ထူးခြားစွာ ကျမ်းစာဖြန့်ချိရေးနှစ်
သမ္မာကျမ်းစာရှိသူ ယခင်ကထက်ပိုများလာပြီ။ ထိုသို့ ကျမ်းစာအသင်းပေါင်းချုပ်က ဖော်ပြခဲ့သည်။ အကြောင်းမှာ ၁၉၉၈ ခုနှစ်တွင် လွန်ခဲ့သောနှစ်ထက် သမ္မာကျမ်းစာ သန်းတစ်ဝက်ကျော် ပို၍ဖြန့်ချိနိုင်ခဲ့သောကြောင့် ဖြစ်သည်။ ကျမ်းစာတစ်အုပ်လုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို ကမ္ဘာတစ်ဝန်းတွင် စုစုပေါင်းအုပ်ရေ ၅၈၅,၀၀၀,၀၀၀ ကျော်ဖြန့်ချိခဲ့သည်။ မှတ်တမ်းက ဤသို့ဆိုသည်– “ယင်းသည် အားပေးမှုတစ်ခုဖြစ်သည်။ ယနေ့ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို လူများစွာထံ ရောက်စေနိုင်ပြီ။”
မှန်ပါသည်၊ ကျမ်းစာတစ်အုပ်ရရှိထားခြင်းနှင့် ယင်းကိုဖတ်ရှုခြင်းသည် မတူပါ။ ဥပမာ၊ စစ်တမ်းတစ်ခုက အမေရိကန်လူမျိုး ၉၀ ရာခိုင်နှုန်းကျော်သည် အနည်းဆုံးကျမ်းစာတစ်အုပ်ပိုင်ဆိုင်ကြပြီး သမ္မာကျမ်းစာကို ကျင့်ဝတ်သွန်သင်ခြင်းအတွက် ရင်းမြစ်ကောင်းတစ်ခုဟု ခံယူသူအရေအတွက်သည် ထပ်တူရှိသည်။ သို့ရာတွင် အကြံဉာဏ်ရဖို့အတွက် ၅၉ ရာခိုင်နှုန်းသာလျှင် သမ္မာကျမ်းစာကို အားထားကြသည်ဟုဆိုသည်။ ၂၉ ရာခိုင်နှုန်းမှာမူ သမ္မာကျမ်းစာနှင့် အကျွမ်းတဝင် “မရှိလှ” သို့မဟုတ် “လုံးဝ” အကျွမ်းမဝင်ဟု ဝန်ခံကြသည်။
ယေဟောဝါသက်သေများသည် သမ္မာကျမ်းစာများကို ပုံနှိပ်ထုတ်ဝေကြရုံမက နိုင်ငံပေါင်း ၂၃၀ ကျော်တွင် လူများနှင့်အတူ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုများ ကျင်းပကြသည်။ ယခု ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသောသူများသည် ဤကျမ်းစာပညာပေးအစီအစဉ်မှ အကျိုးရရှိနေကြပါသည်။ ယခု သူတို့ကြုံတွေ့နေကြရသည့် ပြဿနာများကိုဖြေရှင်းရန် အကူအညီရရှိနေကြပြီး ဘုရားသခင့်နိုင်ငံတော်အောက်တွင် အဘယ်တောက်ပသောအနာဂတ်ရှိမည်အကြောင်း သမ္မာကျမ်းစာက မည်သို့ဆိုထားသည်ကို သင်ယူနေကြပါသည်။—ဟေရှာယ ၄၈:၁၇၊ ၁၈; မဿဲ ၆:၉၊ ၁၀။
[စာမျက်နှာ ၃၂ ပါ ရုပ်ပုံ]
(ဘယ်ဘက်ထိပ်မှ လက်ယာရစ်) ဘိုလီးဗီးယား၊ ဂါနာ၊ သီရိလင်္ကာနှင့် အင်္ဂလန်တွင် အိမ်တွင်းကျမ်းစာသင်အံမှုများကျင်းပကြ