံသက်သေကို အရေးတကြီးလိုက်လျှောက်ရန်လိုအပ်သည်မှာ သံသယဝင်စရာမရှိပါ” ဟုနိဂုံးချုပ်ထားသည်။

ယေဟောဝါသက်သေများ၏စည်းဝေးများကို ပြည်သူလူထုအတွက် ဖွင့်ထားပေးပြီး အလှူငွေကောက်ခံခြင်းမရှိပါ။ သင့်အနီးအနားတွင်ရှိသော ဘုရားသခင့်နိုင်ငံတော်ခန်းမသို့လည်ပတ်ရန် လှိုက်လှဲစွာဖိတ်ခေါ်အပ်ပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ