ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၁၀/၁ စာ. ၇
  • သတင်းကောင်းကြေညာခြင်းမှ မတွန့်ဆုတ်ပါနှင့်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သတင်းကောင်းကြေညာခြင်းမှ မတွန့်ဆုတ်ပါနှင့်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘဝဆုံးဖြတ်ချက်တိုင်းမှာ ယေဟောဝါကို ဦးစားထား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • “ဘုရားသခင်သည် လူမျက်နှာကိုမှတ်တော်မမူ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၁၀/၁ စာ. ၇

ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း

သတင်းကောင်းကြေညာခြင်းမှ မတွန့်ဆုတ်ပါနှင့်

ဥရောပစူးစမ်းလေ့လာရေးသမားများသည် ဗင်နီဇွဲလားပင်လယ်ကွေ့ နှင့် မယ်ရကိုင်ဘိုကန်ကို ပထမဦးဆုံးအကြိမ် သွားရောက်လေ့လာသောအခါ ကမ်းရိုးတန်းတစ်လျှောက် ရေတိမ်သောနေရာများတွင် သက်ငယ်မိုးခြေတံရှည်အိမ်များ ပြည့်ကျပ်နေသည်ကိုတွေ့ ရှိရသည်။ ယင်းက ရေစပ်တစ်လျှောက်တွင် မိမိတို့နေအိမ်များကိုဆောက်လုပ်ထားကြသော အီတလီနိုင်ငံ၊ ဗဲနစ်မြို့ရှိမြင်ကွင်းကိုသွားသတိရစေသည်။ ထို့ကြောင့် စပိန်စကားပြောသည့် စူးစမ်းလေ့လာသူများက ထိုနယ်မြေကို “ဗဲနစ်ငယ်လေး” ဟုအဓိပ္ပာယ်ရှိသော ဗင်နီဇွဲလားဟုအမည်ပေးခဲ့ကြသည်။

ယနေ့ ဤလှပသောနိုင်ငံတွင် ဝိညာဉ်ရေးဆိုင်ရာ အခြားဆောက်လုပ်ရေးတစ်မျိုးကို ပြုလုပ်နေကြသည်။ ထိုတွင် ယေဟောဝါသက်သေများသည် အခါအခွင့်သင့်တိုင်း ဘုရားသခင့်နိုင်ငံတော်မျိုးစေ့ကြဲဖြန့်ရာတွင် အလုပ်များနေကြသည်။ ဝိညာဉ်ရေးဆိုင်ရာရိတ်သိမ်းမှု၏ အကျိုးရလဒ်ကား “စပါးရှင်” ယေဟောဝါဘုရားသခင်အား ချီးမွမ်းခြင်း တိုးပွားလာနေခြင်းဖြစ်သည်။—မဿဲ ၉:၃၇၊ ၃၈။

ဗင်နီဇွဲလားအနောက်မြောက်ပိုင်းရှိ ဇူးလျားပြည်နယ်မှ အသင်းတော်တစ်ခုထံသို့ နယ်လှည့်ကြီးကြပ်မှူးတစ်ဦးလည်ပတ်ခဲ့သောအခါ သူနှင့်သူ့ဇနီးသည် မလှမ်းမကမ်းတွင်ရှိသော တိုအက်စ်ကျွန်းငယ်လေးသို့ လည်ပတ်နိုင်ရန် နယ်ခံသက်သေခံများကစီစဉ်ပေးခဲ့ကြသည်။ ထိုကျွန်းသို့နံနက်စောစောထွက်မည့် ကူးတို့မော်တော်ကိုစီးရန် တန်းစီစောင့်နေကြစဉ် နယ်လှည့်ကြီးကြပ်မှူး၏ဇနီးဖြစ်သူ မယ်ရီက မော်တော်ပေါ်မှ အလုပ်သမားအချို့ကို သက်သေခံကြရန် အချိန်ပြည့်ရှေ့ဆောင်ညီအစ်မတစ်ဦးဖြစ်သည့် မိမိ၏အဖော်ကိုအကြံပြုခဲ့သည်။ ရှေ့ဆောင်ညီအစ်မက သဘောတူလိုက်သည်။

မယ်ရီသည် စက်ပြင်ဆရာတစ်ဦးထံချဉ်းကပ်၍ ထာဝရအသက်ရစေသောအသိပညာစာအုပ်ကို ကမ်းလှမ်းခဲ့သည်။ ထိုသူတန်ဖိုးထားပုံပေါ်သည့် “ဘုရားသခင်အား ဂုဏ်တင်သည့်မိသားစုတစ်စုအဖြစ် တည်ဆောက်ခြင်း” ဟူသောအခန်းကို သူမပြလိုက်သည်။ ထို့နောက် ဤစာစောင်ကိုအသုံးပြု၍ သူ၏အိမ်တွင် ကျမ်းစာလေ့လာနိုင်ကြောင်း မယ်ရီရှင်းပြသည်။ စာအုပ်ကိုသူလက်ခံပြီး သူ့အိမ်သို့တစ်စုံတစ်ဦးသွားလည်ပတ်ရန် စီစဉ်လိုက်ကြသည်။

မကြာမီ ထိုနယ်မြေတွင် တစ်ရက်အထူးအစည်းအဝေးတစ်ခုကို ကျင်းပကြသည်။ ထိုတွင် စက်ပြင်ဆရာ စယ်နောနာဗာကို သူ၏ဇနီးနှင့် သမီးငယ်နှစ်ယောက်တို့နှင့် မယ်ရီတွေ့လိုက်ရသောအခါ အံ့အားသင့်သွားသည်! သူတို့၏မိသားစုကျမ်းစာလေ့လာမှုကို သူမမည်သို့သဘောထားကြောင်း မယ်ရီကဇနီးဖြစ်သူကိုမေးခဲ့သည်။ သူမ၏အဖြေက အံ့အားသင့်စရာအကောင်းဆုံးပင်။

“အမှန်တရားကိုကျွန်မတို့သင်ယူခဲ့ရတဲ့အတွက် ယေဟောဝါကိုကျွန်မကျေးဇူးတင်တယ်” ဟုသူမဆိုသည်။ ထို့နောက် သူမကဤသို့ရှင်းပြသည်– “ရှင်ကျွန်မယောက်ျားကို စကားပြောခဲ့တဲ့အချိန်တုန်းက ကျွန်မကိုပစ်ပြီး တခြားမိန်းမတစ်ယောက်နဲ့ ပေါင်းခါစပဲရှိသေးတယ်။ အရက်ချိုးတစ်ယောက်လည်းဖြစ်ခဲ့တယ်။ တစ်ခါတလေ သူအရက်မူးပြီးဆဲဆိုတာကို ဒီကျွန်းပေါ်ကအသိုင်းအဝိုင်းလေးက လုံးဝမကြိုက်ကြဘူး။ နတ်ဝိဇ္ဇာအတတ်လည်း လိုက်စားတယ်။ ဒါပေမဲ့ လေ့လာမှုကနေရရှိလာတဲ့ ကျမ်းစာအသိပညာက သူ့ဘဝကိုအကြီးအကျယ်ပြောင်းလဲစေခဲ့ပြီ။ မသန့်ရှင်းတဲ့သူ့အကျင့်တွေအားလုံးကို သူစွန့်နိုင်ခဲ့ပြီ။ ဒီလိုပြောင်းလဲသွားတာကို ကက်သလစ်ဘာသာဝင်တွေဖြစ်ကြတဲ့ သူ့မိဘတွေက တကယ်အားရနေကြတယ်။ အခုဆိုရင် သူဟာ ယုံကြည်အားကိုးလောက်တဲ့ လင်သားနဲ့ဖခင်တစ်ယောက်ဖြစ်နေတဲ့အတွက် သူတို့ဝမ်းသာကြတယ်။”

စယ်နောနာဗာသည် ၁၉၉၆ တွင်နှစ်ခြင်းခံယူပြီး ယခုအချိန်တွင် အချိန်ပြည့်အမှုဆောင်တစ်ဦးအဖြစ် အမှုထမ်းနေသည်။ သူ့ဇနီးဂျယ်နီမှာ ၁၉၉၇ တွင်နှစ်ခြင်းခံယူခဲ့သည်။ မြို့တော်ဝန်သည် ဤကူးတို့မော်တော်စက်ပြင်ဆရာ၏ ပြောင်းလဲမှုများကို အလွန်အားရပြီး သူလည်းကျမ်းစာသင်အံမှုတစ်ခုကို တောင်းဆိုလေသည်။ ထိုနံနက်ပိုင်းတွင် ကူးတို့မော်တော်ကိုတန်းစီစောင့်နေကြစဉ် သတင်းကောင်းကြေညာရန် တွန့်ဆုတ်မနေခဲ့ကြသော ဤညီအစ်မများသည် အလွန်ရွှင်လန်းခဲ့ရပါသည်တကား!

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ကူးတို့မော်တော်စက်ပြင်ဆရာကို သတင်းကောင်းဟောပြောခဲ့ခြင်းက ရွှင်လန်းဖွယ်အကျိုးရလဒ်များကိုဖြစ်ပေါ်စေခဲ့

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ