ဘုရားသခင့်ရေးရာဉာဏ်ပညာ—ယင်းကို မည်သို့တင်ပြသနည်း
“ဆင်းရဲသောသူ၏ပညာကို မထီမဲ့မြင်ပြုတတ်ကြ၏။ သူ၏စကားကို နားမထောင်တတ်ကြ။” ဤစကားများဖြင့် ပညာရှိဘုရင်ရှောလမုန်သည် မြို့တစ်မြို့လုံးကို ဖျက်ဆီးခြင်းဘေးမှ ကယ်တင်ခဲ့သော ပညာရှိဆင်းရဲသားတစ်ဦးအကြောင်းကို နိဂုံးချုပ်ခဲ့သည်။ သို့သော် ဝမ်းနည်းစရာကား “ထိုဆင်းရဲသားကို အဘယ်သူမျှမအောက်မေ့။”—ဒေ. ၉:၁၄-၁၆။
ဆင်းရဲသားများသည် ထူးမြတ်သောအမှုများကို လုပ်ဆောင်ခဲ့ကြသည့်တိုင် သူတို့ကို လူတို့အထင်အမြင်သေးတတ်ကြ၏။ ယေရှု၏ကိစ္စတွင် ထိုသို့ပင်ဖြစ်ပျက်ခဲ့သည်။ ဟေရှာယသည် ကိုယ်တော်နှင့်ပတ်သက်၍ ဤသို့ပရောဖက်ပြုခဲ့သည်– “မထီမဲ့မြင်ပြုခြင်းကိုခံ၍၊ လူတို့တွင် အယုတ်ဆုံးသောသူဖြစ်၏။ ငြိုငြင်သောသူ၊ နာကြည်းခြင်းဝေဒနာနှင့် ကျွမ်းဝင်သောသူဖြစ်၏။” (ဟေရှာယ ၅၃:၃) ယေရှုသည် ကိုယ်တော့်ခေတ်က ခေါင်းဆောင်များ၏အဆင့်အတန်း သို့မဟုတ် ထင်ရှားပေါ်လွင်မှုမရှိရုံမျှဖြင့် ကိုယ်တော်ကို လူအချို့အထင်သေးခဲ့ကြသည်။ သို့တိုင် ကိုယ်တော်သည် အဘယ်မစုံလင်သူထက်မဆို သာလွန်မြင့်မြတ်သောဉာဏ်ပညာပိုင်ဆိုင်ခဲ့သည်။ ဤ “လက်သမားသား” သည်ယင်းသို့သောဉာဏ်ပညာရှိပြီး ယင်းသို့သောအံ့ဖွယ်တန်ခိုးများစွာကို လုပ်ဆောင်ခဲ့ကြောင်း ယေရှု၏ဇာတိမြို့မှလူတို့ အသိအမှတ်ပြုရန် ငြင်းဆိုခဲ့ကြသည်။ သို့သော် ၎င်းသည် အမှားကြီးတစ်ခုဖြစ်ခဲ့၏၊ အကြောင်းမှာ ယေရှုကို “မြို့သားများတို့သည် မယုံကြည်ကြသောကြောင့်၊ ထိုအရပ်၌ များစွာသောတန်ခိုးကို ပြတော်မမူ” ဟုမှတ်တမ်းက ဆက်ပြောထားသည်။ အဆိုပါလူတို့အတွက် တကယ့်ဆုံးရှုံးမှုပါတကား!—မဿဲ ၁၃:၅၄-၅၈။
ကျွန်ုပ်တို့သည် ထပ်တူအမှားမျိုး မလုပ်မိပါစေနှင့်။ ဉာဏ် “ပညာသည် မိမိအပြုအမူများအားဖြင့် မိမိဖြောင့်မတ်သည်ကို ထင်ရှားစေသည်” ဟုယေရှုမိန့်ဆိုခဲ့၏။ ဘုရားသခင့်လုပ်ငန်းတော်ကို ဆောင်ရွက်နေပြီး ကောင်းကင်ဉာဏ်ပညာကို ဝေမျှနေသူများအား သူတို့၏အနေအထား သို့မဟုတ် လူမှုရေးအဆင့်အတန်းဖြင့်မဟုတ်၊ သူတို့ပြသသည့် “ကောင်းသောအသီး”—ကျမ်းစာအခြေခံ ယုံကြည်ခြင်းနှင့် အလုပ်များ—အားဖြင့် ခွဲခြားသိမြင်နိုင်သည်။—မဿဲ ၇:၁၈-၂၀; ၁၁:၁၉၊ သမ္မာ။