အထူးဖြစ်ရပ်အတွက် ကျေးဇူးပြု၍ ကျွန်ုပ်တို့နှင့်အတူပါဝင်ပါ
ကြာသပတေး၊ ဧပြီ ၁၊ ၁၉၉၉
ဘုရားသခင်၏လက်ဆောင်ဖြစ်သော ကိုယ်တော်၏သားတော်၊ ယေရှုခရစ်ကို မိမိတို့ နှင့်အတူသတိရရန် သင့်အား ယေဟောဝါသက်သေများက နွေးထွေးစွာဖိတ်ခေါ်ပါသည်။ ဤလက်ဆောင်က မြေကြီးပေါ်တွင် လူသားတို့ ထာဝရအသက်ခံစားရရန် အလားအလာကိုဖွင့်ပေးခဲ့ပါသည်။—ယောဟန် ၃:၁၆။
၁၉၉၉ ခုနှစ်တွင် ယေရှု၏သေခြင်းကိုအောက်မေ့ရာအား ကြာသပတေးနေ့၊ ဧပြီ ၁ ရက်၊ နေဝင်ပြီးနောက် ကျင်းပပါမည်။ ထိုနေ့သည် ကျမ်းစာ၏လပြက္ခဒိန်တွင် နိသန်လ ၁၄ ရက်နေ့နှင့်ကိုက်ညီနေပါသည်။ ကျင်းပမည့်နေရာအတိအကျနှင့် အချိန်အတွက် ကျေးဇူးပြု၍ နယ်ခံယေဟောဝါသက်သေများကို စုံစမ်းပါ။