ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၀ ၁/၁၅ စာ. ၃
  • အနာဂတ်ကို သင်သိရှိနိုင်!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အနာဂတ်ကို သင်သိရှိနိုင်!
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့် ပရောဖက်ပြုချက် စကားတော်သည် အနာဂတ် မျှော်လင့်ချက်ပေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ယုံကြည်စိတ်ချနိုင်လောက်သော တင်ကူးဟောကြားချက်များကို ရှာပုံတော်ဖွင့်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • အနာဂတ်ကို ကြိုသိနိုင်သူ ရှိပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
က၀၀ ၁/၁၅ စာ. ၃

အနာဂတ်ကို သင်သိရှိနိုင်!

လူအများစုသည် အနာဂတ်ကို အလေးအနက်တွေးတောကြသည်။ သူတို့သည် ကြိုတင်စီစဉ်ရန်၊ ပညာရှိရှိရင်းနှီးမြှုပ်နှံရန်နှင့် လုံခြုံမှုရှိရန် အလိုရှိကြသည်။ သို့သော် မနက်ဖြန်အဘယ်အရာဖြစ်မည်ကို အသေအချာသိနိုင်သည့်နည်း ရှိပါသလော။

အနာဂတ်တွင် အဘယ်အရာဖြစ်မည်ကိုသိရှိရန် ကြိုးစားအားထုတ်ရာတွင် လူသားများသည် နည်းမျိုးစုံကို စမ်းသပ်ခဲ့ကြပြီးဖြစ်သည်။ အနာဂတ်ဗေဒပညာရှင်များဟုခေါ်သော လူမှုရေးသိပ္ပံပညာရှင်များက လက်ရှိအခြေအနေများကို ဆန်းစစ်ပြီး ယင်းတို့ကိုအခြေခံကာ ကြိုတင်ခန့်မှန်းကြသည်။ စီးပွားရေးပညာရှင်များသည်လည်း သူတို့၏နယ်ပယ်တွင် ထိုသို့ပင်ပြုလုပ်ကြသည်။ နက္ခတ်ဗေဒင်ဆရာများနှင့် ရှေ့ဖြစ်ဟောသူတို့သည် ဇာတာခွင်များ၊ ဓာတ်ဖန်လုံးများနှင့် မှော်အတတ်ပညာကို မျှော်ကိုးကြ၍ သူတို့တွင်နောက်လိုက်နောက်ပါများစွာရှိသည်။ ဥပမာ၊ ပြင်သစ် နက္ခတ်ဗေဒင်ဆရာ နော့စတြာဒမပ်စ် သေဆုံးသည်မှာ ရာစုနှစ်ချီပြီဖြစ်သော်လည်း ရေပန်းစားနေဆဲပင်။

ကြိုဟောလိုသည့် ဤသူအားလုံးတို့သည် အမှန်တကယ်ပင် ယုံကြည်စိတ်ချ၍မရ၊ စိတ်ပျက်ဖွယ်သာဖြစ်ခဲ့ကြပြီ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ သူတို့သည် ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော်၏နှုတ်မြွက်စကားတော်၊ သမ္မာကျမ်းစာကို လျစ်လျူရှုကြသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူတို့သည် အခြေခံကျသည့်ဤမေးခွန်းများကို မဖြေဆိုနိုင်ကြပါ– ‘သမ္မာကျမ်းစာတွင်ကြိုဟောထားသောအရာများ ဖြစ်ပျက်လာမည်ဟု အဘယ်ကြောင့်စိတ်ချနိုင်သနည်း။ လူသားများအတွက် ဘုရားသခင့်ရည်ရွယ်ချက်နှင့် ယင်းတို့သည် မည်သို့သက်ဆိုင်သနည်း။ ထိုပရောဖက်ပြုချက်များမှ ကျွန်ုပ်၏မိသားစုနှင့် ကျွန်ုပ်သည် မည်သို့အကျိုးရရှိနိုင်မည်နည်း။’ သမ္မာကျမ်းစာက ထိုမေးခွန်းများကို ဖြေဆိုပေးပါသည်။

ကျမ်းစာပရောဖက်ပြုချက်သည် အခြားနည်းလမ်းများတွင်လည်း သာလွန်ထူးကဲသည်။ နက္ခတ်ဗေဒင်ဆိုင်ရာဟောကိန်းများနှင့်မတူဘဲ ကိုယ်ပိုင်လွတ်လပ်စွာရွေးချယ်ခွင့်ရှိစေသည်။ ထို့ကြောင့် မည်သူမျှ ကံကြမ္မာ၏သားကောင် မဟုတ်ကြပါ။ (တရားဟောရာ ၃၀:၁၉) နော့စတြာဒမပ်စ်၏ အရေးအသားကဲ့သို့သောစာပေများသည် ကိုယ်ကျင့်တရားကင်းမဲ့ပြီး ယင်းကို ပဟေဠိဆန်ဆန်၊ အာရုံခံရလေအောင် ရေးသားဖော်ပြခြင်းဖြင့် အစားထိုးထားသည်။ သို့သော် ကျမ်းစာပရောဖက်ပြုချက်တွင် မြဲမြံခိုင်ခံ့သည့်ကျင့်ဝတ်ပါရှိသည်။ ဘုရားသခင်သည် ရည်ရွယ်ထားတော်မူသည့်အတိုင်း အဘယ်ကြောင့်လုပ်ဆောင်မည့်အကြောင်း ရှင်းပြ၏။ (၂ ရာဇဝင်ချုပ် ၃၆:၁၅၊ ၁၆) ထို့ပြင် “မုသာနှင့်ကင်းစင်တော်မူသောဘုရားသခင်” ဖြစ်သောကြောင့် ယေဟောဝါ၏ပရောဖက်ပြုချက်များသည် ဘယ်အခါမျှမပြည့်စုံဘဲမနေပါ။ (တိတု ၁:၁) ထို့ကြောင့် ဘုရားသခင့်နှုတ်မြွက်စကားတော်၏ လမ်းပြမှုကိုခံယူကြသူများသည် သူတို့၏တန်ဖိုးရှိအချိန်နှင့် အစွမ်းအစများကို အကျိုးမရှိသောလိုက်စားမှုများတွင် မဖြုန်းတီးဘဲ အမြော်အမြင်ရှိရှိ ရည်ရွယ်ချက်အပြည့်နှင့် ပျော်ရွှင်စွာအသက်ရှင် နေထိုင်ကြသည်။—ဆာလံ ၂၅:၁၂၊ ၁၃။

ဤအချက်များနှင့် အခြားအချက်အလက်များစွာကို ကမ္ဘာတစ်ဝန်းကျင်းပသော ယေဟောဝါသက်သေများ၏ “ဘုရားသခင့် ပရောဖက်ပြုချက်စကားတော်” ၁၉၉၉/၂၀၀၀ ခရိုင်စည်းဝေးကြီးများတွင် ဆွေးနွေးခဲ့ပြီးဖြစ်သည်။ ဟောပြောချက်များ၊ လူတွေ့မေးမြန်းခန်းများ၊ သရုပ်ပြခန်းများနှင့် ကျမ်းစာပြဇာတ်တစ်ခုဖြင့် ဘုရားသခင့် ပရောဖက်ပြုချက်စကားတော်ကို လေ့လာပြီး ကျင့်သုံးနေသူများ ပျော်မွေ့နေကြသော အံ့ချီးဖွယ်ဝိညာဉ်ရေးအမွေအနှစ်များသို့ ပရိသတ်၏အာရုံကိုဆွဲဆောင်ခဲ့သည်။ နောက်ဆောင်းပါးတွင် စည်းဝေးကြီး၏ စိတ်လှုပ်ရှားဖွယ်ပေါ်လွင်ချက်အချို့ကို ပြန်လည်သုံးသပ်ကြည့်ကြမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ