နာမည်ကောင်း ထိန်းသိမ်းခြင်း
လှပသောပန်းချီကားတစ်ချပ်ကို အသေအချာလေ့လာခြင်းသည် အမှန်ပင်အကျိုးရှိနိုင်သည်။ စေ့စေ့လေ့လာကြည့်ရာတွင် ပန်းချီဆရာတစ်ဦးသည် ပန်းချီကားတစ်ခုကို ဆေးသားအမျိုးမျိုးခြယ်ရန် စုတ်ချက်ရာနှင့်ချီ၍အသုံးပြုထားသည်ကို သတိပြုမိပါလိမ့်မည်။
အလားတူပြောရမည်ဆိုလျှင် ကြီးမားသောစုတ်ချက်တစ်ချက်ဖြင့်မဟုတ်ဘဲ အချိန်အတိုင်းအတာတစ်ခုအတွင်း သေးငယ်သောလုပ်ရပ်များစွာဖြင့် နာမည်ကောင်းတစ်ခုဖြစ်ပေါ်လာသည်။ မှန်ပါ၏၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အပြုအမူများဖြင့် တဖြည်းဖြည်းနာမည်ကောင်းရလာသည်။
အခြားတစ်ဖက်တွင်မူ နေရာလွဲသောစုတ်ချက်တစ်ချက်တည်းက ပန်းချီကား၏တန်ဖိုးကိုလျော့စေနိုင်သည်။ ကျွန်ုပ်တို့၏နာမည်လည်း ထိုနည်းတူပင်။ ပညာရှိဘုရင်ရှောလမုန်က “လူသည်မိုက်သောသဘောကြောင့်၊ လမ်းလွဲ၍ စိတ်ထဲမှာထာဝရဘုရားကိုကဲ့ရဲ့ပြစ်တင်တတ်၏” ဟုဆိုခဲ့သည်။ (သု. ၁၉:၃) မိုက်မဲမှုတစ်ခုလေးဖြစ်သော—တစ်ခါမျှဒေါသအိုးပေါက်ကွဲခြင်း၊ တစ်ခါမျှအရက်သေစာသောက်ကြူးခြင်း သို့မဟုတ် လိင်ဆိုင်ရာမသန့်ရှင်းသောအပြုအမူတစ်ခုမျှ—ဖြင့် လုံးလုံးနာမည်ပျက်သွားနိုင်သည်။ (သု. ၆:၃၂; ၁၄:၁၇; ၂၀:၁) ထို့ကြောင့် နာမည်ကောင်းတစ်ခုရဖို့ကြိုးစား၍ ယင်းကို ဝီရိယရှိရှိထိန်းသိမ်းထားရန် မည်မျှအရေးကြီးလှပါသည်တကား။—ဗျာဒိတ် ၃:၅ နှိုင်းယှဉ်။