ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၆/၁ စာ. ၈
  • အခွင့်အရေးတိုင်းကိုအသုံးပြုခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အခွင့်အရေးတိုင်းကိုအသုံးပြုခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘ယေဟောဝါ၏ လက်တော်သည် ထိုသူတို့နှင့်အတူ ရှိတော်မူ၏’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၆/၁ စာ. ၈

ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း

အခွင့်အရေးတိုင်းကိုအသုံးပြုခြင်း

ယေဟောဝါသက်သေများသည် သူတို့၏ သမ္မာကျမ်းစာပညာပေးလုပ်ငန်းကြောင့် ကမ္ဘာတစ်ခွင်တွင် လူသိများသည်။ သို့သော် အဖွဲ့အစည်းကိုအကျိုးပြုသည့် အခြားလုပ်ငန်းများကိုလည်း လုပ်ဆောင်ကြသည်။ ဤလူထုအကျိုးဆောင်ခြင်းကို ကောင်းစွာလက်ခံခဲ့ကြကြောင်း အီကွေဒေါမှ အောက်ဖော်ပြပါအတွေ့အကြုံများကတင်ပြသည်။

▫ ဖန်ချက်စက်ရုံကြီးတစ်ရုံ၏ မန်နေဂျာအဖွဲ့သည် သူတို့၏အလုပ်သမားများအတွက် မိသားစုအပေါ်တန်ဖိုးထားရန် အစီအစဉ်တစ်ခုပြုလုပ်လိုခဲ့သည်။ ပြည်သူ့အင်အားညွှန်ကြားရေးမှူးက ကက်သလစ်ဘုန်းကြီးများစွာကိုဖိတ်ခေါ်ခဲ့သော်လည်း တုံ့ ပြန်မှုမရခဲ့ချေ။ ဘုန်းကြီးတစ်ပါးက ဤအကြောင်းအရာကိုဟောပြောရန် အရည်အချင်းပြည့်မီသည့်ဘုန်းကြီးနည်းလွန်းသဖြင့် မည်သူမျှလာနိုင်ပုံမပေါ်ဟု သူ့ကိုပြောခဲ့သည်။ ယင်းကိုကြားခဲ့သည့် သက်သေခံအလုပ်သမားသည် မကြာခဏ စီးပွားရေးရပ်ကွက်များတွင်အမှုဆောင်သည့် ညီအစ်ကိုတစ်ဦးကို စက်ရုံသို့လည်ပတ်ရန် အစီအစဉ်ပြုလုပ်ခဲ့သည်။

နောက်တစ်နေ့၌ သက်သေခံသည် ပြည်သူ့အင်အားညွှန်ကြားရေးမှူးထံသို့ ချဉ်းကပ်ခဲ့ပြီး သုံးသပ်မည့်အကြောင်းအရာများကို တင်ပြခဲ့သည်။ ကင်းမျှော်စင်အသင်းမှထုတ်ဝေသည့်စာပေအသီးသီးမှ အကြောင်းအရာအစီအစဉ်စာရင်းကို ရေးဆွဲထားသည်။ ညွှန်ကြားရေးမှူးသည် စွဲမှတ်သွားခဲ့သည်။ ဆွေးနွေးရန် အကြောင်းအရာသုံးခုဖြစ်သော လူမှုဆက်ဆံရေး၊ အလုပ်ကျင့်ဝတ်နှင့် မိသားစုအတွင်းကျင့်ဝတ်ကို သူရွေးချယ်ခဲ့သည်။ ထို့နောက် အလုပ်သမားအားလုံး အကြောင်းအရာများကို ဆင်ခြင်သုံးသပ်နိုင်ရန် အစီအစဉ်များပြုလုပ်ခဲ့သည်။

အလုပ်သမားအယောက်သုံးဆယ်စီပါဝင်သော အဖွဲ့ခုနစ်ဖွဲ့ ခွဲပြီးနောက် အရည်အချင်းပြည့်မီသောညီအစ်ကိုသုံးဦးက အကြောင်းအရာများကို တင်ဆက်ခဲ့သည်။ ရလဒ်ကားအဘယ်နည်း။ အလုပ်သမားအတော်များများက သူတို့၏အိမ်သို့လည်ပတ်ရန်တောင်းဆိုခဲ့ပြီး ကျမ်းစာလေ့လာရန်အထောက်အကူစာအုပ် ၂၁၆ အုပ်ကို ဝေငှခဲ့ကြသည်။ မန်နေဂျာအဖွဲ့သည် အလွန်စွဲမှတ်သွားပြီး သက်သေခံများ နောက်ထပ်ဟောပြောပွဲစီးရီးများကိုပြင်ဆင်ရန် တောင်းဆိုခဲ့သည်။

▫ မကြာသေးမီက အီကွေဒေါ၌ ကျောင်းတွင် ဘာသာရေးပို့ချရန်ခွင့်ပြုသည့် ဥပဒေပြဋ္ဌာန်းခဲ့သည်။ ခရစ်ယာန်သာသနာပြုညီအစ်မတစ်ယောက်သည် မူလတန်းကျောင်းတစ်ကျောင်းမှ မိန်းကလေးအုပ်ချုပ်ရေးမှူးထံလည်ပတ်ခဲ့ပြီး ဥပဒေသစ်နှင့်အညီ မည်သို့လုပ်ဆောင်နေကြောင်းကို မေးခဲ့သည်။ အုပ်ချုပ်ရေးမှူးက မာရိဝတ်ပြုမှုအစီအစဉ်တစ်ခုကို အစပြုရန်ကြိုးပမ်းခဲ့ကြောင်း သို့သော် တစ်ခါမျှအကောင်အထည်မပေါ်လာသေးကြောင်း ရှင်းပြခဲ့သည်။ ညီအစ်မက ထိုကဲ့သို့ဝတ်ပြုမှုသည် ကက်သလစ်မဟုတ်သည့်ကလေးများအတွက် အခက်အခဲဖြစ်နိုင်ကြောင်း ထုတ်ဖော်ပြောဆိုသည့်အခါ အုပ်ချုပ်ရေးမှူးက သဘောတူလက်ခံသည်။ [ခရစ်ယာန်] သာသနာပြုက “ဒါပေမဲ့ ကျွန်မတို့ဆီမှာ ဘာသာတရားတစ်ခုကိုလက်ခံဖို့တာဝန်မရှိစေဘဲ ကျမ်းစာထဲမှအကျင့်စံနှုန်းများကို သင်ပေးသည့်အစီအစဉ်တစ်ခုရှိတယ်” ဟုပြောပြခဲ့သည်။ အုပ်ချုပ်ရေးမှူးက “ဘယ်အချိန်လာနိုင်မလဲ။ သန်ဘက်ခါလာနိုင်မလား” ဟုတုံ့ပြန်ခဲ့သည်။ သာသနာပြုက ကြီးမြတ်သောဆရာ့စကားကိုနားထောင်ခြင်း စာအုပ်ကိုပြပြီးသည့်နောက် “သင့်သင့်မြတ်မြတ်နေသောသူများသည် ဝမ်းမြောက်ကြ၏” အခန်းကိုဆင်ခြင်သုံးသပ်ကြရန် ဆုံးဖြတ်ခဲ့ကြသည်။

သူမပြန်လည်ပတ်သောအခါ ခရစ်ယာန်သာသနာပြုသည် စာသင်ခန်းခုနစ်ခန်းကို သုံးနာရီကြာလည်ပတ်ခဲ့ပြီး အုပ်ချုပ်ရေးမှူးလည်း နားထောင်သည်။ ပဉ္စမတန်းတွင် ပို့ချပြီးနောက် ကျောင်းသားတစ်ဦးက– “ဆရာမ၊ ကျေးဇူးပြုပြီး ဆဋ္ဌမတန်းကိုလည်း ဆက်ဆက်သွားပေးပါ။ သူတို့ကအမြဲတမ်း ကျွန်တော်တို့ကိုရန်စကြပြီး ရန်ဖြစ်အောင်လုပ်နေကြတယ်” ဟုပြောခဲ့သည်။ ဆရာမတစ်ဦးဤသို့မှတ်ချက်ချခဲ့သည်– “အကြမ်းဖက်မှုဟာ အတော့်ကိုအရေးကြီးတဲ့ခေါင်းစဉ်ပဲ။ ဒီအကြောင်းကိုဆွေးနွေးဖို့ နောက်ထပ်အချိန်လိုတယ်။”

နာခံမှုနှင့်လိမ်လည်ခြင်း စသည့်အချက်များကိုဆွေးနွေးရန် ကျောင်းသို့ပြန်လည်ပတ်ရန်အတွက် အစီအစဉ်များပြုလုပ်ခဲ့သည်။ ရလဒ်များသည် အလွန်ပင်ကျေနပ်ဖွယ်ဖြစ်ဆဲပင်။ ယခုတွင် ခရစ်ယာန်သာသနာပြုညီအစ်မလမ်းလျှောက်နေသည့်အခါ ကလေးများပြေးလာနှုတ်ဆက်ကြပြီး ကျမ်းစာမေးခွန်းများကို မေးကြသည်။ အချို့က သူမကိုဂုဏ်ယူစွာ သူတို့၏မိဘများနှင့် မိတ်ဆက်ပေးကြသည်။ နောက်ထပ် ကျောင်းမှကလေးနှစ်ဦးနှင့်အတူ အိမ်တွင်းကျမ်းစာသင်အံမှုတစ်ခု စတင်ခဲ့သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ