ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၃/၁ စာ. ၃၂
  • ဘုရားသခင့် နာမတော် ပြန်လည်ဖော်ထုတ်ခံရ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့် နာမတော် ပြန်လည်ဖော်ထုတ်ခံရ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၃/၁ စာ. ၃၂

ဘုရားသခင့် နာမတော် ပြန်လည်ဖော်ထုတ်ခံရ

“ယေဟောဝါဟူသည့်နာမတော်ကို သမ္မာကျမ်းစာများမှ နှစ်ရာစုပေါင်းများစွာ ထုတ်ပယ်ခဲ့ကြပြီးနောက် မားမားမတ်မတ်ရပ်တည်ပြီး တက်တြာဂရမ်မီတန်aကို ပြန်လည်ဖော်ထုတ်ခဲ့သည့် တစ်ခုတည်းသောခရစ်ယာန်ဘာသာမှာ မျက်မှောက်ခေတ်သက်သေခံများဖြစ်ကြသည်။”

အထက်ပါစကားများမှာ အာစိစ် ဘရာဇီးလ်အမည်ရှိ ဘရာဇီးစာရေးဆရာတစ်ဦးရေးသားခဲ့သော ဇီဟိုဗာ ဒဲန်ထရူး ဒူ ဇူဒါအီးစ်မို အီး ဒူ ခရစ္စတီယဲန်းနစ်မို (ဂျူးဘာသာနှင့် ခရစ်ယာန်ဘာသာမှ ယေဟောဝါ) စာအုပ်မှဖြစ်သည်။ သို့သော် ဘာသာပြန်ကျမ်းအချို့က မြင့်မြတ်သောနာမတော်ကို တစ်နည်းမဟုတ်တစ်နည်း အသုံးပြုခဲ့သော်လည်း အခြားဘာသာတရားတို့သည် သူတို့၏ကျမ်းစာများမှ ယင်းကို အဘယ်ကြောင့်ထုတ်ပယ်ခဲ့ကြရသနည်းဟု မေးစရာပေါ်လာပေမည်။ “ဘုရားသခင့်နာမတော်ထုတ်ပယ်ခဲ့ရသည့်အကြောင်းရင်းမှာ အယူသီးမှု . . . ၊ အတွင်းကျိတ်အကြောင်းရင်းများ သို့မဟုတ် ယေရှုနှင့် မယ်တော်မာရိတို့၏နာမများကို ချီးမြှောက်လိုစိတ်ကြောင့်ဖြစ်သည်” ဟုဘရာဇီးလ်ကဆိုသည်။

သို့သော် မစ္စတာဘရာဇီးလ် မှန်ကန်စွာထောက်ပြသကဲ့သို့ “ထိမ်ချန်ထားခဲ့သော [ဘုရားသခင့်] နာမတော်ကို ပေါ်တူဂီဘာသာစကားဖြင့်ထုတ်ဝေသည့် ကမ္ဘာသစ်ဘာသာပြန်ကျမ်းတွင် အပြည့်အစုံပြန်လည်ပြုပြင်ထားပြီ။” မည်သို့နည်း။ ထိုကျမ်းစာတွင် ယေဟောဝါဟူသည့်နာမတော်ကို ယင်း၏နေရာမှန်တွင် ပြန်လည်ဖော်ပြထားခြင်းအားဖြင့်ဖြစ်သည်။ ယေဟောဝါဟူသည့်နာမတော်သည် ကမ္ဘာသစ်ဘာသာပြန်ကျမ်းတွင် အကြိမ်ပေါင်း ၇,၂၀၀ ကျော်ပါရှိသည်။

ပထမအကြိမ်ထုတ်ဝေချိန်ကတည်းက ပေါ်တူဂီဘာသာသို့ စာသားအတိုင်းပြန်ဆိုထားခြင်းဖြစ်သော ဤခေတ်သစ်ဘာသာပြန်ကျမ်းကို စောင်ရေခြောက်သန်းခွဲကျော်ဖြန့်ဝေခဲ့ရပြီဖြစ်သည်။ ထို့ကြောင့် ဘရာဇီးလ်သတင်းစာ ဒိုင်ရာရီအို ဒို နော်ဒက်စ္စတီ (အရှေ့မြောက်ပိုင်းနေ့စဉ်သတင်း) ၏ပင်တိုင်ဆောင်းပါးရှင်တစ်ဦးက “ဘုရားသခင်မှာ နာမည်ရှိတယ်ဆိုတာသိလား” ဟုမေးစရာပေါ်ခဲ့သည်။ ဤခေတ်သစ်ဘာသာပြန်ကျမ်းကြောင့် ယခုသန်းပေါင်းများစွာသောသူတို့သည် “သိပါသည်၊ မြင့်မြတ်သောနာမတော်မှာ ယေဟောဝါဖြစ်သည်” ဟုဖြေဆိုနိုင်ကြပြီ။

[အောက်ခြေမှတ်ချက်များ]

a ဟေဗြဲဘာသာစကားတွင် ဘုရားသခင်၏နာမတော်ကို יהוה ဟုရေးသားထားသည်။ (လက်ယာမှလက်ဝဲဘက်သို့ဖတ်ရသည့်) အဆိုပါအက္ခရာလေးလုံးကို အများအားဖြင့် တက်တြာဂရမ်မီတန်ဟု ရည်ညွှန်းဖော်ပြကြသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ