ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၀ ၁/၁ စာ. ၃၂
  • “လေမသင့်” သည့်အခါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “လေမသင့်” သည့်အခါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
က၀၀ ၁/၁ စာ. ၃၂

“လေမသင့်” သည့်အခါ

လှေတစ်စင်းဖြင့် ဂါလိလဲပင်လယ်ကိုဖြတ်ရန် ကြိုးစားရုန်းကန်နေကြရသော ယေရှုတပည့်တော်များ၏ တကယ့်အဖြစ်အပျက်ကို ဖော်ပြရာတွင် ခရစ်ဝင်ကျမ်းရေးသူမာကုက သူတို့သည် “လေမသင့်သောကြောင့် . . . တက်ခတ်၍ပင်ပန်းကြသည်” ဟုဆိုထားသည်။ ကမ်းခြေတွင်ရှိနေသေးသည့် ယေရှုသည် သူတို့၏အဖြစ်ကိုမြင်ကာ သူတို့ဆီသို့ အံ့ဖွယ်နည်းဖြင့် ရေပေါ်မှလှမ်းလျှောက်သွားခဲ့သည်။ လှေပေါ်၌ သူတို့ ရှိရာသို့တက်တော်မူလျှင် လေသည်ငြိမ်လေ၏။—မာကု ၆:၄၈-၅၁။

ထိုကျမ်းရေးသူကပင် အစောပိုင်းအဖြစ်အပျက်တစ်ခုတွင် “ပြင်းစွာသောမိုးသက်မုန်တိုင်း” ဖြစ်ခဲ့ကြောင်း မှတ်တမ်းတင်ခဲ့သည်။ ထိုအခါ ယေရှုသည် “လေနှင့်ပင်လယ်ကိုဆုံးမတော်မူသဖြင့် လေသည်ငြိမ်၍အလွန်သာယာလေ၏။”—မာကု ၄:၃၇-၃၉။

ယနေ့ ကျွန်ုပ်တို့သည် ထိုကဲ့သို့သောအံ့ဖွယ်အဖြစ်အပျက်များကို တွေ့ မြင်ရန် အခွင့်အရေးမရှိကြသော်လည်း ယင်းမှ များစွာသင်ယူနိုင်ပါသည်။ အန္တရာယ်ထူပြောသည့်အချိန်တွင် အသက်ရှင်နေရသော မစုံလင်သည့်လူသားများအနေဖြင့် ဆင်းရဲခက်ခဲခြင်းလေထန်မှ မလွတ်နိုင်ကြချေ။ (၂ တိမောသေ ၃:၁-၅) အမှန်မှာ၊ တစ်ခါတစ်ရံ ကိုယ်ရေးကိုယ်တာအခက်အခဲများကြောင့် စိတ်ဆင်းရဲမှုဝေဒနာသည် ပြင်းထန်သောမုန်တိုင်းပမာဖြစ်သည်ဟု ခံစားရနိုင်သည်။ သို့သော် သက်သာရာရနိုင်ပါသည်! ယေရှုက ဤသို့ဖိတ်ခေါ်ပါသည်– “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေးမည်။”—မဿဲ ၁၁:၂၈။

“လေမသင့်” ပုံရှိသည့်အခါ ကျွန်ုပ်တို့၏စိတ်နှလုံး “ငြိမ်၍အလွန်သာယာ” နိုင်ပါသည်။ မည်သို့အားဖြင့်နည်း။ ယေဟောဝါဘုရားသခင်၏ မပျက်မကွက်ပြည့်စုံမည့် ကတိတော်များကို ယုံကြည်ကိုးစားခြင်းအားဖြင့်ဖြစ်သည်။—ဟေရှာယ ၅၅:၉-၁၁; ဖိလိပ္ပိ ၄:၅-၇ နှိုင်းယှဉ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ