ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၉/၁၅ စာ. ၃၂
  • ၁၉ ရာစုကိုဖျက်ဆီးခဲ့သောစစ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၁၉ ရာစုကိုဖျက်ဆီးခဲ့သောစစ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၉/၁၅ စာ. ၃၂

၁၉ ရာစုကိုဖျက်ဆီးခဲ့သောစစ်

၁၉၁၄

သည်အော်လန်ဒိုဆဲန်တင်နယ်လ်သတင်းစာ၏ ပင်တိုင်ဆောင်းပါးရှင် ချာလီရီးစ်က ထောင်စုနှစ်သစ်ကိုဆင်ခြင်သုံးသပ်၍ ဤသို့ရေးသားခဲ့သည်– “၁၉ ရာစုကို ဖျက်ဆီးပစ်သော ၁၉၁၄-၁၈ ခုနှစ်စစ်ပွဲသည် အဆုံးမသတ်သေးချေ။” အဘယ်အရာကို သူဆိုလိုခဲ့သနည်း။ ဤသို့ရှင်းပြခဲ့သည်– “သမိုင်းသည် ပြက္ခဒိန်များကို လုံးဝအမှုမထားချေ။ ယုံကြည်ချက်များ၊ ယူဆချက်များ၊ သဘောထားများနှင့် ကျင့်ဝတ်များဆိုင်ရာပေါင်းစုရာနှစ်ဟု အနက်ဖွင့်ထားည့် ၁၉ ရာစုသည် ၁၉၀၁ ခုနှစ်၊ ဇန်နဝါရီလတွင် မကုန်ဆုံးခဲ့ပါ။ ယင်းသည် ၁၉၁၄ ခုနှစ်၌ ကုန်ဆုံးခဲ့သည်။ ထိုအချိန်တွင် ထပ်တူအနက်ဖွင့်ထားသည့် ၂၀ ရာစုသည်လည်း အစပြုခဲ့သည်။ . . .

“ကျွန်ုပ်တို့နှင့်ပတ်သက်သော ပဋိပက္ခရှိသမျှနီးပါးသည် အဆိုပါစစ်ပွဲမှ ဖြစ်ပေါ်လာခဲ့သည်။ ကျွန်ုပ်တို့ရင်ဆိုင်ခဲ့ရသမျှ ဉာဏ်ပညာဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ ခေတ်ရေစီးကြောင်းများသည် အဆိုပါစစ်ပွဲမှ အစပြုလာခဲ့ခြင်းဖြစ်သည်။ . . .

“မိမိတို့၏ကံကြမ္မာကို မိမိတို့ချုပ်ကိုင်နိုင်သည်ဟူသော လူသားတို့၏ယုံကြည်ချက်ကို အစိတ်စိတ်အမြွှာမြွှာဖြစ်စေခဲ့သောကြောင့် ယင်းသည် အကြီးအကျယ်ထိခိုက်ပျက်စီးစေခဲ့သည်ဟု ကျွန်ုပ်ယူမှတ်သည်။ . . . စစ်ပွဲက လူတို့၏အဆိုပါယုံကြည်ချက်ကို စွန့်လွှတ်စေခဲ့သည်။ ယင်းသို့ ဖြစ်လာလိမ့်မည်ဟု စစ်မှုတွင်ပါဝင်ခဲ့သူ တစ်ဦးတစ်ယောက်ကမျှ မထင်မှတ်ခဲ့ချေ။ ယင်းက ဗြိတိသျှနှင့် ပြင်သစ်အင်ပါယာများကို ဖျက်ဆီးခဲ့သည်။ ယင်းသည် အတော်ဆုံး၊ အကောင်းဆုံးဖြစ်သော ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမန်လူမျိုးဆက်တစ်ခုကို သေစေခဲ့သည်။ . . . အချိန်တိုလေးတွင် ယင်းသည် လူပေါင်း ၁၁ သန်းကို သေစေခဲ့သည်။”

ယေဟောဝါသက်သေများသည် ၁၉၁၄ ခုနှစ်ကို ယေရှုခေါ်ဝေါ်ခဲ့သော “လူမျိုးခြားများအတွက်သတ်မှတ်ထားသောကာလ” ၏အဆုံးအဖြစ် နှစ်ပေါင်း ၁၂၀ ကျော်ကတည်းကညွှန်ပြခဲ့ကြသည်။ (လုကာ ၂၁:၂၄၊ ကဘ) ထိုနှစ်တွင် ရှင်ပြန်ထမြောက်၍ ဘုန်းဝင်စားခဲ့သော ယေရှုခရစ်သည် ကောင်းကင်နိုင်ငံတော်တွင် ဘုရင်အဖြစ်နန်းထိုင်တော်မူခဲ့သည်။ အဆိုပါနိုင်ငံတော်အားဖြင့် ယေဟောဝါဘုရားသခင်သည် ဤရာစုနှစ်၏အမှတ်အသားဖြစ်သော ဆင်းရဲခြင်းမှန်သမျှကို အစဉ်အမြဲဖယ်ရှားပစ်မည်။—ဆာလံ ၃၇:၁၀၊ ၁၁; ဒေသနာ ၈:၉; ဗျာဒိတ် ၂၁:၃၊ ၄။

[Picture Credit Line on page 32]

U.S. National Archives photo

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ