ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
ယေဟောဝါ၏လမ်းစဉ်အတိုင်း နှိမ့်ချစွာကိုက်ညီစေခြင်း
“ပြည်သူပြည်သားအပေါင်းတို့၊ ထာဝရဘုရားကို ရှာကြလော့။” လွန်ခဲ့သော ၂၆ ရာစုကျော်က ဟေဗြဲပရောဖက်ဇေဖနိ ကြွေးကြော်ခဲ့သည့် အဆိုပါဖိတ်ခေါ်ချက်ကို ယနေ့ထိ ကမ္ဘာတစ်ခွင်ရှိလူတို့အား ကမ်းလှမ်းလျက်ရှိသည်။ (ဇေဖနိ ၂:၃) ယေဟောဝါအား ရှာခြင်းကားအဘယ်နည်း။ ယင်းကို ပြုလုပ်ခြင်းတွင် တစ်ဆူတည်းသောစစ်မှန်၍ အသက်ရှင်သောဘုရားသခင်ဖြစ်သည့် ယေဟောဝါ၏အသိပညာကို ဆည်းပူးခြင်းနှင့်စတင်သည်။—ယေရမိ ၁၀:၁၀; ယောဟန် ၁၇:၃။
သို့သော် အသိပညာဆည်းပူးရုံဖြင့် ဘုရားသခင်ရှေ့မှောက်တော်တွင် မျက်နှာသာရအခြေအနေရှိစေမည်မဟုတ်ပေ။ ဘုရားသခင်၏မျက်နှာသာတော်ရရှိရန် လူတစ်ဦးသည် ယင်းအသိပညာကိုလိုက်လျှောက်ကျင့်သုံးရမည်။ မည်သို့အားဖြင့်နည်း။ စူရီနမ်မှ အောက်ပါတွေ့ ကြုံမှုက ဖော်ပြသကဲ့သို့ မိမိ၏စဉ်းစားတွေးခေါ်ပုံနှင့်အမူအကျင့်တို့ကို ဘုရားသခင်၏စံနှုန်းများနှင့်အညီ စိတ်နှိမ့်ချစွာ လိုက်လျှောက်ခြင်းအားဖြင့်ဖြစ်သည်။—ဧဖက် ၄:၂၂-၂၄။
အသက် ၃၅ နှစ်ခန့်ရှိသော ကျောင်းဆရာအက်ဒီသည် ‘ယခုခေတ်လူ့ဘောင်တွင် ဘာသာတရားသည် မည်သည့်ကဏ္ဍမှပါဝင်သနည်း’ နှင့် ‘ရှေးဟောင်းစာအုပ်ဖြစ်သောသမ္မာကျမ်းစာသည် မျက်မှောက်ခေတ်သိပ္ပံနှင့် ကိုက်ညီသလော’ စသောမေးခွန်းများအတွက် ကျေနပ်လောက်သည့်အဖြေများကို တောင့်တခဲ့သည်။ ယေဟောဝါသက်သေများရောက်ရှိလာပြီး အဆိုပါမေးခွန်းများကို သမ္မာကျမ်းစာအခြေခံ၍ ဖြေဆိုပေးသောအခါ အက်ဒီသည် ဂရုတစိုက်နားထောင်ခဲ့သည်။ သက်သေခံများ၏ရှင်းပြချက်များကို မှန်မမှန်စစ်ဆေးရန် မှတ်ချက်များပင်ယူခဲ့သည်။
ယခင်က အက်ဒီသည် လူဝံများကို ဘုရားသခင်ပြုပြင်ခဲ့ရာ နောက်ဆုံးတွင် လူဖြစ်လာသည်ဟု သင်ပေးခဲ့သောဘာသာနှင့်ပေါင်းသင်းခဲ့သည်။ ထို့ကြောင့် သက်သေခံများက အသက်—ဤတွင် မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော[လိပ်] စာအုပ်ကိုပေးသောအခါ ရှောရှောရှူရှူလက်ခံခဲ့သည်။ ထိုစာအုပ်တွင် ရှင်းလင်းစွာဖော်ပြထားသည့် သမ္မာကျမ်းစာ၏ဖန်ဆင်းခြင်းမှတ်တမ်းက သူ့အတွက်စွဲမှတ်စရာဖြစ်ခဲ့သည်။ သမ္မာကျမ်းစာကို လေ့လာသောအခါ သမ္မာတရားကိုတွေ့ ရှိပြီဟု သူယုံကြည်စိတ်ချခဲ့သည်!
သို့ရာတွင် ယခု သူသည် စမ်းသပ်မှုကို ရင်ဆိုင်နေရပြီ။ အက်ဒီသည် ခိုးမှုနှင့်မရိုးသားမှုတို့ဖြင့် အသက်မွေးဝမ်းကျောင်းသူများနှင့်အတူနေထိုင်ခဲ့သည်။ ထိုသို့ဖြင့် သူသည် ရွေးချယ်စရာပေါ်ပေါက်လာခဲ့သည်– သူ့အခန်းဖော်များ၏ အကျင့်ပျက်ပြားသော အသက်တာလမ်းစဉ်အတိုင်းဆက်လိုက်နေမည်လော သို့မဟုတ် ဘုရားသခင်အား ဘုန်းထင်ရှားစေမည့် ဘဝပုံစံကိုလိုက်ရန် ဤကဲ့သို့သောအမူအကျင့်ကို ငြင်းပယ်မည်လောဟူ၍ဖြစ်သည်။ အက်ဒီသည် ဒုတိယလမ်းစဉ်ကို ပညာရှိရှိရွေးချယ်လိုက်၏။ သူသည် မကောင်းသောအပေါင်းအသင်းအားလုံးနှင့် အဆက်ဖြတ်တောက်ကာ ထိုအိမ်မှထွက်သွားခဲ့သည်။—၁ ကောရိန္သု ၁၅:၃၃၊ ၃၄။
အက်ဒီသည် ဘုရားသခင့်နိုင်ငံတော်ခန်းမ၌ အစည်းအဝေးများတက်ရောက်ပြီးနောက် လျင်မြန်စွာတိုးတက်လာခဲ့သည်။ ဝတ်စားဖြီးလိမ်းပုံကိုလည်း ပြုပြင်လိုက်ကာ သင်ယူနေဆဲအကြောင်းအရာများကို မိတ်ဆွေများနှင့်ဆွေမျိုးများအား စတင်ပြောပြလေတော့သည်။ နောက်ပိုင်းတွင် လူသိရှင်ကြား “သတင်းကောင်း” ဟောပြောခြင်းတွင်ပါဝင်နိုင်ရန် ခွင့်ပြုချက်ရသောအခါ သူ၏ပျော်ရွှင်မှုသည် တိုးများလာခဲ့သည်။ (မဿဲ ၂၄:၁၄; တမန်တော် ၂၀:၂၀) ၁၉၉၆၊ ဒီဇင်ဘာလတွင် သူကြာမြင့်စွာစောင့်မျှော်ခဲ့သော ရေတွင်နှစ်ခြင်းခံခြင်းအားဖြင့် ယေဟောဝါထံ ဆက်ကပ်အပ်နှံသည့်နေ့ရောက်ခဲ့သည်။
‘ယေဟောဝါကို ရှာကြလော့’ ဟူသောဖိတ်ခေါ်ချက်ကို ထောင်ပေါင်းများစွာသော နှလုံးရိုးဖြောင့်သူတို့သည် နှစ်စဉ်တုံ့ပြန်နေကြသည်။ ထိုသို့ပြုရာတွင် သူတို့သည် နယပုံပြင် ၂၂:၄ မှန်ကန်ကြောင်းကို တွေ့ ရှိခဲ့ကြရပြီ။ ထိုတွင်ဤသို့ဆိုသည်– “စိတ်နှိမ့်ချခြင်း၊ ထာဝရဘုရားကိုကြောက်ရွံ့ခြင်းကျေးဇူးကြောင့် စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်ကိုရတတ်” ၏။ မှန်ပါသည်၊ ယေဟောဝါ၏လမ်းစဉ်အတိုင်း နှိမ့်ချစွာ လိုက်လျှောက်ခြင်းအားဖြင့် သမ္မာတရားကိုချစ်မြတ်နိုးသူတို့သည် လောလောဆယ်အချိန်တွင် ထိုသို့သောကောင်းချီးများကို ခံစားရသည့်အပြင် ဤကမ္ဘာမြေပေါ်၌ပင် ထာဝရကောင်းချီးများခံစားရရန် ယုံကြည်စိတ်ချစွာ စောင့်မျှော်နေကြပါသည်။—ဆာလံ ၃၇:၂၉။
[စာမျက်နှာ ၁၈ ပါ မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ကာရစ်ဘီယံပင်လယ်
စူရီနမ်
ဂူယာနာ
ပြင်သစ် ဂီယာနာ
ဘရာဇီး
[Credit Line]
ကမ္ဘာလုံး—Mountain High Maps® Copyright © 1997 Digital Wisdom, Inc.