အာဏာပိုင်များက သက်သေခံများကိုချီးမွမ်း
စပိန်နိုင်ငံ၊ မဒရစ်မြို့အနောက်တောင်ဘက် မိုင် ၃၀၀ ခန့်တွင်ရှိသည့် ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သော ကဒစ်မြို့မှ မြို့တော်ဝန် ဒိုနာ တီယိုဖီလာ မာတီနက်ဇ်သည် ယေဟောဝါသက်သေများအား ဂုဏ်ပြုတံဆိပ်တစ်ခု (အထက်တွင်ဖော်ပြထား) ပေးအပ်ခဲ့သည်။ ယင်းကဤသို့ဆိုသည်– “မြို့တော်အကျိုးအတွက် ယေဟောဝါသက်သေတို့၏ ပူးပေါင်းလုပ်ဆောင်မှုနှင့် ကြိုးပမ်းမှုများအတွက် ကဒစ်မြို့တော်ခန်းမက တန်ဖိုးထားလေးမြတ်ခြင်း။” ဤဂုဏ်ပြုမှုကိုရရှိရန် သက်သေခံများ အဘယ်အရာပြုခဲ့သနည်း။
မြို့တော်၏မြူနီစပယ်အားကစားကွင်းတစ်စိတ်တစ်ပိုင်းကို အသစ်ပြုပြင်မွမ်းမံခဲ့သည့် ယေဟောဝါသက်သေများ၏ကြိုးပမ်းလုပ်ဆောင်မှုကို အသိအမှတ်ပြုသည့်အနေနှင့် ယင်းကိုပေးခဲ့ခြင်းဖြစ်သည်။ ရာနှင့်ချီသောယေဟောဝါသက်သေများသည် ကရဲန်ဇာဘောလုံးကွင်း၏ မြေညီထပ်အိမ်သာများကို ပြန်လည်ပြုပြင်ရေးတွင် စနေ၊ တနင်္ဂနွေပေါင်းများစွာ စေတနာဖြင့်ကူညီပေးခဲ့ကြသည်။ ယခု အားကစားကွင်းကိုအသုံးပြုသူအားလုံး တပ်ဆင်ထားသောပိုက်လုံးများ၊ ရေသွယ်စနစ်များနှင့် ကြမ်းခင်းများ၏အကျိုးကို ခံစားနေကြရသည်။
ယေဟောဝါသက်သေများသည် ကဒစ်မြို့တော်နှင့် ကောင်းသောဆက်ဆံရေးရှိခဲ့သည်မှာ အတန်ကြာခဲ့ပြီ။ နှစ်စဉ်ပင် မြူနီစပယ်သည် သက်သေခံတို့၏ခရိုင်စည်းဝေးအတွက် ကရဲန်ဇာအားကစားကွင်းကို အသုံးပြုစေသည်။ ထို့ကြောင့် သက်သေခံတို့သည် အားကစားကွင်းအခြေအနေကောင်းမွန်စေရန် တတ်နိုင်သမျှပြုလုပ်ပေးလိုကြသည်။
သို့ရာတွင် ယေဟောဝါသက်သေများသည် အခါအားလျော်စွာ ပင်ပင်ပန်းပန်းလုပ်ဆောင်မှုအပြင် အခြားတစ်နည်းဖြင့်ကူညီပေးရန် မြို့တော်ဝန်းကျင်ရှိလူတို့ထံ မှန်မှန်လည်ပတ်ကြပါသည်။ ဘုရားသခင့်နိုင်ငံတော် “သတင်းကောင်း” ကိုသူတို့ကြေညာကြသည်။ သူတို့သည် ချီးမွမ်းခံရဖို့ လူထုဓမ္မအမှုကို ဆောင်ရွက်နေကြခြင်းမဟုတ်သည်မှာတော့ အမှန်ပင်။ ‘ဘုရားသခင့်နိုင်ငံတော်နှင့်ယှဉ်သောသတင်းကောင်း’ ကိုဟောပြော၍ ‘လူမျိုးတကာတို့ကို တပည့်ဖြစ်စေ’ ရန် ယေရှု၏မိန့်မှာချက်ကိုနာခံသည့်အနေနှင့် ထိုသို့ပြုလုပ်ကြခြင်းဖြစ်သည်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ကဘ) ယေဟောဝါသက်သေများသည် “ဖြောင့်မတ်ခြင်းတရားလမ်း၌” လူတို့အားဤသို့ပညာပေးခြင်းဖြင့် ရပ်သူရပ်သားများ၏အကျိုးကိုဆောင်ဖို့ မျှော်လင့်ကြသည်။—သု. ၁၂:၂၈။