ယေဟောဝါရှေ့မှောက်တော်တွင် တန်ဖိုးရှိသည့်ပေးကမ်းခြင်း
အောက်ဖော်ပြပါစာမှာ ယေဟောဝါသက်သေများ၏ မိုဇမ်ဘစ်ဌာနခွဲရုံးသို့ ရောက်လာသောစာဖြစ်သည်–
“ကျွန်တော်ဟာ ခုနစ်နှစ်သားဖြစ်တယ်။ မူလတန်းကျောင်း တက်တုန်းပါပဲ။ ကြက်တစ်ကောင်မွေးပြီးရောင်းလို့ရတဲ့ ဒီငွေကို ပို့ပေးလိုက်ပါတယ်။ ဒီကြက်ဖကို ၁၂,၀၀၀ မက်တီကိုက်စ် [အမေရိကန် ၁.၀၀ ဒေါ်လာ] နဲ့ရောင်းလိုက်တယ်။ ကျွန်တော်ဦးဆုံးမွေးတဲ့ကြက်ကလေးကို ကြက်ဖကြီးဖြစ်စေခဲ့တဲ့အတွက် ယေဟောဝါကို ကျွန်တော်ကျေးဇူးတင်ပါတယ်။ ယေဟောဝါရဲ့နိုင်ငံတော်လုပ်ငန်းအတွက် ကျွန်တော်ပေးတာကို အသုံးပြုစေချင်တယ်။
“စာကြွင်း– ဒီစာကိုရေးဖို့ ဖေဖေကူညီပေးတယ်။”
အချို့က ရက်ရောစွာပေးကမ်းမှုကို ငွေအပိုအလျှံရှိခြင်းနှင့် ဆက်စပ်တွေးမိတတ်ကြသည်။ သို့သော် ဘဏ္ဍာတိုက်ထဲသို့ “ကြေးနီဒ င်္ဂါးနှစ်ပြားသွင်းချ” သည့် မုဆိုးမနှင့်ပတ်သက်သည့် သမ္မာကျမ်းစာမှတ်တမ်းကို ကျွန်ုပ်တို့ဖတ်ရှုကြသောအခါ ရက်ရောစွာပေးကမ်းမှုသည် ပမာဏအားဖြင့်မဟုတ်ဘဲ စိတ်နှလုံး၏ လျောက်ပတ်သောတိမ်းညွှတ်ခြင်းဖြင့်တိုင်းတာကြောင်း ကျွန်ုပ်တို့သဘောပေါက်နိုင်ကြသည်။—လုကာ ၂၁:၁-၄။
မည်မျှပင်သေးငယ်စေကာမူ မေတ္တာ၏စေ့ဆော်မှုအားဖြင့် နှလုံးပါစွာပေးသော လက်ဆောင်မှန်သမျှကို ယေဟောဝါတန်ဖိုးထားတော်မူသည်။ ထို့အပြင် ကိုယ်တော်၏နိုင်ငံတော်အကျိုးစီးပွားအတွက် မိမိတို့၏အချိန်၊ ခွန်အား၊ သို့မဟုတ် ရုပ်ပစ္စည်းများကိုပေးကမ်းခြင်းအားဖြင့် ကိုယ်တော်၏ရက်ရက်ရောရောပေးကမ်းမှုကို အတုယူကြသူတို့အား ကြွယ်ဝစွာကောင်းချီးပေးတော်မူ၏။