ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၂/၁ စာ. ၂၄
  • ဝေးခေါင်ပြီးသေးငယ်သော ကျွန်းတစ်ကျွန်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဝေးခေါင်ပြီးသေးငယ်သော ကျွန်းတစ်ကျွန်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၂/၁ စာ. ၂၄

ဝေးခေါင်ပြီးသေးငယ်သော ကျွန်းတစ်ကျွန်း

စိန့်ဟယ်လီနာကျွန်းကို ဖော်ပြရာတွင် အများဆုံးအသုံးပြုလေ့ရှိသော နာမဝိသေသနများကား “ဝေးခေါင်သော” နှင့် “သေးငယ်သော” ဟူ၍ဖြစ်သည်။ ၎င်းသည် ဆယ်မိုင်ခွဲရှည်လျားကာ ခြောက်မိုင်ခွဲကျယ်ဝန်းပြီး အနီးဆုံးကုန်းမြေဖြစ်သည့် အနောက်တောင်အာဖရိကကမ်းရိုးတန်းမှ မိုင်ပေါင်း ၁,၂၀၀ ကွာဝေးသော ဤကျွန်းအတွက် လျောက်ပတ်ပေသည်။ စစ်ရှုံးသည့် ပြည်နှင်ဒဏ်ခံရသူအဖြစ် ဤနေရာတွင် သေသည်တိုင်နေထိုင်ဖို့ နပိုလီယံဘိုနာပတ်ကို ၁၈၁၅ ခုနှစ်ကပို့ခဲ့၏။

သမုဒ္ဒရာမှကြည့်လျှင် အဆိုပါကျွန်းသည် ခန့် ညားသောခံတပ်ကြီးနှင့်တူသည်။ အမှန်မှာ ၎င်းသည် အတ္တလန်တိတ်မှ မတ်စောက်စွာထိုးထွက်သည့် ပေပေါင်း ၁,၆၀၀ မှ ၂,၃၀၀ ထိမြင့်သော ကျောက်ဆောင်ကမ်းပါးများရှိသည့် မီးတောင်သေတစ်ခုဖြစ်သည်။ ၎င်း၏အလယ်ဗဟို ရှိ ၂,၆၈၅ ပေမြင့်သော အက်တီအောန်တောင်သည် ကျွန်းတစ်ကျွန်းလုံးကို အုပ်မိုးထား၏။ တောင်အတ္တလန်တိတ်၏ အေးမြသောကုန်သည်လေနှင့် သမုဒ္ဒရာရေစီးကြောင်းကြောင့် ဤကျွန်း၏ရာသီဥတုသည် အများအားဖြင့် သာယာပြီး နှစ်လိုဖွယ်ကောင်းသည်။ သို့သော် ပင်လယ်ကမ်းရိုးတန်းမှ အတွင်းပိုင်းရှိ တောင်တန်းဒေသသို့သွားကြရာ ရာသီဥတုအခြေအနေများနှင့် သဘာဝပေါက်ပင်များသည် အလွန်ကွဲပြားခြားနားကြောင်း တွေ့ ရှိရ၏။

၁၇ ရာစုနှောင်းပိုင်းကတည်းက စိန့်ဟယ်လီနာကျွန်းသည် ဗြိတိသျှပိုင်ဖြစ်ခဲ့သည်။ လူဦးရေ ၅,၀၀၀ ခန့်လောက်သာရှိသော လူနည်းစုမှာ ဥရောပ၊ အာရှနှင့် အာဖရိကန်နွယ်ဖွားများ ရောနှောနေကြခြင်းဖြစ်သည်။ ကျွန်းတစ်ကျွန်းလုံးက အင်္ဂလိပ်ဘာသာစကားကို ပြောဆိုကြသော်လည်း ကွဲပြားခြားနားသည့် လေသံဖြင့်ပြောကြသည်။ ဤတွင် လေဆိပ်မရှိချေ; တောင်အာဖရိကနှင့် အင်္ဂလန်နိုင်ငံများသို့ မှန်မှန်ပြေးဆွဲသည့် သင်္ဘောဖြင့်သာ ပြင်ပလောကနှင့်အဆက်အသွယ်ရှိသည်။ အမှန်မှာ ဂြိုဟ်တုအသံလွှင့်ခြင်း၏ကျေးဇူးကြောင့် ၁၉၉၀ ပြည့်လွန်နှစ်များ၏အလယ်မှသာ ရုပ်မြင်သံကြားအသံလွှင့်ဌာနရှိခဲ့သည်။

၁၉၃၀ ပြည့်လွန်နှစ်များ၏အစောပိုင်းတွင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းသည် ဤကျွန်း၏ကမ်းရိုးတန်းများသို့ ပထမဆုံးအကြိမ်ရောက်ရှိခဲ့၏။ (မဿဲ ၂၄:၁၄) နှစ်များတစ်လျှောက် ကျွန်းသားများစွာသည် ထိုဘဏ္ဍာကိုဆုပ်ကိုင်ခဲ့ကြရာ စည်းစိမ်ဥစ္စာကို အသေးအဖွဲဖြစ်စေခဲ့ကြပြီ။ (မဿဲ ၆:၁၉၊ ၂၀) ယနေ့ စိန့်ဟယ်လီနာကျွန်း၏ ထူးခြားချက်ဖြစ်သည့် သက်သေခံတစ်ဦးလျှင် လူဦးရေ ၃၁ ဦးအချိုးရှိခြင်းသည် ကမ္ဘာပေါ်တွင် အကောင်းဆုံးဖြစ်ပါသည်တကား!

[စာမျက်နှာ ၂၄ ပါ မြေပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

စိန့်ဟယ်လီနာကျွန်း

ဂျိမ်းစ်တောင်း

လယ်ဗယ်ဝုဒ်

အာဖရိက

အတ္တလန်တိတ် သမုဒ္ဒရာ

စိန့်ဟယ်လီနာကျွန်း

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ