ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၀ ၆/၁၅ စာ. ၃၂
  • အကြမ်းဖက်မှုများကို မည်သူအဆုံးသတ်မည်နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အကြမ်းဖက်မှုများကို မည်သူအဆုံးသတ်မည်နည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
က၀၀ ၆/၁၅ စာ. ၃၂

အကြမ်းဖက်မှုများကို မည်သူအဆုံးသတ်မည်နည်း

၁၉၉၉ စက်တင်ဘာလ၌ ယူအဲန်အထွေထွေအတွင်းရေးမှူး ကိုဖီ အန်နန်က ၅၄ ကြိမ်မြောက်နှစ်ပတ်လည် အထွေထွေညီလာခံ ကိုယ်စားလှယ်များကို ကြိုဆိုခဲ့သည်။ တိုရန်တိုစတားတွင်ဖော်ပြထားသည့်အတိုင်း သူသည် ကမ္ဘာ့ခေါင်းဆောင်များကို ဤသို့စိန်ခေါ်ခဲ့သည်– “နိုင်ငံတကာလူ့အဖွဲ့အစည်းထံမှ စကားဖြင့်သာစာနာခြင်းထက်မက လိုအပ်သူအရေအတွက် များစွာရှိသည်။ သူတို့၏အကြမ်းဖက်မှုကာလများကို အဆုံးသတ်စေပြီး သာယာချမ်းမြေ့မှုသို့ တင်ပို့ပေးမည့် အမှန်တကယ်တည်မြဲသော စိတ်ပိုင်းဖြတ်ချက်တစ်ခုလိုအပ်သည်။”

ယူအဲန်နှင့် ယင်း၏အဖွဲ့ဝင်နိုင်ငံများသည် အကြမ်းဖက်မှုကို အဆုံးသတ်ရန် လိုအပ်သည့် “အမှန်တကယ်တည်မြဲသောစိတ်ပိုင်းဖြတ်ချက်” ရှိရန် လုပ်ဆောင်ပေးနိုင်သလော။ အဆိုပါစတားသတင်းတွင်ပင် အမေရိကန်ပြည်ထောင်စု၏သမ္မတ ဘီ ကလင်တန်က ဤသို့ပြောဆိုခဲ့ကြောင်း ကိုးကားဖော်ပြထားသည်– “ဤရာစုနှစ်၏ စစ်မက်အားလုံးပြီးနောက် ‘ဘယ်တော့မျှ ထပ်မဖြစ်ရ’ ဟုပြောဆိုခြင်းမှာ လွယ်ကူသော်လည်း ထိုသို့ဖြစ်စေရန် မလွယ်လှပေ။” သူက ဤသို့ဆက်ပြောခဲ့သည်– “ကတိအလွန်အကျွံပေးခြင်းသည် လုံးဝဂရုမစိုက်ခြင်းကဲ့သို့ပင် ရက်စက်ရာကျနိုင်သည်။”

လွန်ခဲ့သော နှစ်ပေါင်း ၂,၅၀၀ ခန့်က ပရောဖက် ယေရမိသည် လူတို့၏ကြိုးပမ်းအားထုတ်မှုများနှင့်စပ်လျဉ်း၍ ဤသို့ဆိုခဲ့သည်– “အိုထာဝရဘုရား၊ လူသည် မိမိသွားရာလမ်းကိုအစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်သည်ကိုအကျွန်ုပ်သိပါ၏။” (ယေရမိ ၁၀:၂၃) သို့ဖြစ်လျှင် အကြမ်းဖက်မှုအဆုံးသတ်ရန်အတွက် အဘယ်မျှော်လင့်ချက်ရှိသနည်း။

ဟေရှာယ ၆၀:၁၈ တွင် ကျွန်ုပ်တို့ဖတ်ရှုရသည့်အတိုင်း ဘုရားသခင်က ဤသို့အာမခံထားတော်မူသည်– “သင်၏ပြည်၌ အနိုင်အထက်ပြုခြင်းအသံကို နောက်တစ်ဖန်မကြားရ။ သင်၏နယ်အတွင်းတွင် လုယူဖျက်ဆီးခြင်းမရှိရ။” ဘုရားသခင်သည် မိမိ၏ပြည်နှင်ခံလူမျိုးတော်ကို သူတို့၏နေရင်းပြည်သို့ ပြန်ပို့ဆောင်ပေးခဲ့သောအခါ ထိုပရောဖက်ပြုချက် ပထမအကြိမ်ပြည့်စုံခဲ့သည်။ ကျွန်ုပ်တို့ပျော်မွေ့နိုင်သည့် သာ၍ကြီးမြတ်သောပြည့်စုံချက်လည်း ထိုပရောဖက်ပြုချက်တွင်ရှိသေးသည်။ ယေဟောဝါဘုရားသခင်သည် “ကတိအလွန်အကျွံ” ပေးတော်မမူချေ။ ကိုယ်တော်သည် အမြင့်မြတ်ဆုံးဘုရားသခင်ဖြစ်၍ လူသားတို့၏ဖန်ဆင်းရှင်အနေဖြင့် “အကြမ်းဖက်မှုကာလများ” ကိုအဆုံးတိုင်စေရန် အကောင်းဆုံးအနေအထားတွင် ရှိတော်မူ၏။ ဘုရားသခင့်နိုင်ငံတော်အောက်တွင် ငြိမ်သက်ခြင်းလွှမ်းမိုးပါလိမ့်မည်။ အကြမ်းဖက်မှုများ ထာဝစဉ် ပပျောက်သွားမည်!—ဒံယေလ ၂:၄၄၊ ၄၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ