ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၇/၁ စာ. ၃၂
  • သင့်စကားသည် ထိုးနှက်သလော၊ ကုစားသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်စကားသည် ထိုးနှက်သလော၊ ကုစားသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၇/၁ စာ. ၃၂

သင့်စကားသည် ထိုးနှက်သလော၊ ကုစားသလော

ခက်ခဲသည့် ဤကာလအတွင်း လူအများသည် “နှလုံးကြေကွဲ” ပြီး “ကျိုးပဲ့သောစိတ်” ရှိကြခြင်းသည် အံ့အားသင့်စရာမဟုတ်ပေ။ (ဆာလံ ၃၄:၁၈) သို့ဖြစ်၍တမန်တော်ပေါလု၏စကားတွင် “စိတ်ငယ်သောသူတို့ကို အားပေးကြ” ရန်နှင့် “အားနည်းသောသူတို့ကို ထောက်မကြ”ရန်အစဉ်မပြတ်လိုအပ်သည်။ (၁ သက်သာလောနိတ် ၅:၁၄) သို့သော် တစ်ဦးတစ်ယောက်သည် ကျွန်ုပ်တို့ကို စိတ်ထိခိုက်စေလျှင် သို့မဟုတ် ကြီးလေးသောအမှားတစ်ခုပြုလုပ်မိလျှင်ကော။ ဤအခြေအနေမျိုးတွင် ထိုသူကို ကြမ်းတမ်းစွာပဲ့ပြင်ပေးသင့်သည်ဟု ကျွန်ုပ်တို့ယူမှတ်ပေမည်။ သို့ရာတွင် သတိရှိရန်လိုသည်။ ဆုံးမသင့်သည့်တိုင် ကြမ်းတမ်းစွာဆုံးမပါက အကျိုးနည်းစေနိုင်သည်။ နယပုံပြင် ၁၂:၁၈ (သမ) ကဤသို့ဖော်ပြသည်– “သန်လျက်နှင့်ထိုးသကဲ့သို့ မစဉ်းစားဘဲပြောဆိုတတ်သောသူရှိ၏။”

ထို့ကြောင့် စပြီးပဲ့ပြင်သည့်အခါ သို့မဟုတ် အထင်လွဲမှုကိုဖြေရှင်းသည့်အခါ နယပုံပြင် ၁၂:၁၈ ၏ဒုတိယပိုင်းဖြစ်သော “ပညာရှိတို့၏လျှာမူကား အနာကိုပင်ပျောက်စေတတ်၏” ဟူသည့်စကားကို သတိရရန်အရေးကြီးသည်။ သင့်ကိုသင် ဤသို့အမြဲမေးပါ၊ ‘အကယ်၍ ကျွန်ုပ်သည်ပဲ့ပြင်ခံရဖို့လိုလျှင် ကျွန်ုပ်နှင့် မည်သို့ဆက်ဆံစေလိုသနည်း။’ များသောအားဖြင့် ကျွန်ုပ်တို့သည် အပြစ်တင်ခံရခြင်းထက် အားပေးမှုကိုပို၍ နှစ်သက်ကြသည်။ ထို့ကြောင့် ရက်ရောစွာချီးမွမ်းပေးပါ။ ယင်းက အမှားပြုသူအတွက် ပြုပြင်ရန်လှုံ့ဆော်မှုဖြစ်စေလေ့ရှိပြီး ကမ်းလှမ်းပေးသည့်အကူအညီကို ပို၍ကျေးဇူးတင်ပေလိမ့်မည်။

ကျွန်ုပ်တို့၏စကားကို နူးညံ့သိမ့်မွေ့ခြင်းနှင့်အမြဲချိန်ဆရန် အရေးကြီးလှပေသည်! အနာပျောက်ကင်းစေသည့်စကားများသည် ကြားနာသူကို ဆာလံဆရာနည်းတူ ခံစားစေပါလိမ့်မည်၊ သူဤသို့ရေးသားခဲ့သည်– “ဖြောင့်မတ်သောသူသည် အကျွန်ုပ်ကိုဒဏ်ခတ်တော်မူပါစေသော။ ကျေးဇူးရှိပါလိမ့်မည်။ ဆုံးမပါစေသော။ အကျွန်ုပ်ဦးခေါင်းကိုလိမ်းသောဆီဖြစ်ပါလိမ့်မည်။”—ဆာလံ ၁၄၁:၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ