ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၁၀/၁ စာ. ၃-၄
  • ‘အမှန်တရားသည် သင်တို့ကိုလွှတ်လိမ့်မည်’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘အမှန်တရားသည် သင်တို့ကိုလွှတ်လိမ့်မည်’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခရစ်ယာန်များသည် ဝိညာဉ်နှင့် အမှန်တရားဖြင့် ဝတ်ပြုကိုးကွယ်ကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • အမှန်တရား အရေးပါသေးသလား
    ထပ်ဆင့် အကြောင်းအရာများ
  • ဘုရားသခင်သည် မည်သူနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • အမှန်တရားကို အဘယ်ကြောင့်ရှာဖွေသင့်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၁၀/၁ စာ. ၃-၄

‘အမှန်တရားသည် သင်တို့ကိုလွှတ်လိမ့်မည်’

“[အမှန်]တရားကိုလည်းသိကြသဖြင့်၊ ထိုတရားသည်သင်တို့ကိုလွှတ်လိမ့်မည်။” ယေရှုသည် ယေရုရှလင်မြို့ရှိ ဗိမာန်တော်တွင် လူအမြောက်အမြားကိုသွန်သင်ပေးစဉ် ထိုသို့ကြေညာခဲ့သည်။ (ယောဟန် ၈:၃၂) ယေရှု၏သွန်သင်ချက်များသည် အမှန်တရားဖြစ်ကြောင်း ယေရှု၏တမန်တော်များ မဆိုင်းမတွခွဲခြားသိမြင်နိုင်ခဲ့သည်။ သူတို့၏ဆရာသည် ဘုရားသခင်ထံတော်မှကြွလာကြောင်း သက်သေအထောက်အထားများစွာ တွေ့မြင်ခဲ့ကြရပြီဖြစ်သည်။

သို့သော် ယနေ့ လူအချို့က ယေရှုမိန့်တော်မူခဲ့သော အမှန်တရားကိုခွဲခြားသိမြင်ရန် အခက်အခဲတွေ့ပေမည်။ ပရောဖက်ဟေရှာယခေတ်ကကဲ့သို့ပင် ယနေ့ “မကောင်းကိုအကောင်း၊ အကောင်းကိုမကောင်းဟုခေါ်တတ်သောသူ၊ အလင်းအရာ၌အမိုက်၊ အမိုက်အရာ၌အလင်းကိုလည်းကောင်း၊ အချိုအရာ၌အခါး၊ အခါးအရာ၌အချိုကိုလည်းကောင်း အလွဲယူတတ်သောသူတို့” ရှိကြသည်။ (ဟေရှာယ ၅:၂၀) မျက်မှောက်ခေတ် အယူအဆ၊ အတွေးအခေါ်နှင့် ဘဝပုံစံအမျိုးမျိုးကိုလက်ခံဖို့ အားပေးနေကြသည်ဖြစ်ရာ အရာခပ်သိမ်းသည် ဆက်စပ်နေကာ အမှန်တရားဟူ၍ မရှိနိုင်ဟု လူအများယူမှတ်ကြသည်။

အမှန်တရားသည် သူတို့ကိုလွှတ်လိမ့်မည်ဟု မိမိ၏ပရိသတ်ကိုယေရှုမိန့်တော်မူသောအခါ သူတို့က “ငါတို့သည် အာဗြဟံအမျိုးဖြစ်ကြ၏။ အဘယ်သူထံ၌တစ်ရံတစ်ခါမျှကျွန်မခံကြ။ ‘လွှတ်လိမ့်မည်’ ဟူ၍ သင်သည်အဘယ်သို့ပြောဆိုသနည်း” ဟုမေးမြန်းခဲ့ကြ၏။ (ယောဟန် ၈:၃၃) တစ်ဦးတစ်ယောက် သို့မဟုတ် တစ်စုံတစ်ရာက သူတို့ကိုလွှတ်ရန်လိုအပ်သည်ဟု သူတို့မယူမှတ်ကြချေ။ သို့သော် ယေရှုက “ဒုစရိုက်ကိုပြုသောသူတို့သည် ဒုစရိုက်၏ကျွန်ဖြစ်ကြ၏” ဟုယေရှုရှင်းပြခဲ့သည်။ (ယောဟန် ၈:၃၄) ယေရှုပြောပြနေသည့် အမှန်တရားသည် အပြစ်မှလွတ်မြောက်ရာလမ်းကို ဖွင့်ပေးနိုင်သည်။ ယေရှုက “သားသည်သင်တို့ကိုလွှတ်လျှင်၊ သင်တို့သည်ဧကန်အမှန်လွတ်ကြလိမ့်မည်” ဟုမိန့်ဆိုခဲ့သည်။ (ယောဟန် ၈:၃၆) ထို့ကြောင့် လူတို့ကိုလွတ်မြောက်စေသော အမှန်တရားသည် ဘုရားသခင့်သားတော်ယေရှုခရစ်နှင့်ပတ်သက်သော အမှန်တရားဖြစ်သည်။ ယေရှု၏စုံလင်သော လူသားအသက်တာရွေးနုတ်ဖိုးကို ယုံကြည်ခြင်းအားဖြင့်သာလျှင် လူတစ်ဦးသည် အပြစ်နှင့်သေခြင်းမှလွတ်နိုင်မည်ဖြစ်သည်။

အခြားတစ်ချိန်တွင် ယေရှုက “ကိုယ်တော်၏ [အမှန်] တရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏ [နှုတ်မြွက်စကား] သည် [အမှန်] တရားဖြစ်ပါ၏” ဟုဆိုခဲ့သည်။ (ယောဟန် ၁၇:၁၇) သမ္မာကျမ်းစာတွင်ဖော်ပြထားသော ဘုရားသခင့်နှုတ်မြွက်စကားတော်သည် အယူသီးခြင်းနှင့် မှားယွင်းသောဘာသာရေးမှ လွတ်မြောက်စေနိုင်သည့် အမှန်တရားဖြစ်သည်။ သမ္မာကျမ်းစာတွင် ယေရှုခရစ်အားယုံကြည်၍ အနာဂတ်အတွက် တောက်ပသောမျှော်လင့်ချက်လမ်းကိုဖွင့်ပေးသည့် ကိုယ်တော်နှင့်ဆိုင်သော အမှန်တရားပါရှိသည်။ ဘုရားသခင့်နှုတ်မြွက်စကားတော်၏ အမှန်တရားကိုသိလာရခြင်းသည် အလွန်ကျေနပ်စရာပင်!

အမှန်တရားကိုသိရန် မည်မျှအရေးကြီးသနည်း။ ယနေ့ ဘာသာတရားများစွာတို့သည် သမ္မာကျမ်းစာကိုလိုက်လျှောက်သည်ဟုဆိုကြသော်လည်း အများစုမှာ လူ့အတွေးအခေါ်နှင့် ထုံးတမ်းစဉ်လာများ၏ လွှမ်းမိုးမှုအောက်ရောက်နေကြသည်။ များသောအားဖြင့် ဘာသာရေးခေါင်းဆောင်တို့သည် မိမိတို့၏သတင်းစကား တိကျမှန်ကန်ဖို့ထက် လူထု၏လက်ခံမှုရရန်အတွက် ပိုမိုစိုးရိမ်ပူပန်ပုံရှိသည်။ စိတ်ရင်းမှန်နေသ၍ မည်သည့်ဝတ်ပြုကိုးကွယ်မှုပုံစံကိုမဆို ဘုရားသခင်နှစ်သက်သည်ဟု အချို့ကယူမှတ်ကြသည်။ သို့သော် “စစ်မှန်စွာဝတ်ပြုသူတို့သည် ခမည်းတော်ကိုစိတ်ဖြင့်လည်းကောင်း၊ [အမှန်] တရားဖြင့်လည်းကောင်း ဝတ်ပြုကြမည့်အချိန်လာမည်။ ယခုပင်ဖြစ်၏။ အကြောင်းမှာ၊ ခမည်းတော်သည် မိမိအားဝတ်ပြုစေရန် ထိုသို့သောပုဂ္ဂိုလ်များကိုရှာလျက်ရှိတော်မူ၏” ဟုယေရှုခရစ်ရှင်းပြခဲ့သည်။—ယောဟန် ၄:၂၃၊ ကဘ။

ဘုရားသခင်နှစ်သက်သည့်နည်းအတိုင်း ကျွန်ုပ်တို့ဝတ်ပြုလိုလျှင် အမှန်တရားကိုသိရမည်။ ယင်းသည် အရေးကြီးသည့်ကိစ္စတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့၏ထာဝရပျော်ရွှင်မှုသည် ၎င်းပေါ်မူတည်နေသည်။ ထို့ကြောင့် ကျွန်ုပ်တို့အားလုံး မိမိကိုယ်ကိုဤသို့မေးသင့်သည်– “ကျွန်ုပ်၏ဝတ်ပြုပုံကို ဘုရားသခင်နှစ်သက်ပါသလော။ ဘုရားသခင့်နှုတ်မြွက်စကားတော်၏ အမှန်တရားကိုသင်ယူရန် ကျွန်ုပ်အမှန်ပင်စိတ်ဝင်စားသလော။ သို့မဟုတ် အသေအချာစစ်ဆေးစုံစမ်းရာမှ ပေါ်ထွက်လာမည့်အဖြေကို မရင်ဆိုင်ဝံ့ခြင်းလော။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ