ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၈/၁၅ စာ. ၃-၄
  • အသက်ကိုသင်မြတ်နိုးသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အသက်ကိုသင်မြတ်နိုးသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • “လူ့ရှိသမျှတာဝန်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • သင့်အသက်—ယင်း၏ရည်ရွယ်ချက်ကား အဘယ်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • အဘယ်အရာက ဘဝကို တန်ဖိုးရှိစေသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • အခုရော နောင်ရော အဓိပ္ပာယ်ရှိတဲ့ဘဝ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၈/၁၅ စာ. ၃-၄

အသက်ကိုသင်မြတ်နိုးသလော

“အလင်းကိုမြင်ပါရစေ။” အီတလီကဗျာဆရာ ဂျာကိုမိုလီယိုပါဒီမသေဆုံးမီလေး၌ သူ့အားပြုစုပေးသူများကို ထိုသို့ပြောခဲ့သည်ဟုဆိုကြသည်။ ဤစကားများက အလင်းနှင့်ပုံခိုင်းပြထားသည့် အသက်ကို လူတို့အလွန်တွယ်တာကြောင်းဖော်ပြသည်။

အသက်ကိုတွယ်တာခြင်းသည် အန္တရာယ်များကိုရှောင်ရှား၍ ဆက်အသက်ရှင်ဖို့ အတတ်နိုင်ဆုံးကြိုးစားရန် လူအများစုကိုလှုံ့ဆော်ပေးသည့် အဖိုးတန်လှုံ့ဆော်အားဖြစ်သည်။ ဤတွင် လူသည် အသက်ရှင်လိုသည့်ပင်ကိုသဘာဝပြင်းပြသော တိရစ္ဆာန်များနှင့် သိပ်မခြားနားပေ။

သို့သော် မည်ကဲ့သို့သောဘဝသည် အမှန်အသက်ရှင်ရကျိုးနပ်၍ မြတ်နိုးစရာနည်း။ ယင်းသည် ဇီဝကမ္မတည်ရှိ—အသက်ရှူလှုပ်ရှားသွားလာရုံ—နေရုံမျှမကပါ။ ဘဝမှရနိုင်သမျှအရယူ ဟူသည့်သဘောထားကလည်း အများအားဖြင့် ကျေနပ်ရောင့်ရဲမှုပေးသည်မဟုတ်ပါ။ “စားကြကုန်အံ့၊ သောက်ကြကုန်အံ့၊ နက်ဖြန်သေရကြမည်” ဟူသော ဧပိကုရုအတွေးအခေါ်သည် အများအားဖြင့် ကျေနပ်ရောင့်ရဲမှုမပေးခဲ့ချေ။ (၁ ကောရိန္သု ၁၅:၃၂) လူတွင် ကာယရေးအရလိုအပ်ရာများ အတော်အတန်အမှန်ပင်ရှိစဉ် ယဉ်ကျေးမှုနှင့် လူမှုရေးအရဝါသနာများလည်းရှိသည့်အပြင် အမြင့်မြတ်ဆုံးအရှင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်သည့် ဝိညာဉ်ရေးလိုအပ်ရာရှိခြင်းနှင့်ပတ်သက်၍မူ ဆိုစရာမရှိတော့ပေ။ ဝမ်းနည်းစရာမှာ၊ ကမ္ဘာ့ဒေသများစွာတွင် လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာအခြေအနေ ဆိုးဝါးသောကြောင့် သန်းပေါင်းများစွာသောသူတို့မှာ အသက်ရှင်နေကြရုံတမယ်သာရှိတော့သည်။ မိမိတို့၏ကာယရေးလိုအပ်ရာများ—စားခြင်း၊ သောက်ခြင်း၊ ပစ္စည်းဥစ္စာပိုင်ဆိုင်ခြင်း သို့မဟုတ် လိင်ဆန္ဒကိုဖြည့်ခြင်း—ကို ဖြည့်ဆည်းရန်လောက်သာ အဓိကထားကြသူတို့မှာ ၎င်းမှကျေနပ်မှုမရသလောက်ဖြစ်၍ တိရစ္ဆာန်သာသာ အသက်ရှင်ကြသည်။ တစ်နည်းဖြင့်ဆိုလျှင် လူ့အသိဉာဏ်နှင့် စိတ်လှုပ်ရှားမှုကိုဖြည့်ဆည်းပေးရန် သာ၍အဓိပ္ပာယ်ရှိသည့် ဘဝပေးစွမ်းပကားများကို သူတို့အသုံးမပြုကြချေ။ ထို့ထက်ကား မိမိတို့၏တစ်ကိုယ်ကောင်းဆန်သည့်ဆန္ဒများကိုသာ ဖြည့်ဆည်းကြသူများသည် ဘဝမှအကောင်းဆုံးအရာကို မရသည့်အပြင် သူတို့နေထိုင်သည့် လူ့အဖွဲ့အစည်းကိုလည်း ထိခိုက်ပျက်စီးစေကာ သူတစ်ပါးကိုအကျိုးမပြုကြချေ။

၎င်းကို သက်ငယ်ပြစ်မှုကျူးလွန်သူများ၏အမှုတို့ကို ကိုင်တွယ်ရသည့် တရားသူကြီးတစ်ဦးက ဤသို့ထောက်ခံပြောဆိုသည်– “စံနှုန်းများမဲ့ခြင်း၊ မလိုလားဖွယ်စံပြပုံစံရှင်များကို ဂုဏ်တင်ချီးမြှောက်ခြင်းနှင့် ဖြတ်လမ်းနည်းဖြင့်အောင်မြင်ခြင်း အစရှိသည့်အရေးတို့က အပြိုင်အဆိုင်စိတ်ဓာတ်ကို ဖြစ်ပေါ်စေသည်။” ယင်းက လူ့အဖွဲ့အစည်းကိုထိခိုက်ပြီး အထူးသဖြင့် မူးယစ်ဆေးဝါးသုံးစွဲသည့် လူငယ်တို့ကိုပျက်စီးစေသည်။

လူ့အသက်တာဘဝတွင် စွဲမက်ဖွယ်ရာအမျိုးမျိုး—စိတ်ဝင်စားစရာနေရာများတွင် အပန်းဖြေခရီးထွက်ခြင်း၊ စိတ်ဝင်စားစရာကောင်းသော စာအုပ်များဖတ်၍ သုတေသနပြုခြင်း၊ ပျော်ရွှင်စွာ မိတ်ဖွဲ့ပေါင်းသင်းခြင်း၊ တေးသွားလှလှကိုနားဆင်ခြင်း—ရှိကြောင်း သင်သိပါသည်။ ထို့ပြင် စိတ်ကျေနပ်မှုကြီးကြီးငယ်ငယ်ရနိုင်သည့် အခြားလုပ်ဆောင်မှုများလည်းရှိသည်။ ဘုရားသခင်၊ အထူးသဖြင့် သမ္မာကျမ်းစာ၏ဘုရားသခင် ယေဟောဝါအား နက်နက်ရှိုင်းရှိုင်းယုံကြည်သူများသည် အသက်ကိုမြတ်နိုးဖို့အကြောင်းပိုများသည်။ စစ်မှန်သောယုံကြည်ခြင်းသည် အခက်အခဲများကို ရင်ဆိုင်စေနိုင်သည့် ခွန်အားရင်းမြစ်တစ်ခုဖြစ်ပြီး စိတ်တည်ငြိမ်မှုကိုရရှိစေသည်။ စစ်မှန်သောဘုရားသခင်ကိုယုံကြည်သူများက “ထာဝရဘုရားသည် ငါ့ကိုမစတော်မူသည်ဖြစ်၍၊ လူသည် ငါ၌ပြုနိုင်သမျှကိုငါမကြောက်” ဟုစိတ်ချစွာဆိုနိုင်ကြသည်။ (ဟေဗြဲ ၁၃:၆) ဘုရားသခင့်မေတ္တာတော်ကို သိကျွမ်းထားသူများသည် ကိုယ်တော့်မေတ္တာရသည်ဟု ခံစားရကြ၏။ ကိုယ်တော်၏မေတ္တာကိုတုံ့ပြန်ကြ၍ အလွန်ပျော်ရွှင်မှုရရှိကြသည်။ (၁ ယောဟန် ၄:၇၊ ၈၊ ၁၆) သို့ဖြင့် ကျေနပ်မှုပေးသော တက်ကြွလှုပ်ရှား၍ စေတနာပြည့်ဝသည့် ဘဝအသက်တာကိုရရှိနိုင်ကြသည်။ “ခံယူခြင်းထက်ပေးကမ်းခြင်း၌ ပျော်ရွှင်မှုသာ၍ရှိ၏” ဟုယေရှုခရစ်ဆိုခဲ့သည့်အတိုင်းဖြစ်သည်။—တမန်တော် ၂၀:၃၅၊ ကဘ။

ဝမ်းနည်းစရာမှာ၊ လက်ရှိဘဝအသက်တာ၏ အခြားတစ်ဖက်ရှိခြင်းဖြစ်သည်။ ဘဝအသက်တာကို မခံနိုင်လောက်အောင်ဖြစ်စေလေ့ရှိသည့် နာကျင်ဖွယ်အသွင်အပြင် အချို့ကိုဖော်ပြရလျှင် ဆင်းရဲမှုများ၊ မတရားမှု၊ ဖျားနာခြင်းနှင့်သေခြင်း အနှံ့အပြားရှိခြင်းဖြစ်သည်။ ချမ်းသာကြွယ်ဝ၊ အာဏာရှိ၍ပညာရှိသော ရှေးခေတ်ဣသရေလနိုင်ငံ၏ ဘုရင်ရှောလမုန်တွင် လူတို့ကိုပျော်ရွှင်စေနိုင်သည့်အရာများ လိုနေသည်ဟူ၍မရှိခဲ့ပါ။ သို့တိုင် မိမိသေဆုံးသောအခါ “ပညာရှိလျက်သိပ္ပံအတတ်နှင့်ပြည့်စုံလျက်” မိမိ ‘ကြိုးစားအားထုတ်ပြုလုပ်ခဲ့သောအရာ’ အားလုံးကို အခြားသူတစ်ဦးအား ချန်ထားပေးရမည်ဟူသည့်အသိက သူ့ကိုအနှောင့်အယှက်ပေးခဲ့သည်။—ဒေ. ၂:၁၇-၂၁။

လူ့သက်တမ်းတိုတောင်းသည်ကို ရှောလမုန်ကဲ့သို့ လူများစွာသိထားကြသည်။ ဘုရားသခင်သည် ‘ထာဝရကာလကို ကျွန်ုပ်တို့စိတ်ထဲထည့်ထား’ သည်ဟု သမ္မာကျမ်းစာကဆိုသည်။ (ဒေ. ၃:၁၁) ထာဝရကာလကိုသိသည့်စိတ်က လူ့သက်တမ်းတိုတောင်းမှုကို ဆင်ခြင်စေသည်။ ဘဝနှင့်သေခြင်း၏အဓိပ္ပာယ်နှင့်ပတ်သက်၍ ကျေနပ်ဖွယ်အဖြေများ မရနိုင်သည့်အဆုံး လူသည် အဆိုးမြင်ကာ အချည်းနှီးသာဖြစ်သည်ဟုခံစားလာရသည်။ ယင်းက ဘဝကိုဝမ်းနည်းကြေကွဲစရာဖြစ်စေနိုင်သည်။

လူတို့ စိတ်သောကရောက်၍ မေးသောမေးခွန်းများအတွက် အဖြေများရှိပါသလော။ ဘဝကိုပို၍ နှစ်လိုဖွယ်ဖြစ်စေပြီး တည်မြဲစေမည့် အခြေအနေများရှိပါဦးမည်လော။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ